The Blog

အတ္တထဲ သာယာနေသူ

ရေးဖွဲ့သူ- Aejas Ruhol Amin (တောင်ပြို)

ဆရာ . . . ဆရာ
လူ​သူ​ရှေ့မှာ ဆရာလုပ်​ချင်
ကိစ္စတိုင်းမှာ ဆရာဖြစ်​ချင်
ဆရာလို့ ​အခေါ် ခံရလျှင်ပင်
ဝင့်ကြွား မာန်​တက်​​နေတတ်၏။

ငါတကယ်​ဆရာ ပီသရဲ့လား
ဆရာ့ဝတ်​​ငါးဖြာ​ ကျင့်​ပါရဲ့လား
ဆရာ့တာဝန်​ ​ကျေပွန်​ဝံ့လား
စဉ်းစားရုံနဲ့ ရှက်​မိသွား။

အာစရိယ ဂုဏ်​အင်္ဂါဟာ
လွန်​စွာ မြင့်မြတ်​လှပါတကား
အတ္တ​တွေကြား သာယာ​နေသည်ကို
ပြန်​​တွေးမိရင်​ အရှက်​ပွား။

အော်. . . ဆရာဆိုတာ
အဘိဓါန်​ထဲက ဖွင့်​ဆိုချက်ကား
‘ထာဝရ ​ကျောင်းသား’ တစ်​ဦးတဲ့။
ဒါဆို ကိုယ်​လည်း ​သင်​ယူ​ဆဲသူ​ပါ့ပဲ။

(၁၇-၀၅-၂၀၂၀)
အယ်ဒီတာအဖွဲ့
The Art Garden Rohingya

 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website