ကဗျာချစ်ပရိသတ်တို့အတွက် ရိုဟင်ဂျာကဗျာဆရာမ ရိုမရုန်း(န)ရဲ့ ပြောင်မြောက်တဲ့ လက်ရာမွန် ကဗျာစုစည်းမှု "ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ" စာအုပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အောက်ပါလိင့်ကိုနှိပ်၍ အခမဲ့ဒေါင်းယူပါ။ ပရိသတ်များအားလုံး ဖတ်ရှုကြည်နူးနိုင်ပါစေ။
⏬DownloadHere⏬
ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ
ကျောက်ရုပ်ဖြစ် မေတ္တာစစ်
ရေးဖွဲ့သူ- ရိုချေ
ပန်းဝါတိုက်ပွဲတုန်းဝယ်
ရေဟုန်းဟုန်းစီးနေတဲ့ နတ်မြစ်ကိုလ
ဖောင်စစ်သဖွယ် ကူမခဲ့တဲ့
ရေသူမရဲ့ မေတ္တာဟာ
စိတ်ထဲနက်မှာ စူးသွားရှာ
မဟာသူရဲကောင်း ဗန္ဓူလ။
နယ်ချဲ့ကို အပိုင်တိုက်လို့
ဆိုက်ပြန်ခရီးဝယ် ရေသူမယ့်ကျေးဇူး
သတိမူလျက် ခရီးဝက်မှာပင်
ဘဝပြောင်းကာ နေရစ်ရှာ
သာမောင်းတော ရိုမြေချစ်ဆိုတဲ့
နတ်မြစ် စောင့်မြို့မ။
ရေသူမလဲ မြစ်ထဲမနေသာပ
မြို့ပေါ်လယ် အခိုင်တက်လို့
ချစ်မက်မောင် ဗန္ဓူလနဲ့
ဆုံစည်းဖို့သာ စောင့်ကြိုလျက်နေ
နာရီစင်ဆိုတဲ့ နန်းမြင့်တော်နဲ့လေး။
ချစ်စစ်မေတ္တာ ကြိုးလွန်းကျစ်လို့
အရှိန်မသတ် မေတ္တာဇောဖြင့်
မျှော်ကိုးလျက်သာ နှစ်များကြာလေ
ကျောက်ရုပ်မာ ဖြစ်ပင်ရသော်လည်း
ရင်တော်တွင်း၌ ကျိုက်ဆူနေတဲ့
ချစ်သူနှစ်ပါးရဲ့ မေတ္တာမွှေးနံ့ဟာ
မြို့ပတ်ဝန်းကို သင်းပျံ့တဲ့လေး။
27-5-2019
The Art Garden Rohingya

