"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
နှင်းဆီဘဝ
ရေးဖွဲ့သူ- အီဗြာဟိမ်း
ရိုးတံစိမ်းထံ
ရွက်စိမ်းရံ၍
အဖြူရောင်ခြယ်
ပတ္တမြားတစ်ပွင့်
ထွန်းလင်းခဲ့လေပြီ။
ဆူးခက်မြိုင်မြိုင်
သူပိုင်ဆိုင်၍
ဘဝနှင့် ကံကြား
ယုံကြည်မှုနှင့် စည်းလုံးမှု
ဖောက်ပြန်သဖြင့်
ဒုက္ခရောက်ခဲ့ပြီ။
သစ္စာ ရည်စူး
တိုင်တည်ညွှန်း၍
ချစ်ခြင်းတွေထဲ
စံထားနှိုင်းမဲ့
သက်သေပြခဲ့လေပြီ။
လူ့ဘဝမှာ ငှက်ဘဝလို
တစ်အိမ်မှ တစ်အိမ်သို့
တစ်ပြည်မှ တစ်ပြည်သို့်
ဒုက္ခမျိုးစုံ ဆူးရင်းကြုံရင်း
ခံနိုင်စွမ်းမဲ့
ခက်ခဲမှုများရောက်ခဲ့ပြီ
အို နှင်းဆီဘဝ။
………………**********……………….
(၁၇-၀၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya