ကဗျာချစ်ပရိသတ်တို့အတွက် ရိုဟင်ဂျာကဗျာဆရာမ ရိုမရုန်း(န)ရဲ့ ပြောင်မြောက်တဲ့ လက်ရာမွန် ကဗျာစုစည်းမှု "ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ" စာအုပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အောက်ပါလိင့်ကိုနှိပ်၍ အခမဲ့ဒေါင်းယူပါ။ ပရိသတ်များအားလုံး ဖတ်ရှုကြည်နူးနိုင်ပါစေ။
⏬DownloadHere⏬
ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ
ရေးဖွဲ့သူ-ေ မောင်တျာတျာ @ Mohammed Rahayl
စိမ်းစိုတောတောင် အရိပ်ရပင်
ခမ်းနားကြီးကျယ် ကျောင်းဝန်းကျင်နှင့်
မေ့ရခက်သည့် ငါတို့အာရ်ကန်။
မဆိုစကောင်း၊ လူယုတ်မာကြောင့်
ဖျက်ရှို့ခံရ၊ ငါတို့အိမ်များ
အိပ်မက်မက်တိုင်း၊ အလိုလိုပေါ်လာ
ချစ်သူ့အစား ရွှေအာရ်ကာန်သာ။
၂၀၁၇ ခုနှစ် ဩဂုတ်၂၅ ရက် စလာရခဲ့
သည်ခရီးမှာ ကျေးဇူးသခင် မိနှင့်ဖက
သားသမီးကို လက်တွဲငင်ကာ
အသုံးဆောင်နည်းနည်း ရရထမ်း၍
ရွှံ့ဗွက်များကို အံတုကာဖြင့်
ခက်ခဲစွာ စခဲ့ရ ငါတို့ သည်ခရီး။
ယခုအချိန်ဆို- ကျိုးစီးပွားရူး၊
လူလိမ်တွေကြောင့် ထူးခြားလာခဲ၊
အိမ်ပြန်ခရီး သည်လိုမျိုးနှင့်
ဘယ်ထိကြာအံ့ ငါတို့ အိမ်ပြန်ခရီး။
လွမ်းပါသည်၊ သိပ်ကိုလွမ်းပါသည်
ရွှေအာရ်ကန်ရယ်-
ချောမောပါစေ မှန်မြန်ပါစေ
သင့်ဆီ ငါတို့အိမ်ပြန်ခရီး။
22-5-2019
The Art Garden Rohingya