The Blogs

May 2020

My Destiny By Md Sukanu What I am feeling Is something I can not explain And I am willing To go by this plan To where stars live Is where my name shall live It is my destiny In the light's arms, where ...
အမုန်းပန်းရှင် ရေးဖွဲ့သူ- မိုဟမ္မဒ်ရှမီးမ် ဥစ္စာရှိတော့ ဣနြေ္ဒရှင်ထင် သွင်ပြင်ကတော့ ထည်ခန့်ညား စိတ်ဓာတ်ကား မဖြူစင် ဇမ္ဗူတစ်ခွင် မောက်ကြွားဖို့ဆင်...။ မသေခင် ချိန်သာမညမှာ သာပျော်ရွှန်းရွှန်း ဂုဏ်လွှားနိုင်အောင် ထင်ရာစိုင်းရိုက်စား မြင့်ဘဝင်...။ ဘယ်သူ့ကိုမှ လူမထင် အမြင်ကတော့ ကျဉ်းလျက်နဲ့ ထိုလူမာန် သေကြွရင်လည်း ထိုအကျင့် ပျောက်မယ့်မမြင်...။ သူ့တန်ခိုး ယူဆောင်မသွားနိုင် သူ့အာဏာ ကူကာမတားနိုင် သူခများ အမုန်းဆုဖြင့် ဆုံးပါးသွားသည်ပင်...။     (၂၁-၀၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya
လမ်းမှန် ရေးဖွဲ့သူ- RY Mg Mg Khin ကောင်းတာ လုပ်ပါ မကောင်းတာ ရှောင် စာနာစိတ်နဲ့ သည်းခံစိတ် ကိုယ်နဲ့မကွာ ထားပါလျက် တိုတောင်းဘဝ ရှင်သန်လိုက်ပါ။ ပစ္စည်း ဥစ္စာ ပဓာနာမထား လူသားချင်း တန်ဖိုးထား လောကကြီးမှာ လောဘကင်း၍ အရာရာကို ဆင်ဆင်ခြင်ခြင် ကျော်လွားကြပါ။ သခင်မြတ်အပေါ် စိတ်ချယုံကြည် သစ္စာသမာဓိ ဘေးယှဉ်လျက် ကြုံဘေးဒုက္ခ ရဲရဲစွမ်းစွမ်း ကျော်ဖြတ်လိုက်မှ လောကလမ်းမှန်လျှောက်သတည်း။ (21-5-2020) Editorial Team The Art Garden Rohingya
THE UNIQUE NIGHT (Lailatul Qadr) By Mohammed Erfun Amin  The night of mercy The night of decree The night of destiny The night of royalty The night of power The night of honor The night of blessings The night of prayings The value of ...
တွေးတိုင်း ငိုချင်မိ ရေးဖွဲ့သူ- Royal Hussein တို့ ရိုဟင်ဂျာတွေ... အဆင်ပြေမဲ့ နေ့တစ်နေ့ကို မျှော်လင့်ချက်ရောင်ခြည်နဲ့ အားတင်းထားပြီး ခရီးကြမ်းတစ်ခု လျှောက်လာခဲ့ကြတယ်။ တို့ ရိုဟင်ဂျာတွေ... အခြေအနေအားလျော်စွာ အေးချမ်းမှုတိုးတက်မှုနဲ့ ဝေးကွာခဲ့ရပေမဲ့ အမျိုးဂုဏ်ဇာတိဂုဏ် မပျက်ခဲ့ပါ။ တို့ ရိုဟင်ဂျာတွေ... တိုးတက်ပြီးလူမျိုးလို အမြင်တွေ မကျယ်ပေမဲ့ ကျဉ်းလဲမကျဉ်းခဲ့ စိတ်အစဉ် မြင့်ကျယ်ခဲ့ကြတယ်။ တို့ ရိုဟင်ဂျာတွေ... ကမ္ဘာကို မမြင်မပတ်ရပေမဲ့ ဘာသာခြားလူမျိုးခြား အချင်းချင်း ချစ်ခင်ရင်းနှီးခဲ့ကြတယ်။ သို့သော်လည်းပဲ… သူတို့က ရိုဟင်ဂျာတွေရဲ့ ငြိမ်းချမ်းရေး ပညာရေးနဲ့ မျိုးဆက်သစ်လူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တယ်။ သူတို့က ရိုဟင်ဂျာတွေရဲ့ အနုပညာစာပေ ယဉ်ကျေးမှုနဲ့ တတ်သိ ပညာရှင်များကို ရွည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ခဲ့တယ်။ သူတို့က ရိုဟင်ဂျာတွေရဲ့ အမျိုးဘာသာ သာသနာကို ဝါဒမှိုင်းမျိုးစုံနဲ့ ခြယ်ကာ ရွည်ရွယ်ချက်ရှိရှိ ခွဲခြား စီမံအုပ်ချူပ်ခဲ့တယ်။ နောက်ဆုံးတော့… တို့ ရိုဟင်ဂျာတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ လောကဓံကြားမှာ တိတ်ဆိတ်ငြိမ်သက် ရင်နစ်ကြေကွဲ မသေမရှင် ရပ်တည်နေရပြန်ပြီ။ (၂၀-၀၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden ...
Red Flags By Mayyu Ali In Cox's Bazar refugee camp, two red flags now together one for COVID-19 another for Amphan in the mouths of both dragons I am chilling like a chiken.     20-05-2020 Editorial Team The Art Garden Rohingya 
ချစ်သောမေမေ ရေးဖွဲ့သူ- ရိုမရုန်(န) အမေ... ကိုးလလွယ် ဆယ်လဖွား အစားပျက် အအိပ်ပျက်ကာ ဒုက္ခစုံအပြုံးမပျက်ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါသော သမီးရဲ့ချစ်သောမေမေ ကောင်းခြင်းမင်္ဂလာနဲ့ လူ့လောကသို့ခေါ်ဆောင် ယုယစွာထွေးပိုက်ကြင်နာစွာ နို့ချိုတိုက်ကျွေးလို့ ပိုးမွှားကောင်အန္တရာယ်မှကာကွယ်သော သမီးရဲ့ချစ်သောမေမေ ငယ်စဉ်တောင်ကျေး ကလေးဘဝမှသည် အရွယ်ရောက် လူလားမြောက်သည့်တိုင် အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ပါသော သမီးရဲ့ချစ်သောမေမေ မေမေဟာ လမိုက်ညမှာလမ်းပြတဲ့သမီးဘဝရဲ့ ဓူဝံကြယ် အပြောကျယ်တဲ့ ပင်လယ်ထဲ အားကိုးဖို့ လှမ်းဆုပ်မိတဲ့ သမီးဘဝရဲ့ ကောက်ရိုးတစ်မျှင် နွေကန္တာသဲသောင်ပြင်ထဲ အသက်ဆက်စရာ အိုအေစစ်ပါ မေမေ။ ချစ်သောမေမေ မာပါစေ ဆုမွန်မှန်းကာချွေ အနာဟူသမျှ ကင်းစေသား သောကဝေးစေသား မောဟမီးလည်းငြိမ်းပါစေ ရွှေရင်အေးပါစေ လိုတရလို့ပြည့်စေသား ချစ်သမီးတောင်းဆုထား။ ( ၁၉- ၀၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya 
A Wandering Traveler By Nur Kamaal O my companions, Let me show the road of my home in dark part of this world I'm passing through an uninhabited zone on my wandering path it seems a sudden flare away but I recognize ...
ခွင့်လွှတ်ပါ စာကလေးရယ်... ရေးဖွဲ့သူ- ထွန်းလင်စိုး ဆောင်းဦးရာသီ ဝမ်းစာကုန်ဆုံး စပါးမပေါ်ခင် လယ်သမားမွဲတဲ့ ရာသီဆိုရင်လည်းမမှားပေ.......။ ငါငယ်ငယ်ရွယ်က မြူးတူးခဲ့တဲ့ အိမ်ရှေ့တလင်းထဲ ဖျာကြီးခင်းကာ စပါးနေပူလှန်းလို့ စာကလေးအတွက်ပျော်ဖို့နေရာ ငါအတွက် စိတ်ဆိုးစရာ အချိန်ပြည့် စပါးဖျာခင်းငါစောင့်ခဲ့ရ၏။ ဖျာခင်းနားက ငါလစ်ခဲ့ရင် သူတို့ ဆင်းလာ စပါးကောက်စား မေမေအတွက် ပြောကောင်းဟစ် "စာကလေးတွေ စပါးအကုန်စားပစ်မယ်"လို့ မစာနာတဲ့ ငါ့စိတ်လည်း မြင်မြင်ချင်း လွတ်မထားပေ ကြင်နာထောက်ထား ငါမထား စပါးတလုံး မပါစေလိုငှာ တခါတလေ လေးကွနဲ့ ပစ်လို့ စာကလေးတစ်ချို့ကို ငါသတ်ပစ်ခဲ့ရ၏။ ဒါပေမယ့်..... စာကလေးတွေ တစ်နေ့ကုန် စပါးကောက်စားခဲ့သော် တတောင်းမျှပင် စားမကုန်နိုင် တစ်နှစ်လုံး စားပစ်ဖျက်ဆီးခဲ့သော် ငါတို့ တမိသားစုရဲ့ တရက်စာ မကုန်နိုင်တာ ကိုငါမသိပါလေ။ ဩော်....ယခုတဖန် ၂၀၁၇ ခုနှစ် အာရ်ကာန်မြောက်ပိုင်းမှာ လူယုတ်မာ မြန်မာစစ်တပ်တွေက သိန်းနဲ့ချီတဲ့ လူတွေကို ...
What's Wrong with Me? By Aershaad @ Innovative pen I attacked nobody I fought no-one I murdered no-one I did no crime No weapons I have either No strength left now to defend No power to fight back Indeed, I am as innocent ...
Nothing for Me By Md Ares Human rights for everyone, But not for me. Justice for everyone, But not for me. Peace for everyone, But not for me. Education for everyone, But not for me. Home for everyone, But not for me. Social services for everyone, But ...
ဝေးသွားတဲ့ အာရ်ကာန်မြေ ရေးဖွဲ့သူ- Unseen Dream Boy သေနတ်သံတွေကြားက လက်နဲ့နားကိုပိတ်လို့ မျက်ကန်းလို ဟိုဒီသွားတိုး။ အသက်တစ်ချောင်း ဆယ်ဖို့ငြား ရှေ့တစ်လှမ်းနောက်တစ်လှမ်းနဲ့ နောက်ဆုံးတော့ နတ်မြစ်ဖြတ်တိုး။ အေးရိပ်ရှာတော်ပုံဖြင့် ခိုနားလာတဲ့ ဘင်္ဂါလားမှာ စံစရာ စခန်းစုတ်ထဲ သခင်က ဒုက္ခသည်ဘဝနဲ့ ဝေးသွားတဲ့ အာရ်ကာန်မြေ။ (၁၈ - ၅ - ၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya
ဘဝရယ်...ယခုထိမပြီးနိုင်ပါလား ရေးဖွဲ့သူ- Sahat@Zia Hero Naing ပြေးလိုက် ရှောင်လိုက် ချောင်းလိုက် ပုန်းလိုက်နဲ့ ဟိုးရှေးခေတ်ကပင် ဇာတ်လမ်းစတင် ကိုယ်က ပြေးမယ်ဆို နောက်က လိုက်ပါလာမလား ကိုယ်က ပုန်းနေမယ်ဆို တစ်ခြားလူတွေ အားငယ်မှာလား အော်... ဘဝရယ် ယခုထိ မပြီး နိုင်ပါလား။ ဟုတ်လား တကယ်လား လာတယ်လို့ဆို ဟိုဘက်က ဝင်နေတယ်ဆို အဖွဲ့ပေါင်းစုံဆို ပြေးရမှာပေါ့ ရှောင်နေမှ ကောင်းတာကို အော်... ဘဝ ရယ် ယခုထိ မပြီး နိုင်ပါလား။ သတ်တဲ့ဇောနဲ့ဆို မြင်သမျှအကုန် အပြစ်နဲ့လား ငယ်ငယ်တုန်းက ကြားလာတာ ဒီဘက်မှာ ကုလား…ကုလား ဟိုဘက်မှာလည်း ဗမာသား ရိုဟင်ဂျာနာမည်က အပြစ်ပဲလား အော်... ဘဝ ရယ် ယခုထိ မပြီးနိုင်ပါလား။ ညမထွက်ရ၊ ဈေးမသွားရ လမ်းမလျှောက်ရ ဆို မလုပ်ပဲနဲ့ စားလို့ရတာကိုး။ ပဲဆီ အုန်းဆီ ...
ထွက်ပေါက်မဲ့လမ်း ရေးဖွဲ့သူ - Jahangir Alom အမုန်းကမ္ဘာထဲ အမှတ်မထင် ရုတ်တရက်ပင် ရောက်လာရလည်း ရောက်သည့်နေ့မှ သေမည့်နေ့ထိ ထွက်ပေါက်ကိုသာ ငါရှာနေရမှာလား။ ဘယ်ဘက်ကြည့်လည်း တောင်တန်း ညာဘက်ကြည့်လည်း ပင်လယ်ကမ်း ဘယ်သူတွေ့တွေ့ လူသားမဆန် စာနာစိတ်က ကင်းမဲ့လှတယ်။ စခန်းထဲမှာ မွန်းကြပ်လွန်းလို့ ကုန်းကြောင်းပြေးကြံ ဖမ်းဆီးခံရ ရေကြောင်းပြေးပြန် ရေနစ်သေရ လေကြောင်းပြေးဖို့ တောင်ပံမပါ ထွက်ပေါက်ရှာရ ခက်စမြဲ။ မညီမညာ ဆူးငြောင့်လမ်းပေါ် ဟိုဟိုဒီဒီ ပြေးဟိုက်ပန်းဟိုက် ကိုယ့်အိမ်ကိုလွမ်း ကိုယ့်ပြည်ပြန်ချင် သို့သော်ငြားလည်း သူ့နိုင်ငံက စခန်းထဲမှာ ထွက်ပေါက်ရှာရင်း ပိတ်လှောင်ခံလို့ အရာမရာက် ငိုင်နေရ၏။ (၁၇-၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya  
အတ္တထဲ သာယာနေသူ ရေးဖွဲ့သူ- Aejas Ruhol Amin (တောင်ပြို) ဆရာ . . . ဆရာ ​လူ​သူ​ရှေ့မှာ ဆရာလုပ်​ချင်​ ကိစ္စတိုင်းမှာ ဆရာဖြစ်​ချင်​ ဆရာလို့ ​အခေါ် ခံရလျှင်ပင် ဝင့်ကြွား မာန်​တက်​​နေတတ်၏။ ငါတကယ်​ဆရာ ပီသရဲ့လား ဆရာ့ဝတ်​​ငါးဖြာ​ ကျင့်​ပါရဲ့လား ဆရာ့တာဝန်​ ​ကျေပွန်​ဝံ့လား စဉ်းစားရုံနဲ့ ရှက်​မိသွား။ အာစရိယ ဂုဏ်​အင်္ဂါဟာ လွန်​စွာ မြင့်မြတ်​လှပါတကား အတ္တ​တွေကြား သာယာ​နေသည်ကို ပြန်​​တွေးမိရင်​ အရှက်​ပွား။ ​အော်. . . ဆရာဆိုတာ အဘိဓါန်​ထဲက ဖွင့်​ဆိုချက်ကား 'ထာဝရ ​ကျောင်းသား' တစ်​ဦးတဲ့။ ​ဒါဆို ကိုယ်​လည်း ​သင်​ယူ​ဆဲသူ​ပါ့ပဲ။ (၁၇-၀၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya  
နှင်းဆီဘဝ ရေးဖွဲ့သူ- အီဗြာဟိမ်း   ရိုးတံစိမ်းထံ ရွက်စိမ်းရံ၍ အဖြူရောင်ခြယ် ပတ္တမြားတစ်ပွင့် ထွန်းလင်းခဲ့လေပြီ။ ဆူးခက်မြိုင်မြိုင် သူပိုင်ဆိုင်၍ ဘဝနှင့် ကံကြား ယုံကြည်မှုနှင့် စည်းလုံးမှု ဖောက်ပြန်သဖြင့် ဒုက္ခရောက်ခဲ့ပြီ။ သစ္စာ ရည်စူး တိုင်တည်ညွှန်း၍ ချစ်ခြင်းတွေထဲ စံထားနှိုင်းမဲ့ သက်သေပြခဲ့လေပြီ။ လူ့ဘဝမှာ ငှက်ဘဝလို တစ်အိမ်မှ တစ်အိမ်သို့ တစ်ပြည်မှ တစ်ပြည်သို့် ဒုက္ခမျိုးစုံ ဆူးရင်းကြုံရင်း ခံနိုင်စွမ်းမဲ့ ခက်ခဲမှုများရောက်ခဲ့ပြီ အို နှင်းဆီဘဝ။ ..................**********................... (၁၇-၀၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya
Solidarity  By Pan Thar    Solidarity changes the society It can create equity Breed unity in my society For a peaceful life, as a whole Solidarity enhances humanity It can create harmony Breed unity in my society For a prosperous people, as a whole Solidarity fosters ...
Writing By Nur Sadek With a pen chasing dreams. It has ink, the endless one Spending time with books Crying in fear Life is riding without tyre Sn-May,E-22 (16-05-2020) Editorial Team The Art Garden Rohingya
Gift By Ro Hares Bin Nur With a handful of clay Created me by the Almighty Of him, that's the gift I received. I was in the heaven On Earth, My parents gave me birth Of them, that's the gift I received. I was ...
Quarantine By Ashiqu Rahman Much rather than the virus, I am afraid of the circus The ring will be my radius About me all will discuss To my family, people will be biased Quarantine is fearsome than the disease Tension and ...
  Quarantine By Ashiqu Rahman Much rather than the virus, I am afraid of the circus The ring will be my radius About me all will discuss To my family, people will be biased Quarantine is fearsome than the disease Tension and ...
My Demands By Pacifist Hoque I’m thirsty not for water, but for justice. I’m hungry not for food, but for peace. I need no life of luxury, but a life, full of safety.   Sn- May, E-19 (15-05-2020) Editorial Team The Art Garden Rohingya 
The Island of Ghosts By Roshidullah Kyaw Naing I'm a human like you all in the world Living in this floating island is, Living together with ghosts It's surrounded by hunting seas Roaring waves like the wild animals ...
အနိစ္စ ရေးဖွဲ့သူး- ရိုမရုန်(န) သင့်ရဲ့ သောက၊ မောဟ၊ ဒေါသ သင့်ရဲ့ လောဘ၊ အိပ်မက်၊ မျှော်လင့်ချက် သင့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှု အရာခပ်သိမ်းချုပ်ငြိမ်းသွားမည့်နေ့ အရာရာချန်ရစ် လက်ဗလာနှင့် ကြင်နာသူလည်းမခေါ်နိုင် ရင်နှစ်သည်းချာလည်းမလိုက်နိုင် စည်းစိမ်ဥစ္စာအကုန်ချန်ရစ်လို့ အထီးကျန်စွာ သွားရမယ့်ဒီခရီး အဖော်ကတော့ ရှိပါရဲ့ ဒါပေမယ့် နှုတ်ဆိတ်လဲလျောင်းလို့ ကိုယ်နှင့်ထပ်တူ ဒီအမှောင်ကမ္ဘာဝယ် ဘယ်အချိန်ထိနေရမလဲ အဖော်မဲ့စွာ တစ်ယောက်တည်း အနိစ္စရဲ့ ရင်ခွင်ထဲ။   (၁၄-၅-၂၀၂၀) Editorial Team The Art Garden Rohingya
မြတ်မိခင် ရေးဖွဲ့သူ - လာလ်မောတီ မိခင်​မျက်​နှာ ပြုံး​​သော်တာ စမ်းရေပမာ ကြည်​အေးလှ မာတာမိခင်ပုံရိပ်က ချိန်​တိုင်းလိုလို ပြေးမြင်ရ ဘဝဆာယာလို လွှမ်းခြုံသွား။ ယုယ​ထွေးပိုက်​ နို့ချိုတိုက်​ ရင်​ခွင်​ထက်​ဝယ် နှစ်​ခြိုက်​ခြိုက် အညစ်​​ကြေးလည်း မရွံရှာ မေတ္တာတရားကြီးမာတာ အနန္တဂိုဏ်းဝင်​ ​မွေးမိခင် မြင့်မိုရ်တောင်ဦး ကျေးဇူးရှင်​ မျှော်ရည်မှန်းလို့ တမ်းတမ်းတ မိခင်​​မေတ္တာ သတိရ။ မိခင်​​ကျေးဇူး ဆပ်မကုန် ဂုဏ်​အထူးကို တွေးကြည်နူး မေတ္တာလွှမ်းခြုံ ကြီးမြတ်​ပုံကို ​အောက်​​မေ့တသ စိတ်အမှန်းနဲ့ လွမ်းဆွတ် မျက်​ရည်​စီး​ရလေပြီ အို...မိခင်​ရယ်​... ဘယ်​ခါပြန်​ဆုံခွင့်​ ရမှာတည်း။ .................*********.................... Sn-May, B-08 (13-05-2020) Editorial Team The Art Garden Rohingya
My Beloved Home By Ebrahim Home is my heart. A place where I lay my backbone that's my home A place of solace A paradise of refuge A home where people access as friends but live as family it is the golden pot ...