Posts tagged "Burmese_Poetry"
May 2020
ပြုံးစမ်းပါ..မိရို ( ၂ ) ရေးဖွဲ့သူ- ရိုမရုန်(န) ညည်းစိုက်တဲ့ ဒီလယ်မြေပေါ်သူတို့တွေ မတရားကျူးကျော်ကောက်ပဲသီးနှံတွေ သိမ်းကာသွားတယ်မျက်နှာပြောင်တဲ့ သူတို့တွေလူကိုတော့ မုန်းပါလို့သူ့လုပ်အားကို မက်ကာမောကြတယ်ပြုံးစမ်းပါမိရို။ ညည်းအိမ်လောင် ပြာပုံအလိမ်းလိမ်းထဲကျန်ရစ်နေ အိမ်ငုတ်တိုင်ကိုသူတို့တွေ အစဖျောက်လို့မြေညှိကာ လွင်ပြင်ဖြစ်အောင်လို့ဖျောက်ဖျက်ကြတယ် သက်သေတွေပြုံးစမ်းပါမိရို။ ပြေးလွှားရင်း လမ်းဆုံးရောက်လို့ကမ်းစပ်နံဘေး ခြေပစ်ထိုင်ကာလှမ်းမမြင်နိုင် ဟိုဘက်ကမ်းကိုဘယ်လိုများ ရောက်အောင်သွားရမယ်အတွေးပင်လယ်ဝေတယ် ဒီခေါင်းမယ်ပြုံးစမ်းပါမိရို။ အသက်လုပြေး လက်ဗလာနဲ့ယူမလာနိုင် ပိုင်ဆိုင်မှုတစ်စရယ်မှရင်နှစ်သည်းချာကို မြဲမြံအောင်ဆုပ်ကိုင်လို့တစ်ဘဝစာလုံး ဖုံးကာအုပ်ခဲ့တဲ့အရှက်သိက္ခာ ဂရုမစိုက်နိုင်ဘူးထမိန်ကို ခပ်တိုတိုဝတ်ကာလှမ်းခဲ့ရတဲ့ ဒီခြေလှမ်းပြုံးစမ်းပါမိရို။ Sn-May,E-06 (6-5-2020) Editorial Team The Art Garden Rohingya #StayAtHomeStaySafe ...
ကောင်းမှုပြုပါ ရမ်ဇာန်မှာ ရေးဖွဲ့သူ- မောင်လတ် ကောင်းမှုပြုပါ မြတ်ရမ်ဇာန်မှာ ဖန်ဆင်းရှင်၏ မိန့်တော်ပါ ကျင့်စာရိတ္တ ပြုပြင်ကာ ဥပုဒ်သီလ ဆောက်တည်ကြ။ ကျမ်းမြတ်ကုရ်အာန် ရွတ်ဖတ်ကာ သရားဝိဟ်ပါ ကြိုးဖတ်ပါ။ ဆင်းရဲသူအား ကူညီဖို့ရာ မိုမင်န်အပေါင်း တာဝန်ပါ။ မိဘမဲ့အား စောင့်ရှောက်ကာ ကောင်းမှုကုသိုလ် ပြုကျင့်ရာ နမာဇ်ရိုဇာ လက်မလွတ်ရပါ။ ဇကာသ်ကိုလည်း မြဲပင့်ပေးကာ ထူးကဲလှသော ဒါနတရား ဆွေမျိုးညာတိ ဆင်းရဲသားအား ...
မောင်စစ်သည် ရေးဖွဲ့သူ- ဃာဇီ လှပသာယာ ရွှေပြည်သာ၊ရဲရင့်လူသား မွေးထုတ်ထားသစ္စာလည်းရှိ အမျိုးပေါ်၊တာဝန်လည်းသိ တိုင်းပြည်၏ဖွံ့ ဖွံ့ထွားထွား ကိုယ်ခန္ဓာ၊လုံ့လကလည်း ကျားပမာ၊ခွန်အားဗလ ဆင်ပြောင်ပါ့။ အမျိုးနာလျှင် သူမခံရရာနည်းနှင့် ဖေးကူမှန် လိုရာအကူ တောင်းခံလျှင်သွေးချွေးစွန့်၍ ဆောင်တတ်၏။အမျိုးဂုဏ်ကို မြင့်တင်ဖို့ဇွဲလုံ့လနှင့် ရှေ့ချီတက်၏။ သာသနာကို ဘေးဖယ်မထားကိုယ့်ပါစိတ်ပါ ယုံကြည်ထားအလ္လာဟ်အမိန့်တော်ဟူသမျှချိန်မီနည်းမှန် ကျေပွန်၏။ သာသနာ့ရောင် မမည်းအောင်နေရာတကာ အားထုတ်၏။ မွေးသမိခင် မြတ်ဖခင်ကျွေးမွေးပြုစု ဦးထိပ်ထားမိဘမိန့်ရာ ခွန်းတော်သာအစဉ်ထာဝရ ပထမညီငယ်မောင်အား ချစ်ခင်ရာမိဘကဲ့သို့ စောင့်ရှောက်၏။ စီးပွားရေးမှာ ကိုယ့်စွမ်းအားမသာမာမှုကို မြဲရှုတ်ချရောင်းဝယ်၊ လယ်ယာ လုပ်ကိုင်ကာတရားသောနည်းနှင့် ...
ဒုက္ခသည်​​ ရေးဖွဲ့သူ- ဆယာဒ်ဟူဆဲန်း @ ရိုမောင်ကျော်နု ဒုက္ခသည်… ​စခန်းခြံက စိတ်​ကူး​ကြံလေ အ​ရှေ့ဘက်​ဝယ်​ ဇာတိ​ပြည်​ ​ရွှေ​နှယ်တင့်တယ် အာရ်​ကာန်​မြေ ဖူးမော်ချင်သည် ပြန်တလှည့်။ ဒုက္ခစခန်းတွင်းသာ မြဲတစေ ငြိုငြင်စွာနဲ့ ရှင်​သန်​​နေ အနာဂတ်လမ်း မရေမရာတည့်။ လူငယ်​တွေလည်း အလုပ်​လုပ်​ မိန်းမ​တွေလည်း ထင်းခုတ်​ခုတ်​ ဝမ်း​ရေးရှာရန်​ ဟုတ်​မဟုတ်​ လုပ်​သာလုပ်​​နေ ကျွန်​ကုတ်ကုတ်။ ဒုက္ခမျိုးစုံ တို့ကြုံရ ခံနိုင်​စွမ်းမဲ့ ခက်​ခဲမှုများ ​ရေးမဆုံးသည့်​ ဝမ်းနည်းဖွယ်​ရာ ကြုံမြဲကြုံ​နေ အကွေ့အလှည့်။ ဆာ​လောင်​​သော်​လည်း စားမရ စားရင်​လည်းပဲ ဗိုက်​မဝ မျက်​ရည်​​တွေနဲ့ တို့ဘဝ။ ဒုက္ခသည်​ဘဝ ခရီးကြမ်းဟာ ပူပန်​​သောက မျိုးစုံပါ။ အို…ကမ္ဘာ့သူ ကမ္ဘာသား လာ…ခံစားကြည့်​ပါလား။ ...................*************..................... Sn- May, B-03 (5-5-2020) The ...
အပြုံးမဲ့ ငါ့ ကမ္ဘာ ရေးဖွဲ့သူ- ဇာဟီးဒူလ္လာ ( ခ ) မျိုးသွေး လူ့ဘုံအလယ် ငါငမွဲ ဆင်းဆင်းရဲရဲ တဲစုတ်ထဲ နေရာတကာ ခွဲခြားခံရ ဇာတိမြေမှာ ငါ့ဘဝတာ အေးချမ်းမှုနဲ့ ကင်းဝေးလျက်….။ သွားလာခရီး ပိတ်ပင်တား စီးပွားမသာ အိတ်ဗလာ မွေးရပ်မြေမှာ တစိမ်းပါ နိုင်ငံမဲ့ခံ ငါ့ဘဝက ဝမ်းနည်းမှုနဲ့ ပြည့်စုံလှ….။ ရင်ပြည့်သောက ဖြေမသွား ဖွားတကြွေးကြွေး တတွေးတွေးနဲ့ အိပ်လည်းမပျော် အာရုဏ်ကျော် ဝမ်းတစ်တွာဖို့ ခေါင်းဝင်စားလို့ အမိမြေမှာ… အပြုံးမဲ့ ငါ့ကမ္ဘာ…။ ..........................****************.............................. Sn- May, ...
သေပွဲ ရေးဖွဲ့သူ- အာဗ္ဒုလ္လာဟ် @ မောင်မြင့်ဆွေ ရိုဆင်းရဲသား ဝမ်းစာရှာရေး ပစ္စည်းဝန်ထုပ် အပြည့်ထည့် သမီးထွေးကိုပေး ကတိလေး ပြန်ခါယူလာမယ် ပြောင်းဖူးကွယ်။ သားဖနှစ်ဦး အောက်ရွာစုန် လျှောက်ကုန်မကျေ ခရီးရှည် နေပူရှိန်လည်း စပ်ကျဲကျဲ ရိပ်ကောင်းပင်အောက် ထိုင်မောပြေ။ ဗြူး….ဗြူး…..ဗြူး ရုတ်တရက် တညံညံဝဲ ရပ်ကာမော့မော့ ကောင်းကင်ကြည့် ဒုန်း….ဒုန်း….ဒုန်း…. မီးသရဲများ ကြွေဆင်းလာ ထမ်းကုန်သည်စုက ဖရိုဖရဲ လက်မြှောက်လျက် ငိုမြည်ကြွေး။ မိုးရွာသဖွယ် ချလေလေ ခုန်ဆွ၊ ခုန်လွှား ဟိုဒီပြေး မီးသရဲထိ လူစုထဲ ခြေပြတ်လက်ပြတ် ပြန့်ကားလဲ အဖေဘယ်ဖက် သားရှာခက် ကိုယ်လက်အင်္ဂါ ကြေမွေပျက် ပုံရုပ်သဏ္ဌာန် မှန်းမရတဲ့။ ခြေ၊လက်၊ဦးခေါင်း ကောက်ယူကာ သွေးစွန်းဘောက်သာနဲ့ အိမ်ပြန်လာ သားသယ်လာတဲ့ ပြောင်းဖူးအိတ် ဖွင့်ကာကြည့်သော် သေပွဲလိတ်တဲ့။ သမီးပူဆာ ပြောင်းဖူးရှာ အမေ့ဆီသွား တောင်းခါခါ မျက်ရည်စမ်းစမ်း ...
Apr 2020
"အ ကွေ့" ရေးဖွဲ့သူ - Arshard Husain @AR Husain စိတ်ညှစ်တာတောင် အ ကြောက်တရားနဲ့ ဖိအားနဲ့… သက်ပြင်းတွေလဲ မ ဖြောင့်တဲ့ ဘဝရဲ့ မျှဉ်းကွေးတွေမှာ အလွဲအ ချော် အတိမ်းအပါး များလွန်းလှပါဘိ…. ချစ်ခြင်းတရားမှာလဲ မကြင်နာ အမုန်းနဲ့ စာနာမှု ကင်းမဲ့စွာ ယဉ်ကျေးမှုစုံမှ ငြင်းပယ်ခြင်းနဲ့မကွာ အဆိပ်သင့်လှပါဘိ… ကျန်းမာရေးကြည့်သော် မိုးမိခြင်း ဖျားနာခြင်းနဲ့ အသက်လေးငွေ့ ငွေ့ ဖြေးဖြေးရှူ နှေးနှေးရှူ သြော် သံသရာ ဒီတ ကွေ့ပါပဲ သက်ပြင်းတွေတောင် မ ဖြောင့်တော့။………။ ..........................***********........................... Sn.Feb,B-03 (07-02-2020) The Art Garden ...
ပညာသင်ခွင့် ရေးဖွဲ့သူ - Ahtaram Shine စခန်းရောက်ခါစ တို့ရိုလူငယ်များ သူတောင်းစားနှယ် ဟိုသွားဒီပြေး ပညာတော်သင်ခွင့် တောင်းနေဖူး၏။ နောက်ဆုံးမှာတော့ ဘုန်းမြတ်သခင် အလ္လာအရှင်၏ ကရုဏာတော်ဖြင့် ခွင့်ပြုခံရာ ဝမ်းသာမဆုံး ပီတိမိ၏။ ဆောင်စီပေးသော ဆိုင်ရာဆိုင်ရာ လူမြတ်တို့အား ကျေးဇူး အနဂ္ဃ တင်ရှိပါ၏။ ......................**************....................... Sn.Feb,B-02 (07-02-2020) The Art Garden Rohingya
ဆန္ဒ ရေးဖွဲ့သူ- ရိုမဟ်ရိုးဇ် ဤညချမ်းလေးမှာမြစ်ဆုံပေါ်မှဦးတည်ရာမဲ့တလွင့်လွင့်ရွေ့ထိုရွက်လှေရဲ့ပဲ့ကိုင်ဖြစ်ခွင့်ပေးပါလော့။ ဤညမှောင်လေးမှာလမ်းလွဲသွားတဲ့ထိုလူသားကိုလမ်းမှန်ညွှန်ဖို့ဟိုးမိုးပေါ်မှဓူဝံဖြစ်ခွင့်ပေးပါလော့။ ဤလေရူးထဲမှာနှိပ်ကွပ်မှုကိုကြိတ်ခံနေပြီးနှုတ်ပိတ်ထားရတဲ့ထိုမေယုရဲ့ရင်ခွဲအော်သံဖြစ်ခွင့်ပေးပါလော့။ Sn.Jan,B-29 (31-1-2020) The Art Garden Rohingya
  The Art Garden Rohingya, Template Sn.Jan B27 အတိတ်ပုံရိပ် ရေးသူ- ရိုအီလီယာစ် @အောင်သိန်း မွေးစတည်းက တို့ နိုင်ငံထဲရိုးသားစွာဖြင့် အတူနေခဲ့ကျေးလက်၊မြို့သား မခွဲခြားနှစ်ပေါင်းအကြာ နေလာခဲ့ကြ။ ဘာသာမတူ မျိုးမတူ၊ ရင်းချာဆွေလို လူမျိုးစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းချမ်း ကွဲလွဲမှုမဲ့ နေထိုင်ခဲ့ရန်ငြိုးရန်ညွှန့် မရှိခဲ့၍ ပျော်ပျော်ပါးပါး ပြည်သာယာ။ တစ်ရွာတည်းနေ တစ်ရေပဲသောက်တစ်ဦးပေါ်တဦး ယုံကြည်မှုနဲ့ ၊ညီကိုမောင်နှမ အရင်းလိုသံယောစဉ်ရှိရှိ၊ ခင်မင်စွာပေါ့လေ။ ချမ်းသာဆင်းရဲ အဖြူအမည်း မခွဲမခြား ချစ်ချစ်ခင်ခင်ပြည်ခွင်တဝန်း ငြိမ်းချမ်းသံ။တို့ မိခင်ပြည်ထဲ ...
Jan 2020
မယုမြိုင် ရေးဖွဲ့သူ- လူထုဝဏ္ဏ (၁) ဟိမဝႏၲာ့၊ တောင်ဆွယ်ချာ ညွှန့်ဖြာကြော့တည်၊ တောင်မြောက်သွယ် ပင်လယ်အော်ကမ်း၊ ရေသောက်အံ့ ကြွဖြန့်လာခဲ့၊ ဇွဲမာန်စွဲ အထွတ်ဖြိုင်ဖြိုင် မယုမြိုင်။ (၂) ဥယျာဉ်သဖွယ် ပန်းစုံလည် စံပယ်၊ ဇီဇဝါ၊ ထပ်တရာ ကလျာသဇင်၊ ချုံခိုဆင် သရဖီပျို၊ ပန်းခွာညို ပွင့်စိုဂနိုင်၊ တင့်မွှေးကြိုင်။ (၃) မယူရ၊ ကာယာပူရ ချစ်နှမ သည်စုံမြိုင်ထဲ စံပျော်သွား ဟာနီဘားဘုရင် နန်းစိုက်တင် မိုးထိလုမျှ တောင်ထွတ်ဖျား ယခုထိပင် ထင်ထင်ရှား။ (၄) ...
သဘာဝ ရေးဖွဲ့သူ- Benazir ဆီးနှင်းကဖြူ၊ မီးကပူ သကြားချိုသာ၊ ခါးတမာ ရေခဲအေးစိမ့်၊ ရှောက်သီးချဉ် ငရုတ်စပ်လွန်၊ ဆားကငန် ဒါတွေသဘာဝ၊ လွန်ဆန်၍မရ...။ ဒီထက်ပို၍ သဘာဝဆန်တဲ့ လောကနိယာမ လွန်ဆန်မရတာ သေခြင်းတရား မဟုတ်လား။ သို့ဖြစ်ရသော် ဘဝနိဂုံး ချုပ်မသွားမီ သီလကိုစောင့်၊ ကုသိုလ်ကျင့် ရိုးသားဖြူစင်၊ စိတ်ထားကောင်း သစ္စာရေကြည်၊ လက်ကိုင်ပြုရင်း ဘာသာတရားကိုင်းရှိုင်းမယ်ဆို သေခြင်းတရား ချောင်းတံတားကို ပျော်ရွှင်ရဲရဲ ကျော်လွှားနိုင်ပြီး မြတ်သုဂတိသို့ ...
" ပြန်လည်တမ်းတ တက္ကသိုလ်ဘဝ" ရေးဖွဲ့သူ - Jahangir Alam ချစ်ချစ်ခင်ခင် လက်တွဲရင်းနှင့် ပျော်စရာနေ့ရက် ဖြတ်သန်းခဲ့ကြ ထိုဘဝက တိုတောင်းလှလည်း မေ့ဖို့ရန်မှာ တကယ်ခက်။ ခွဲခြားမှုကြား ပျော်ခွင့်ရှာရ အနာအသာ ဝေမျှခံစား အပြုံးမပျက် ဖြတ်သန်းခဲ့တာ မေ့ရခက်တဲ့ တက္ကသိုလ်နေ့ရက်။ ကျောင်းပြေးအတူ မိုးရေမမူ ရုပ်ရှင်ရုံးသွား အတူကြည့်ကြ ဘောလုံးအတူ သွားကန်ခဲ့တာ ထိုနေ့ရက်တွေ ပြန်လည်တမ်းတ ပြန်မရနိုင်တဲ့ တက္ကသိုလ်ဘဝ။ ဒီဇင်ဘာလ ကျောင်းပိတ်ရက်မှာ ...
မေ့ခက်လို့ ယျာတင် (ရိုဟင်းသား) အရောင်အနံ့ စုံလင်နေသည့် ခွဲခြားမှုကြား အတိဒုက္ခ ရင်ဘတ်ထဲထမ်း သယ်လှမ်းရ၍ ဘဝကန္တရ ဤခရီးမှာ ငါတို့ တကယ် မောပန်းတယ်။ ဆံပင်ကစ ခြေဖျားအဆုံး သင်နှင့်ငါက လူချင်းတူလည်း ကိုးကွယ်ရာသာ ခြားသည့်ဟာကို ရန်သူသဖွယ် သင်တို့မှတ်၍ နှိမ်နင်းနေသည့် သင်တို့လုပ်ရပ် နှလုံးသားဝယ် သမိုင်းတည် ငါတို့ တကယ် မေ့ခက်တယ်။ (၄-၁-၂၀၂၀) The Art Garden ...
နှစ်ကူးချိန်ခါ ပျော်စရာလား ရေးဖွဲ့သူ- လူထုဝဏ္ဏ ပြက္ခဒိန် စာရွက် သစ်ရွက်ကြွေသလို ရွက်အိုစွန့်၍ နှစ်ညွန့်ချီလို့ သည်ခါသမယ ပျော်စရာဟု ကြွေးကြော်နေစဉ် ငါကားတုန်လှုပ်ပြီတကား။ ဓမ္မတာလောက ဘဝကြိုးတာ တိုတောင်းလာတဲ့ နှစ်ကူးချိန်ခါ တွေးတော့ဧကန် မျက်ရည်စမ်းစမ်း စဲခွင့်မဖန် ငါ့ခရီးလည်းနီးလာပြီလား။ (4-1-2020) The Art Garden Rohingya
ငါ၏နှစ်သစ် ရေးဖွဲ့သူ- ဦးခန့် (ကမ္ဘာသစ်) နှစ်သစ်စနေ့ အလုပ်တွေ့ နားခွင့်မရသေး။ ကောင်းကင်လုံးလုံး တိမ်မည်းအုံ့ မိုးသီးရွာလို့နေ။ သူရမင်းသား နှစ်သစ်ပွဲသွားပြန်လာချိန်မေ့လို့အေး။ ချမ်းချမ်းရိရိ တုန်နေဘိ စိတ်ကူးကောင်းလို့နေ။ (4-1-2020) The Art Garden Rohingya
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အယ်ဒီတာ အကြိုက်ဆုံးကဗျာ (၅)ပုဒ် * ဒန်းရိုးရာ | ရေး- Shahida Win * ခါးသီးလွန်းတဲ့ သေခြင်းတရား(၂) | ရေး- လာလ်မိုတီ * ချမ်းငြိမ်းကြပါစေ | ရေး- မိုဟာမ္မဒ် ရှမီးမ် * အမှန်တရား | ရေး- မင်းဝန်ဇော် * ...
Dec 2019
ခါးသီးလွန်းတဲ့ ​သေခြင်းတရား (၂) ​ရေးဖွဲ့သူ- Lalmoti Khan ​ လူ့လောကမှာ... ​နေရာတကာ ဒုက္ခအန္တရာယ်​ လူတိုင်းလူတိုင်း စန့်​အားနဲ့ပြိုင်​ ခက်​ခက်​ခဲခဲ ရုန်းကြံနေရတယ်​။ ယုံကြည်​စိတ်​ပိုင် စွဲမြဲခိုင်​၍ ​ကောင်းမှုမြတ်​နိုး ​ကောင်းကျိုး​ဆောင်​ ​သေ​ဘေးမလွှဲ ​အောက်​​မေ့ကာ ​သေခြင်းတရား မခါးသီးရအောင် ကြိုတင်​ပြင်​ဆင်​ သတိရပါ။ တည်မြဲမှုမရှိတဲ့ ကမ္ဘာ​ပေါ်မှာ မာန​လောဘ ​စွန့်​ပစ်​လော့။ ကျင့်​ဆိုးကြံမှား ​ဘေးဖယ်​ထား၍ ဆင်ခြင်စိတ်​ဖြူ ဆက်လျှောက်ပါ။ အရှိန်​အဝါ ဘုန်းမီးလျာနှင့် ​လောကကြီးထဲ ...
ဒန်းရိုးရာ ရေးဖွဲ့သူ- Shahida Win ရိုတို့မင်္ဂလာ ဒန်းလက်ရာ မိရိုးဖလာ ဓလေ့ပါ အဆင်တန်ဆာ တင့်တယ်လှ အနုပညာ ထင်ပေါ်ပါ့။ မင်္ဂလာအကြို ဒန်းရိုးရာ စောင့်တမျှော်မျှော် သတို့ဖော် ပျိုမေကညာ ရင်ခုန်သွား ဖြူဖြူနုနု လက်ဖဝါး နီနီရဲရဲ အဝိုင်းလေးနဲ့ နှလုံးသားအလား ဒန်းဆိုးထား။ လပြည့်ဝန်းသာ ညအခါ ကညာအပျို တေးသံချိုနဲ့ ဆိုကြကကြ ငယ်ချင်းများ စုလို့ပြုံလို့ ပြုံးလို့ ရွှင်လို့ ညဥ့်နက်သန်းခေါင် ...
Nov 2019
ဒုက္ခသည် ဘဝ ​ ရေးဖွဲ့သူ - Shahida Win အရိပ်​ခေါင်​သည့်​ ​တောင်​ကတုံးဝယ် ​လေ-မိုးဒဏ်​ကြား ဒုက္ခသည်တဲ။ နေကပူကဲ မိုးရေလျှံနှင့် ​သွေးလန့်​လို့တုန်​​ ကမ်းကုန်​ချမ်းလို့ ကြမ်းတမ်းလွန်းသည့်​ ရာသီဒဏ်​စုံ အလူးအလဲ ကြုံဖြတ်ရ။ လူကြီးသူကြီး၊ ကလေးသူငယ် ယောက်ျား မိန်းမ အရွယ်​မ​ရွေး အရှက်သိက္ခာ ဘေးဖယ်ကာနှင့်​ သူထက်ငါသာ ဦး​အောင်​သွား၍ သူတောင်းစား ပမာ အလုအယက် တန်းစီရသည်​ ဝမ်းတစ်ထွာဖို့ ဝမ်းစာရိက္ခာ လက်ဖြန့်ရယူ ...
လမ်းမှန်​အတိုင်း ​ရှေ့သို့ရုန်း​လျှောက်​ ရေးဖွဲ့သူ- မိုဟမ္မဒ်​ရှမီမ်း နှင့်​ လာလ်​မိုတီ ရောင်စုံဒုက္ခ​ ကြုံမြဲကြုံလည်း အသွားအလာ ပိတ်​ပင်​ပေမူ... တစ်​​နေ့နေ့မှာ မုချပါ ရိုမျိုးအောင်​လံ စိုက်​အံ့ပ ရည်​မှန်းချက်​​ကြီး ပိုက်​ချီထား။ ​ရှေးကဆိုရိုး စကားပုံသို့ ညီညီညာညာ ဆင်​နွှဲပါ ညီညွှတ်​ခြင်းကား တို့ခွန်​အား ပစ္စုပ္ပန်ဒိဋ္ဌ သင့်​ဘဝအား ရုန်းကန်​ကြိုးစား ​ပြောင်းလိုက်ပါ့။ တ​စ်​​နေဝင်​က တစ်​မိုး​သောက်​မည်​ ဓမ္မတာလည်း ပါရှိ​သော​ကြောင့်​ ကျန်​တာဘဝ ​တောက်​ပ​နေ​အောင်​ စိတ်ခိုင်ကြည်​စင် ဖန်​တီးကြပါ။ ...
ရိုတို့ဘဝ ရေးဖွဲ့သူ - BM [Hairu] မိုးပွင့်​​ထောင်​လို စခန်းချောင်က အပြင်​ထွက်​ရန်​ ဝင်ပေါက်​တံခါး တကယ်နတ္တိ ပိတ်ပင်တားလို့ ​ရေတွင်းထဲက ဖားဘဝလို ကုန်​ဆုံး​​နေသည့်​ ရိုတို့ဘဝ။ ရိက္ခာရလည်း ပဲဟင်းတစ်​မည်​ ​နေ့တိုင်းစားလို့ ထမင်းလုတ်​​တွေ အဝင်​မသာ လည်​ပင်းနာနာ မျက်ရည်လည်လည် အငတ်​​ပြေ​​အောင် ​မျိုချရသည့်​ ရိုတို့ဘဝ။ ​မှောင်​ဆိုင်းနေသည့်​ အနာဂတ်​က အဓိပ္ပာယ်​မဲ့ ကျန်​ရစ်​​နေရင်း နောက်တမ်းပြန်ဆုတ် ဖိအားယုတ်ကြောင့် အတိတ်မှာပင် သက်​ရှူကျပ်ကျပ် ...
ဤတာရာ ရေးဖွဲ့သူ - ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်) အာကာမိုးဝယ်၊ ကြယ်လုံးတွေ အံ့ဖွယ်ဆန်းလျက်သာ။ ဝန်းကျင်တစ်ခွင်၊ စိန်လုံးသွင် ဂုဏ်အင်မနည်း တိုးလျက်ပါ။ ချိန်ခါမူသင့်၊ လိုက်၍ကျင့် အခွင့်တန်ရာ လျှောက်သွားလာ။ ညဉ့်မှောင်ခြုံကာ၊ သူထွက်လာ စန္ဒာလနှင့် ပေါင်းရံကာ။ တတိတ်​ဆိတ်ဆိတ်၊ မျက်လုံးမှိတ် ဦးထိပ်ပြုံးပန်း ဆင်ဝတ်ကာ။ မာနကင်းကွာ၊ သူ့ဟန်မှာ ကမ္ဘာသားတို့ မွေ့စေရာ။ ဤမှာလုလင်၊ ဇွဲစိုက်လျှင် သင်သာတာရာ့ ထက်ဘုံမှာ။ Sn.Nov, B-3 ...
Oct 2019
ရွံရှာဖွယ် သူဌေး ရေးဖွဲ့သူ- Dialogue Partner ရောင်းဝယ်ဖောက်ကား၊ သူ့​လောဘ ​ခေတ်မီချင်​သူ့၊ လမ်းကမှား လူငယ်​မကျန်၊ အမျိုးသမီးပါ အသုံးချခံဘဝ ​ရောက်​လို့သွား။ နေ့ညမပြတ်၊ သူကြံဆ ကြီးပွားခဏ၊ အရူးထ တစ်လှည့်ပြန်ကာ၊ ဆင်းရဲလာ မျက်​ရည်​ဒူးကြား၊ ထိုလူသား။ အပြောအဆို၊ သူ​ကောင်းဟန် လုပ်ရပ်သက်သေ၊ စိတ်ရင်းမှန် သည်ကျင့်စဉ်​ပေါ်၊ ​လျှောက်​လှမ်း​သော်​ ပျက်စီးလွယ်သည်​၊ သူ့ဘဝ။ အ​လေးမထား၊ ဘာသာတရား တရားဥပ​ဒေ၊ မ​လေးစား ချိန်ခါမရွေး၊ ...
တစ်ယောက်တည်းပြိုင်လည်း ဒုတိယ ​ရေးဖွဲ့သူ - Abu Saad | ငါသာ ပထမ ငါသာ ပထမ ကြုံးဝါးရင်း ကြုံးဝါး။ ငါးကျိပ် ထဲ ပြိုင်ပွဲဝင် ပန်းဝင်ရာမှာ နောက်ဆုံးပင် အဆင့်ကတော့ ငါးဆယ်ချိတ်။ ဇွဲ၊ လုံ့လ၊ ၀ီရိယ စွဲ သုံးယောက်နှင့်သာ ဝင်ပြိုင်​ပွဲ တာဝင်နောက်ဆုံးပါ့ တတိယဖြင့်​ ​ကျေနပ်ရ။ နှစ်ယောက်တည်းပြိုင်လည်း ဒုတိယ ဘယ်တော့မှ ပထမ ...