Posts tagged "Burmese_Poetry"
Sep 2019
ညီ​လေးသို့ မှာတမ်း (၂) ​ရေးဖွဲ့သူ - ယျာတင်​ (ရိုဟင်းသား) ညီ​လေး... မင်းမှာသာ လွှတ်​​မြောက်​ချင်​စိတ်​ ပြင်းပြ​နေခဲ့ရင်းလွှတ်​​မြောက်​မှုက ​မင်းနဲ့ ဝေးမ​နေ​တော့ဘူးဆိုစကားလည်း ရှိတယ်​​လေ "ဆန္ဒရှိရင်​ နည်းလမ်းရှိတယ်​" တဲ့။ အမှန်​တရားကို လမ်​ခင်း သူရသတ္တိ​တွေ ရင်​ဝယ်​ပိုက်​ရင်း လွတ်​​မြောက်​မှုပန်းတိုင်​သို့ ​ခြေဦး နောက်​မဆုတ်​တမ်း ချီတက်​​နေဖို့​​တော့လိုတယ်​ ညီ​လေး။ ဖိနှိပ်​ခံ​နေရမှုက ​မွေးရာပါ အ​မွေဆိုးတစ်​ခုဆို ကိုယ့်​ရဲ့​သေတမ်းစာမှာ​တော့ ကိုယ်​တိုက်​ယူတဲ့ လွတ်​လပ်​မှုအ​ကြောင်း ဂုဏ်​ယူစွာ​ ...
သမုဒယ ရေးဖွဲ့သူ- ရိုချေ ဪ… ကိုယ့်ဖွားရခြင်းကား ဘာဘာ သောက ဝန်ထုပ်စုံခြယ် သယ်ဆောင်ရန်လားမသိ။ အကြောင်းတိုင်းမှာ မျက်ရည်ကျခဲ့တာလဲ နည်းပါးလို့လား မဆိုပါဘိ။ သမုဒယဘဝထဲ သောကရေစီးလဲ မရပ်စဲသေးပါလား။ မှိတ်တိုင်းပတ် မျက်မုန်းဖော်ဆွေနဲ့ ဖြေမရွှင်တော့ ရန်သူကိုတောင် မိတ်ဖွဲ့ဆောင်လို့ ညည်းပူရတဲ့။ ...
ညီ​လေးသို့ မှာတမ်း (၁) ​ရေးဖွဲ့သူ - ယျာတင်​ (ရိုဟင်းသား) ညီ​လေး ... ​လောကရဲ့မာယာများတဲ့ အ​ကွေ့မှာ ခလုတ်​တိုက်​မိတဲ့အခါ​ပေါ့ က​ဗျာတိုတစ်​ပုဒ်​ မရည်​ရွယ်​မိဘဲ ညည်းဖြစ်​မိ​သလား။ ဘဝမှာ အ​ကွေ့အလှည့်​​တွေများတယ်​ ဘဝမှာ အနိမ့်​အမြင့်​​တွေ များတယ်​ မနက်​မိုးလင်းရင်​ အသက်​ရှင်​​နေတာ​တွေ့​တော့ ပြုံးဖြစ်​မိတဲ့အခါလည်းရှိတယ်​ ​နေ့တာကို ရင်​ဆိုင်​ဖို့ရာ ကြိုပြီး ရင်​​မောတာလည်းရှိမယ်​ ငါ့ညီ​လေး .... လူတကာထက်​ မာ​ကျောဖို့ လိုတယ်​။ ဘာဖြစ်ဖြစ်​​ပေါ့​လေ အချိန်​တန်​ရင်​ ...
အ​မေ ရေးဖွဲ့သူ- Ro Anamul Hasan (Kyein Chaung Thar) ​လောကအလယ်​ လှဂုဏ်​ကြွယ်​၍ တင့်​တယ်​​ဝင်းလက်​ လဝန်းပမာ အိနြေ္ဒမာယာ တရိုးရိုးဖြာလို့ ရှုမညောင်းဖွယ်​ အလှစွယ်​စုံ အေးစက်ချမ်းမြေ့ အ​မေ့ရင်​ခွင်လေး။ စိတ်​ရင်းမကွဲ ​မေတ္တာတွဲကာ အုံဖွဲ့လိုသည့်​ ရင်​သားများအား ​မေတ္တာခန္ဓီ ထိုနှစ်​လီဖြင့်​ ​လောကီဘဝ ဖြတ်​သန်း​ရေးကို ဆိုဆုံးမ​ကာ သင်ေ​ပး​လာ၏။ အိမ်​ပြင်​​ရောက်​​သွား သာ့းအ​လာကို မြင်သာမြင်​​​အောင်​ ​​စောင့်​​​မျှော်​​နေရင်း အာရုဏ်​လင်းထိ လည်​ပင်းရှည်​​သော်​ သည်ေ​သာကက ...
ရှေ့သို့လှမ်းကာ ပန်းတိုင်ရှာ ရေးဖွဲ့သူ - Lalmoti မိဘကဝေး အဆွေလည်းမဲ့ ဇာတိနှင့်ဝေး မိတ်ဆွေနှင့်ကွဲ မချိဒုက္ခ တို့ခံရလည်း ‘ ရှေ့သို့လှမ်းချီ ပန်းတိုင်မီအံ့'ဟု မျှော်လင့်ချက်ပွား ယုံကြည်မှုဆက် ဥဇုဘူတ ရှေ့လျှောက်မည်။ ခံနိုင်စွမ်းမဲ့ ကြုံရဘေးစုံ ပြောမဆုံးသည့် ဒဏ်ရာမျိုးကြောင့် နှလုံးနာကျင် စိတ်ကညစ်လည်း ‘ ရှေ့သို့လှမ်းချီ ပန်းတိုင်မီအံ့'ဟု ဒုက္ခစုံကြား ခေါင်းကိုမော့ကာ ဤခရီး တို့လျှောက်မည်။ လူမျိုးဘာသာ စွဲပြုကာဖြင့် ခုတ်ခြင်း၊ သတ်ခြင်း၊ မီးရှို့ခြင်းသို့ ...
သောကပြည့်နှင့်​ ဤခရီး ရေးဖွဲ့သူ - Dialogue Partner ကိုယ်တိုင်ဖြစ်လျက်​ ဝံသာနု ဟစ်အော်ငိုကြွေး ငါ့စိတ်နု။ လေပြည်​လေညင်း ခံချင်တာ ကိုယ့်ပြည်အနှံ့ လှည့်လည်ကာ။ ထိုအိမ်ဂေဟာ ငါ့ရဝေ ဖြစ်​သွား ငါနှင့်​ အလှမ်းဝေး အတောင်တစ်စုံ ရှိခဲ့က ပျံဝဲ​ရောက်ပြီ ငါ မုချ။ ငယ်ရွယ်ပေါင်းဖော် စုဖွဲ့လို့ လမ်းသွယ်အစုံ လျှောက်လည်ခဲ့ လရောင်ပြည့်နှင့်​ ထိုညလေး ​မေ့နိုင်​ဖို့မှာ လွန်​စွာခဲ။ သူဖေးမသည့် တဲငယ်မှ ကိုယ့်အိမ်ပြန်စိတ် တွေးပေါ်လာ ...
Aug 2019
သွေးစွန်းသော နေ့ရက်များ ရေးဖွဲ့သူ။ ။ Shahida Win (၁) ထာဝစဉ် စိမ်းလန်း ငြိမ်းချမ်းခဲ့တဲ့ အမေ့ရင်ခွင် အာရ်ကန်ပြည်မှာ သယံဇာတ ဝိသမ လောဘသားတစ်စုနဲ့ လက်ကိုင်တုတ်တွေက ဘာသာရေး လူမှုရေး မှိုင်းတိုက်ကာ ညီနောင်တွေကြား မြေခွေးအကြံနဲ့ စိတ်ဝမ်းကွဲစေခဲ့၊ (၂) လူလုပ် ကပ်ဆိုးဝန်းရံခဲ့တဲ့ ၂၀၁၂ခု ဇွန်လမှာ အပြစ်မဲ့သူတွေရဲ့ဘဝ တွေ အသက်အိုးအိမ်တွေ ရက်စက် လွန်းတဲ့ အမုန်းတရားတွေကြား ...
လူရုပျနဲ့ "ငါ" ရေးဖှဲ့သူ - Sahat@Zia Hero Naing မျောက်တွေလည်း ငါ့လို စားတတ် ငှက်တွေလည်း ငါ့လိုပင်ပြောတတ် တိရိစ္ဆာန် မဟုတ်လို့ လူ့ရုပ်နဲ့ငါ ငါက ဘာ။ ဖားမှာလည်း လက်နှစ်ဖက် ခြေနှစ်ဖက်နဲ့ပါ သူတို့မှာ လမ်းမရှိလို့ သူတို့က ခုန်လို့သွား တိရိစ္ဆာန် မဟုတ်လို့ လူ့ရုပ်နဲ့ငါ ငါက ဘာ။ နွားတွေလည်း မြက်ရွက်စားခွေးတွေလည်း အသားစား တိရိစ္ဆာန် မဟုတ်လို့ လူ့ရုပ်နဲ့ငါ ...
  တို့လူသား ​ရေးဖွဲ့သူ- Ro Anamul Hasan (ကြိမ်​​ချောင်းသား) ​​ လူ့ပြည်​​လောက ဒီဇမ္ဗူဝယ်​ ဇီဝရုပ်ပိုင်း ​​​ကိုယ်​အင်္ဂါများ လူသားအသွင်​ လူ့မျိုးစိတ်​မှ ထွန်းကား​ဖေါက်​ဖွား ငါတို့လူသား အသားအ​ရောင်​ အဖြူအမည်း ကိုးကွယ်​မှုခြား လူမျိုးမတူ မခွဲမခြား စည်းမခြား၍ တန်းတူညီတူ လွတ်​လပ်​ခွင့်​နှင့်​ နိုင်​ငံ့အကျိုး ပြိုင်​တူထမ်း​ဆောင်​ ထွတ်​မြတ်​မည်​ကား မြန်​မာပြည်​သာ။ တိုင်းကြီးပြည်​နယ် ​မြို့သူမြို့သား ​ ရက်​ကွက်​​ကျေး​ရွာ ​တောင်​ယာခုတ်​သူ မကွဲမပြား မကန့်​သတ်​၍ မြန်​မာပြည်​ဖွား လူမျိုး​ပေါင်းစုံ ...
ရိုဟင်တို့ဖြစ်ရပ် ရေးဖွဲ့သူ - ယာစိန်အာရ်ဖါတ် ယမ်းတွေကြားက အသက်ကိုကယ်သက်ကြီးရွယ်အို အမေအို၊ ပြေးကာလွှားကာ ဘေးကင်းရာ ကိုယ်ဝန်မိခင် ကလေးလွယ်ကာ ပြေးရင်းလွှားရင်း ကမ်းပြိုသေ၊ ကျန်ရစ်မိသား ဝိုင်းငိုကြွေးကြ။ တဘက်ရောက်ကာ ဝါးတဲဆောက်၍ မိုးဒဏ်မခံ လေဒဏ် မရှောင်၊ ခေါင်မိုးလယ်က မိုးရေယိုကာ အိပ်ရေးပျက်၍ ခန္ဓာချို့တဲ့ ဖြစ်တက်လေ။ စမ်းချောင်းလေးမှ တောင်ကျရေ အပြင်းစီးလာ တဲပြိုကာ၊ မရှောင်သာ၍ မျှောပါသွား။ သွားလာခက်ခဲ လုပ်ကိုင်မဲ့ ငွေရှာခက်ကာ ...
May 2019
ပြန်လာခဲ့ပါလေ ဟိုအတိတ် ရေးဖွဲ့သူ- Dialogue Partner မတူကွဲပြား အားအင်ဖြစ်သုံး ချိန်ခါမရွေး မှုမှန်တိုင်းမှာ စုပေါင်းညီညာ ကြိုးစားအားထုတ် ရှေ့သို့လှမ်းချီ ပန်းတိုင်ရောက်တဲ့ ဟိုအတိတ် ပြန်လာခဲ့ပါလေ။ နေရာဒေသ၊ အသားအရောင် ကျော့သားရင်သား မခွဲခြားဘဲ လူသားတိုင်းက တန်းတူညီမျှ အခွင့်အရေးကို ခံစားခဲ့တဲ့ ဟိုအတိတ် ပြန်လာခဲ့ပါလေ။ လူကြီးသူမ ဆိုဆုံးမကို အမြဲတစေ ဦးထိပ်ထားကာ သာရေးနာမှု ဟူသမျှကို ကိုယ့်ဝတ္တရား စိတ်ထဲမှတ်လို့ တာဝန်ကိုယ်စီ ...
ရိုဟင်​ဂျာတို့အဖြစ်​ ​ရေးဖွဲ့သူ - Aejas Rohul Amin လူမျိုးဘာသာ ခွဲခြားခံရလည်း ငြိမ်​​နေရတဲ့ ရိုဟင်​ဂျာ။ အ​မှောင်​ထုထဲ ​လှောင်​ပိတ်​ခံရလည်း ဝပ်​​နေရတဲ့ ရိုဟင်​ဂျာ။ လယ်​ယာ​မြေကျယ်​ သိမ်းပိုက်​ခံရလည်း နှုတ်​ဆိတ်​​နေရတဲ့ ရို​ဟင်​ဂျာ။ စည်းစိမ်​ဥစ္စာ လုယက်​ခံရလည်း ​ခေါင်းငုံ့​နေရတဲ့​ ရို​ဟင်​ဂျာ။ ကိုယ့်​အိမ်​နန်း​တော်​ မီးရှို့ခံရလည်း သည်းခံရတဲ့ ရိုဟင်​ဂျာ။ ကြီးငယ်​မ​ရွေး သတ်​ဖြတ်​ခံရလည်း ခုခံခွင့်​မရတဲ့ ရို​ဟင်​ဂျာ။ ​မွေးရပ်​​မြေမှ ​မောင်းထုတ်​ခံလည်း စွန့်​ခွာရတဲ့ ရိုဟင်​ဂျာ။ ...
ကျောက်ရုပ်ဖြစ် မေတ္တာစစ် ရေးဖွဲ့သူ- ရိုချေ ပန်းဝါတိုက်ပွဲတုန်းဝယ် ရေဟုန်းဟုန်းစီးနေတဲ့ နတ်မြစ်ကိုလ ဖောင်စစ်သဖွယ် ကူမခဲ့တဲ့ ရေသူမရဲ့ မေတ္တာဟာ စိတ်ထဲနက်မှာ စူးသွားရှာ မဟာသူရဲကောင်း ဗန္ဓူလ။ နယ်ချဲ့ကို အပိုင်တိုက်လို့ ဆိုက်ပြန်ခရီးဝယ် ရေသူမယ့်ကျေးဇူး သတိမူလျက် ခရီးဝက်မှာပင် ဘဝပြောင်းကာ နေရစ်ရှာ သာမောင်းတော ရိုမြေချစ်ဆိုတဲ့ နတ်မြစ် စောင့်မြို့မ။ ရေသူမလဲ မြစ်ထဲမနေသာပ မြို့ပေါ်လယ် အခိုင်တက်လို့ ချစ်မက်မောင် ...
ရေးဖွဲ့သူ-ေ မောင်တျာတျာ @ Mohammed Rahayl   စိမ်းစိုတောတောင် အရိပ်ရပင် ခမ်းနားကြီးကျယ်​ ​ကျောင်းဝန်းကျင်​နှင့်​ ​မေ့ရခက်​သည့်​ ငါတို့အာရ်ကန်။   မဆိုစ​ကောင်း၊ လူယုတ်မာကြောင့် ဖျက်ရှို့ခံရ၊ ငါတို့အိမ်များ အိပ်မက်မက်တိုင်း၊ အလိုလိုပေါ်လာ ချစ်​သူ့အစား ​ရွှေအာရ်ကာန်သာ။   ၂၀၁၇ ခုနှစ်​ ဩဂုတ်၂၅ ရက်​ စလာရခဲ့ သည်​ခရီးမှာ ​ကျေးဇူးသခင်​ မိနှင့်​ဖက သားသမီးကို လက်​တွဲငင်​ကာ အသုံး​ဆောင်နည်းနည်း ရရထမ်း၍ ရွှံ့​ဗွက်​များကို အံတုကာဖြင့်​ ခက်​ခဲစွာ​ စခဲ့ရ ငါတို့ သည်​ခရီး။   ယခုအချိန်ဆို- ကျိုးစီးပွားရူး၊ လူလိမ်တွေကြောင့် ထူးခြားလာခဲ၊ အိမ်​ပြန်​ခရီး သည်​လိုမျိုးနှင့်​ ဘယ်​ထိကြာအံ့ ငါတို့ အိမ်ပြန်ခရီး။   လွမ်းပါသည်​၊ သိပ်​ကိုလွမ်းပါသည် ​ ရွှေအာရ်ကန်ရယ်- ချောမောပါစေ မှန်မြန်ပါစေ သင့်​ဆီ ငါတို့အိမ်​ပြန်​ခရီး။   22-5-2019 The ...
မျှော်လင့်ရာရာ ရို့ဘဝ ရေးဖွဲ့သူ- ညီတင်လှ (မျိုးစိတ်) မိဘကဝေး၊ သားသမီးကွဲ ရပ်ရွာလဲဝေး၊ အဖော်ခွဲ ဒုက္ခစုံလဲ၊ မျှော်ခြင်းနဲ့သာ ရှေ့ဆက်လာတဲ့ ရို့ဘဝ၊၊ စဉ်းစားမရဲ၊ ဒဏ်ကြေးများနှင့် မျက်ရည်ကျလို့ ၊ လွမ်းပူစွာဖြင့် စိတ်ပြင်းနာ၍ ၊ သေလုဆဲဆဲ ဖြတ်သန်းလာတဲ့ ရိုခရီး၊၊ ဪ…ရိုအမျိုးသား၊ ဒုက္ခသားကောင် ကံမှောင်မဆုံး၊ ညှင်းပန်းမကုန် ရက်စက်ကွင်းမှ၊ ပြေးသွားချင်လဲ၊ လောကဓံမြိန်ချင်၊ အကောင်းကိုမျှော် ရှေ့ဆက်နေတဲ့၊ ...
တို့ဆရာ ရေးဖွဲ့သူ- ဦးခန့် (ကမ္ဘာသစ်) အဖတ်အရေး သူသင်ပေး ကျေးဇူးကြီးမား တို့ဆရာ။ ဆုံးမသွန်သင် လမ်းမှန်များ ညွန်ပြပေးရာ တို့ဆရာ။ ကျောနှင့်ရင်သား မခွဲခြား စေတနာဖြူ တို့ဆရာ။ တပည့်ကောင်းများ မွေးဖို့ရာ ဒုက္ခမမူ တို့ဆရာ။ ချစ်ခင်ကြင်နာ ကရုဏာ လေးစားအပ်ရာ တို့ဆရာ။ 21-5-2019 The Art Garden Rohingya
Mar 2019
ချည့်နဲ့လာခဲ့ပြီ ရေးဖွဲ့သူ - လူထုဝဏ္ဏ အမုန်းစက်ဝန်းထဲ တလည်လည်နဲ့ ရန်ငြိုးနံ့ပုပ် ဝန်းကျင်စော်လို့ အကြောက်သရဲ ရက်စက်တစေ တစပြင်ခြောက်ဝယ် အနေကြာတော့ အမြင်ထိုင်းလို့ ကမ်းလည်းမှုန်ဝါး အတွေးအာရုံ လမ်းပျောက်ဝဲဝဲ စိတ်ဖြေသိမ့်ဖြစ် ကဗျာဖွဲ့လည်း ကင်္ကာဘဝ ဆိုးလွန်းတာမို့ ကဗျာဖွဲ့စွမ်းတောင် တစတစ ချည့်နဲ့လာခဲ့ပြီ။ [၂၅-၀၃-၂၀၁၉] The Art Garden Rohingya
ရိုကံဇာတာ ရေးဖွဲ့သူ- ဒေ၀ံ | ရတနာခြယ်စီ ရိုဌာနေမှ တစ်ပါးနယ်သို့ အပီအပြင် ပြည်နှင်ဒဏ်ခတ် အဖိုးအနဂ္ဃ ထိုက်သည့်ဘ၀ မကြွေသင့်ဘဲ ကြွေခဲ့ရ။ နှုတ်ခဲဖွယ်ရာ ဘောဇဉ်ကြွယ်ဝ အ၀၀ကို ကျောခိုင်းစေလျက် အနန္တဂုဏ် မငဲ့ညှာနိုင် မ၀ရေစာ မလောက်မငှ မငတ်သင့်ဘဲ ငတ်ခဲ့ရ။ ထောက်မီမရ အသိဥာဏ်နှင့် တင်ကြိုမြင်ရ မပြည့်စုံသော အနာဂတ်နှယ် ဆီမီးတန်ဆောင် မလင်းခဲ့သည့် ရိုဘ၀က ရေတိမ်နစ်ခဲ့ပြီ။ [၂၄-၀၃-၂၀၁၉] ...