The Blog

ရိုဟင်ဂျာစကားပုံ

“ Raza ré Rajjo ye nokula, Maa-baf oré Fut-ziyian dé nokula.”

(အသံထွက်- ရာဇာရေ့ ရာဂ်ျဂျောယေ နေန်ာကူလာ၊ မာဘာဖ် အော်ရေ့ ဖူတ်ဇီယိုင်န်ဒဲ့ော်ကူလာ)

မြန်မာဘာသာပြန်

“ ဧကရာဇ်ဘုရင်ဟူသည်​ နယ်ပယ်သိမ်း အင်​ပါယာချဲ့ခြင်းမှာ မ​ရောင့်​ရဲတတ်​သလို၊ မိဘဟူသည်​လည်း သားသမီးများအ​ပေါ် ​မေတ္တာထားခြင်းမှာ မရောင့်ရဲတတ်​​ပေ။ ”

အင်္ဂလိပ်ဘာသာပြန်

“However wide the territory is, it’s not enough for a King. However many kids, it’s never enough in love for parents”

– ဆိုလိုရင်း

ဤ စကားပုံသည် မိဘမေတ္တာ ကြီးမားပုံကို ဆောင်သော စကားပုံ တစ်ခုဖြစ်သည်။ စကားပုံ၏ လုံးချင်းအဓိပ္ပာယ်မှာ Raza (ရှင်ဘုရင်)၊ Raijjo (တိုင်းပြည်)၊ Nokula (မလုံလောက်) နှင့် Maa-baf (မိဘ)၊ futziyian (သားသမီး)၊ Nokula (မလုံလောက်) ဟု ဖြစ်သည်။

မိဘတို့အတွက် သားသမီးသည် မည်မျှပင် များပြားလှပါစေ တင်းတိမ် ရောင့်ရဲခြင်းမရှိတတ်​ပါ။ ဤသည်​ကား သားသမီးများများ ​မွေးဖွားရန်ဟု ဆိုလိုသည်​မဟုတ်​ဘဲ သားသမီးမည်​မျှပင်​ များပြားပါ​စေ မိဘတို့အတွက်​ ချစ်​၍ မတင်းတိမ်​နိုင်​၊ ချစ်​မဝနိုင်​​ကြောင်းကို ဆိုလိုခြင်း ဖြစ်​ပါသည်​။ မဟာသမုဒ္ဒရာ ရေကို ပုံပမာထားလျှင် မိဘမေတ္တာရှေ့တွင် ထိုရေသည်ပင် ဝိစ္စမျှခန့်သာရှိပါလိမ့်မယ်။ မိဘမေတ္တာကား အတိုင်းမသိ ကြီးမားကျယ်​ပြန့်​လှပါသည်။ မိဘသည် သားသမီးများကို ချစ်ရာတွင် ရောင့်ရဲနိုင်ခြင်း မရှိ ဟူသော သဘာဝတရား၏ မဟာနိယာမ တစ်ခုကို ဖော်ထုတ်ပေးခြင်း ဖြစ်​ပါသည်​။

စကားပုံထီထွင်​သူက မိဘတို့၏ ​မေတ္တာတရား ကြီးမားကျယ်​ပြန့်​ပုံကို ထင်​ရှား​စေလို​သောအားဖြင့်​ ​မင်းဧကရာဇ်​တို့၏ အင်​ပါယားချဲ့ခြင်းအ​ပေါ် မ​ရောင့်​ရဲတတ်​ပုံနှင့်​ ခိုင်းနှိုင်းထားပုံမှာ ရူပကအလင်္ကာ​မြောက်​ပြီး အင်​မတန်​ ထိမိလှပါသည်​။ မြန်မာစကား ပုံနှိုင်းပြောလျှင် မိဘသည် သားသမီးအပေါ်ထားရှိသော မေတ္တာသည် ငတ်မပြေသော ရေနှင့် တူသည်။ “သောက်လေသောက်လေ ငတ်မပြေ” သကဲ့သို့ မိဘတို့သည်လည်း သားသမီးတို့ကို ချစ်လေချစ်လေ ငတ်မပြေ မပြေပါ။ ထို့အတူ အင်္ဂလိပ် ဘာသာစကားတွင်လည်း “There’s no pleasing for some people” (တချို့လူတွေဟာ ရှိတာနဲ့ ရောင့်ရဲကျေနပ်ခြင်း မရှိကြပါ။) ဟူ၍ ဆင်တူ စကားပုံများရှိကြပါသည်။

မိဘများသည် သားသမီးအတွက် ဘဝတစ်ခုလုံးကို ပုံအပ်ချစ်ခင်ကြသည်။ မိမိသည် အနစ်နာခံ၍ သားသမီးရှေ့ရေး သာယာလှပရေးကိုသာ မျှော်ကြသည်။ သားသမီးတို့ အနေပျော်လျှင် မိဘစိတ်ချမ်းသာရာ ရောက်သည်။ မြန်​မာစကားပုံတွင်​မူ မိဘတို့၏ ​မေတ္တာတရားကြီးမား ကျယ်​ပြန့့်​ပုံကို “မိဘ​မေတ္တာသည်​ မြင်းမိုရ်​​တောင်​ထက်​ ကြီးမားသည်​” ဟူ​၍ ​ဖော်​ညွှန်းထားသည်​ကို ​တွေ့ရမည်​ပင်​ ဖြစ်​ပါသည်​။

လူမျိုးတိုင်းတွင်​ မိမိတို့၏ ကိုယ်​ပိုင်​စကားပုံ၊ ဆိုရိုးစကား များ ရှိကြရာ လူမျိုးတိုင်း၏ စကားပုံ၊ ဆိုရိုးစကားများဖွဲ့ပုံသည်​ ကျစ်​ကျစ်​လျစ်​လျစ်​ရှိပြီး အလင်္ကာ​မြောက်​သည့်​ အဖွဲ့အနွဲ့ ဖြစ်​သည်​မှာ စကားပုံတို့၏ အလှတရားနှင့်​ ထူးခြားသည့်​ ဝိ​သေသလည်းဖြစ်​ပါသည်​ဟု ဆိုချင်​ပါသည်​။

ရိုဟင်​ဂျာတို့မှာလည်း ထို့သို့​သော စကားပုံနှင့်​ ဆိုရိုးစကားများ ​ပြောမဆုံး​ပေါင်​ ​တောသုံး​ထောင်​ ရှိ​နေသည်​ဖြစ်​၍ ဤစကားပုံသည်​လည်း တစ်​ပုဒ်​အပါအဝင်​ဖြစ်​​ကြောင်း တင်​ဆက်​လိုက်​ရပါသည်​။

(လူထုဝဏ္ဏ)

27-5-2019 
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website