The Blog

မျှော်လင့်ရာရာ ရို့ဘဝ

ရေးဖွဲ့သူ- ညီတင်လှ (မျိုးစိတ်)

မိဘကဝေး၊ သားသမီးကွဲ

ရပ်ရွာလဲဝေး၊ အဖော်ခွဲ

ဒုက္ခစုံလဲ၊ မျှော်ခြင်းနဲ့သာ

ရှေ့ဆက်လာတဲ့ ရို့ဘဝ၊၊

စဉ်းစားမရဲ၊ ဒဏ်ကြေးများနှင့်

မျက်ရည်ကျလို့ ၊ လွမ်းပူစွာဖြင့်

စိတ်ပြင်းနာ၍ ၊ သေလုဆဲဆဲ

ဖြတ်သန်းလာတဲ့ ရိုခရီး၊၊

ဪ…ရိုအမျိုးသား၊ ဒုက္ခသားကောင်

ကံမှောင်မဆုံး၊ ညှင်းပန်းမကုန်

ရက်စက်ကွင်းမှ၊ ပြေးသွားချင်လဲ၊

လောကဓံမြိန်ချင်၊ အကောင်းကိုမျှော်

ရှေ့ဆက်နေတဲ့၊ ရို့ ဘဝ၊၊

ကံဆိုးမှားပျောက်၊ ကံကောင်းထောက်၍

ဆွေမျိုးမိဘ၊ သားသမီးများနှင့်

တစ်နေ့နေ့ ၊ ဆုံတွေ့မည်ဟု

စောင့်မျှော်လင့်ကာ ၊ သောကပစ်ထား

ရှေ့ဆက်နေ့တဲ့ ရို့ ဘဝ၊၊

(22-5-2019)
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website