The Blog

ရိုကံဇာတာ

ရေးဖွဲ့သူ- ဒေ၀ံ |

ရတနာခြယ်စီ ရိုဌာနေမှ 
တစ်ပါးနယ်သို့ အပီအပြင်
ပြည်နှင်ဒဏ်ခတ်
အဖိုးအနဂ္ဃ ထိုက်သည့်ဘဝ
မကြွေသင့်ဘဲ ကြွေခဲ့ရ။
နှုတ်ခဲဖွယ်ရာ ဘောဇဉ်ကြွယ်ဝ 
အ၀၀ကို ကျောခိုင်းစေလျက်
အနန္တဂုဏ် မငဲ့ညှာနိုင်
မ၀ရေစာ မလောက်မငှ
မငတ်သင့်ဘဲ ငတ်ခဲ့ရ။
 ထောက်မီမရ အသိဥာဏ်နှင့် 
တင်ကြိုမြင်ရ မပြည့်စုံသော
အနာဂတ်နှယ် ဆီမီးတန်ဆောင်
မလင်းခဲ့သည့် ရိုဘ၀က
ရေတိမ်နစ်ခဲ့ပြီ။
 [၂၄-၀၃-၂၀၁၉] 
TheArtGardenRohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website