"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
အနိစၥ
ရေးဖွဲ့သူး- ရိုမရုန်(န)
သင့်ရဲ့ သောက၊ မောဟ၊ ဒေါသ
သင့်ရဲ့ လောဘ၊ အိပ်မက်၊ မျှော်လင့်ချက်
သင့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှု
အရာခပ်သိမ်းချုပ်ငြိမ်းသွားမည့်နေ့
အရာရာချန်ရစ် လက်ဗလာနှင့်
ကြင်နာသူလည်းမခေါ်နိုင်
ရင်နှစ်သည်းချာလည်းမလိုက်နိုင်
စည်းစိမ်ဥစ္စာအကုန်ချန်ရစ်လို့
အထီးကျန်စွာ သွားရမယ့်ဒီခရီး
အဖော်ကတော့ ရှိပါရဲ့
ဒါပေမယ့် နှုတ်ဆိတ်လဲလျောင်းလို့
ကိုယ်နှင့်ထပ်တူ
ဒီအမှောင်ကမ္ဘာဝယ်
ဘယ်အချိန်ထိနေရမလဲ
အဖော်မဲ့စွာ တစ်ယောက်တည်း
အနိစ္စရဲ့ ရင်ခွင်ထဲ။
(၁၄-၅-၂၀၂၀) Editorial Team The Art Garden Rohingya