The Blog

တွေးတိုင်း ငိုချင်မိ

ရေးဖွဲ့သူ- Royal Hussein

တို့ ရိုဟင်ဂျာတွေ…
အဆင်ပြေမဲ့ နေ့တစ်နေ့ကို
မျှော်လင့်ချက်ရောင်ခြည်နဲ့
အားတင်းထားပြီး
ခရီးကြမ်းတစ်ခု လျှောက်လာခဲ့ကြတယ်။

တို့ ရိုဟင်ဂျာတွေ…
အခြေအနေအားလျော်စွာ
အေးချမ်းမှုတိုးတက်မှုနဲ့ ဝေးကွာခဲ့ရပေမဲ့
အမျိုးဂုဏ်ဇာတိဂုဏ် မပျက်ခဲ့ပါ။

တို့ ရိုဟင်ဂျာတွေ…
တိုးတက်ပြီးလူမျိုးလို
အမြင်တွေ မကျယ်ပေမဲ့
ကျဉ်းလဲမကျဉ်းခဲ့
စိတ်အစဉ် မြင့်ကျယ်ခဲ့ကြတယ်။

တို့ ရိုဟင်ဂျာတွေ…
ကမ္ဘာကို မမြင်မပတ်ရပေမဲ့
ဘာသာခြားလူမျိုးခြား အချင်းချင်း
ချစ်ခင်ရင်းနှီးခဲ့ကြတယ်။

သို့သော်လည်းပဲ…
သူတို့က ရိုဟင်ဂျာတွေရဲ့
ငြိမ်းချမ်းရေး ပညာရေးနဲ့
မျိုးဆက်သစ်လူငယ်တွေကို
ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တယ်။

သူတို့က ရိုဟင်ဂျာတွေရဲ့
အနုပညာစာပေ ယဉ်ကျေးမှုနဲ့
တတ်သိ ပညာရှင်များကို
ရွည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ခဲ့တယ်။

သူတို့က ရိုဟင်ဂျာတွေရဲ့
အမျိုးဘာသာ သာသနာကို
ဝါဒမှိုင်းမျိုးစုံနဲ့ ခြယ်ကာ
ရွည်ရွယ်ချက်ရှိရှိ
ခွဲခြား စီမံအုပ်ချူပ်ခဲ့တယ်။

နောက်ဆုံးတော့…
တို့ ရိုဟင်ဂျာတွေဟာ
ခက်ခဲကြမ်းတမ်းတဲ့ လောကဓံကြားမှာ
တိတ်ဆိတ်ငြိမ်သက် ရင်နစ်ကြေကွဲ
မသေမရှင် ရပ်တည်နေရပြန်ပြီ။

(၂၀-၀၅-၂၀၂၀) 
အယ်ဒီတာအဖွဲ့
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website