The Blog

ရိုဟင်ဂျာ့ဆိုရိုးစကားပုံ(၁၈)

“ Ze galor é suwar/ Zeen galor eén suwar ”

(အသံထွက်- ဇေန်ဂါလောရ် အဲ့န် ဆွာရ်)

မြန်မာဘာသာပြန်
————————
“ ကျားကြီးသော် ခြေရာကြီးသည် ”

အင်္ဂလိပ်ဘာသာပြန်
—————————-
“The bigger the cheek, the tougher the slap.”

– ဆိုလိုရင်း

ဤ စကားပုံကား ပါးပြင်ကြီးလျှင် အရွယ်နှင့်လိုက်အောင် လက်ဝါးကလည်း ကြီးသည် ဟု ဆိုလိုခြင်းမှာ မိမိ၏ အသက်အရွယ်၊ ရာထူးအဆင့်အတန်း ကြီးလာသည်နှင့်အမျှ တာဝန်ဝတ္တရားများသည်လည်း ကြီးမားလာမည်ဟု ဆိုလိုပါသည်။ စကားပုံ၏ လုံးချင်း အဓိပ္ပာယ်မှာ Gal (ပါး)၊ suwar (ပါးသတ်ခြင်း) ဟူ၍ ဖြစ်သည်။ Zeen galor eén suwar ဟုလည်း ဆိုရိုးရှိသည်။

အရာအထူး၊ အခြေအနေ၊ ၀င်ငွေ စသည် တိုးတက်လာသောအခါ သက်သာ ချောင်ချိမည်ဟု ထင်မှတ်ရစေကာမူ တာ၀န်၊ အကြပ်အတည်း၊ အသုံးစရိတ် စသည်တို့ မှာလည်း အချိုးကျ တိုးတက်လာသည်သာဖြစ်၍ အခွင့်အလမ်းနှင့် တာ၀န်သည်လည်း ကောင်း၊ အရနှင့်အသုံးသည် လည်းကောင်း လိုက်ဖက်စွာ တိုးတက်လာတတ်သည့် သဘောတရားကို ဖော်ပြပါသည်။

မိမိသည် ကောင်းမှုကောင်းရာပြုရာတွင် လည်းကောင်း၊ မကောင်းမှုပြုမိရာတွင် လည်းကောင်း မိမိ၏ အရင်းအနှီးအလျောက် မိမိပြန်ခံစားရမည်မှာ မုချပင်တည်း။ ခေါင်းဆောင်တစ်ဦး၏ လုပ်ဆောင်ချက်များသည် ခေါင်းဆောင်အလျောက် အကျိုးသက်ရောက်မည်ပင်ဖြစ်ပေသည်။ သာမန်ကာလျှံလူသည် သာမန်အဆင့် ကောင်းကျိုး၊ ဆိုးကျိုး ခံစားရပေမည်။

ဤစကားပုံကား မိမိ၏ ကာယကံ၊ ဝစီကံ၊ မနောကံ တို့၌ သတိတရား၊ ဆင်ခြင်ထုံးတရားကို ရှေ့ထားပြီး လုပ်ဆောင်ရန် တိုက်တွန်း လှုံ့ဆော်ခြင်း ဖြစ်သည်။ မိမိ၏ ကျူးလွန်မှု ကြီးလာလေ၊ ပြစ်ဒဏ်လည်း ကြီးလာမည်ဖြစ်ကြောင်း၊ မိမိ၏ လုပ်ဆောင်ချက်နှင့်အညီ ကောင်းကျိုး၊ ဆိုးကျိုး ခံစားရမည်ဖြစ်ကြောင်း ဆုံးမသော ရှေးဆိုရိုးစကားပုံ တစ်ခု ဖြစ်ပေသည်။

လူထုဝဏ္ဏ
(19.9.2019)

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website