The Blog

Dáijjá-fuçí Háddí Roiyé ကဗျာ အသံထွက် ရေးအဖွဲ့၊ ကဗျာနောက်ခံ ရှင်းလင်းချက် နှင့် ဝေါဟာရအဖွင့်

 

“Dáijjá-fuçí Háddí Roiyé”

 

ခေတ် – ဗြိတိသျှောရ် အခေရီဇောဘာနာ (ကိုလိုနီနောက်ပိုင်း)

အမျိုးအစား- ဖန်ချာရီ

ရေးသူ- အမည်မသိရှေးစာဆို

 

 

၁။ ကဗျာအသံထွက်

Dáijjá-fuçí Háddí Roiyé

(ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီး ရွိက်ယေ့)

 

Bandorjjarlá buo ander dé, undujja dóijje sáti

(ဘင်ဒေါရ်ဂျာရ်လား ဘို အာင်နဲရ်ဒေ့၊ အုံဒူရ်ဂျာ ဒိုဂ်ျဂျေ ဆားထီး)

Kuna-beñg e dhúl bajjar dé, tutthui zar boirati.

(ကူနာဘင်အေ ဓုလ် ဘိုက်ဂျာရ် ဒေ့၊ တုတ္တွီဇာရ် ဘိုရိုက်တီ)

 

O bái ré, Sool soreddé murár bútor, bak sorer ailot

(အို ဘိုက်ရေ၊ ဆော်လ် စောရေဒ္ဒေ မူရာ့ရ် ဘုတော်ရ်၊ ဘာခ် စောရေရ် အိုင်လောတ်)

Dessuá, Kuilá fiyaiñjja dhoóre, noboyér gasót.

(ဒေစ်ဆွာ၊ ကူအိလား ဖီညာဂ်ျဂျာ ဓော်ရေ၊ နဘိုယဲရ် ဂါစောတ်)

 

Bilai ré mas basádí buo giyé gói farat

(ဘီလိုက်ရေ့ မာစ်ဘာဆာ့ဒိ၊ ဘို ဂီယေ့ဂိုဝ် ဖာရာတ်)

Madal gasót dóri roiyé aiñthá kelar sóra.

(မာဒါလ် ဂါစောတ် ဒေါ်ရီရွိက်ယေ့၊ အိုင်တ္တာကေလာရ် စော့ရ)

 

Moyur naser fak melídí boga giyé saitó

(မယူရ် နာဆေရ် ဖာခ် မေလိဒီး၊ ဘောဂါ ဂီယေ့ ဆိုက်သိုဝ်)

Dáijjáfuçí háddi roiyé boga dóri háitó.

(ဒါ့ဂ်ျဂျာပူရိ ဟာဒ္ဒီ ရွိက်ယေ့၊ ဘောဂါ ဒေါ့ရီ ဟိုက်သိုဝ်)

 

Lutifukór feth honránít goru háiye baçi

(လူတီဖုခ်အောရ် ဖေတ်ဟောင်ရနိသ်၊ ဂေါရူ ဟိုက်ယေ ဘာရီ)

Dhoñr dhoñr háñti morer fiyañrár téñgot fori.

(ဓောင်ရ်ဓောင်ရ် ဟင်တီ မောရေရ်၊ ဖီညာရာရ် တဲဉ်အောတ် ဖောရီ)

 

Masór dhore zailla dáiye noo zal eri

(မာစော့ရ် ဓော်ရေ ဇိုက်လ္လာ ဒိုက်ယေ၊ နော ဇာလ် အေရီ)

Mancór dhoore manúic luwar mocórít góli.

(မာန်ချော့ရ် ဓော်ရေ မာနုခ်ျ လုဝါရ်၊ မောချောရီတ် ဂေါ့လိ)

 

— Osin Cáyer (Fancari)

(ဩစီန် ရှားယေရ်| ဖန်ချာရီ)

 

 

၂။ ကဗျာအရေးအဖွဲ့၊ ကဗျာနောက်ခံနှင့် ရှင်းလင်းချက်

———————————

 

ဒီ ဖာန်ချာရီကဗျာဟာ ခေတ်ရဲ့ ကမောက်ကမဖြစ်ပုံကို ဖော်ကျူးထားတဲ့ ရှေးစာဆိုတစ်ဦးရဲ့ တေးကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ တိုးတက်လာတဲ့ကမ္ဘာကြီးမှာ အမုန်းတရားတွေ၊ အမိုက်တရားတွေက တဖြည်းဖြည်း ဖုံးလွမ်းလာလို့ ရှေးခေတ်အစဉ်အလာ ထုံးတမ်းဓလေ့နဲ့ ယဉ်ကျေးမှုတွေ လောကသဘာဝ ပြောင်းလဲကာ ယဉ်ကျေးတဲ့ လူဘောင်အဖွဲ့အစည်း ပျက်စီးနေပုံကို ဥပမာအဖွဲ့တွေနဲ့ ရသမြောက်အောင် စပ်ဆိုထားတာဖြစ်တယ်။ ဒီခေတ်ကာလကို သရော်ထားတဲ့ကဗျာနဲ့ လူတွေ အသိအမြင်ရလာအောင် ပျက်စီးယိုယွင်းနေတဲ့ လူ့အဖွဲ့အစည်း ယဉ်ကျေးမှုကို အချိန်မီ ဆင်ဆင်ခြင်ခြင် ပြုပြင်နိုင်အောင် ကဗျာဆရာက နိုးဆော်ထားခြင်းဖြစ်ဟန်ရှိပါတယ်။

 

ဖန်ချာရီကဗျာတွေဟာ ဟာသရသမြောက်အောင် ဖွဲ့ဆိုတဲ့ ကဗျာအမျိုးအစားဖြစ်တယ်။ ဖန်ချာရီကဗျာတွေကို ဘယ်ခေတ် ဘယ်ချိန်က စတင်ဖွဲ့ဆိုလာခဲ့တာကို အတိအကျဖော်ပြရန် ခဲယဉ်းပေမယ့် ခေတ်အဆက်ဆက်မှာတော့ ထိုကဗျာမျိုးကို တွေ့ရှိရပါတယ်။ အဓိကတော့ မောင်ဘွဲ့မယ်ဘွဲ့ကဗျာလို ချစ်ရေးကြိုက်ရေးကို အလေးထားဖွဲ့ဆိုလေ့ရှိတဲ့ ကဗျာမျိုးဖြစ်ပါတယ်။ ဒီကဗျာမှာကျတော့ ထူးထူးခြားခြား ခေတ်ကလကို ဖော်ကျူးထားတာ တွေ့ရှိရပါတယ်။ ဗြိတိသျှဇာပနာ (ကိုလိုနီခေတ်) နောက်ပိုင်းလောက်က ကဗျာလို့ ခန့်မှန်းနိုင်တဲ့ ဒီကဗျာရဲ့ ဒေသနောက်ခံကျတော့ တောတောင်အင်းအိုင်တွေနဲ့ သာယာတဲ့ ကျေးလက်ဒေသလို့ ယူဆနိုင်တယ်။ ကဗျာမှာ တောတောင် တိရစ္ဆာန်တွေ၊ ကျေးငှက်တွေ၊ ငါးတွေနဲ့ ဥပမာပေးဖွဲ့ဆိုထားတာကို လေ့လာခြင်းဖြင့် စာဆိုကလည်း ကျေးလက်ဒေသခံတစ်ဦးဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။ ကဗျာဖွဲ့ပုံကလည်း နည်းစနစ်ကျကျနဲ့  စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ လင်္ကာပိုဒ်တစ်ပိုဒ်မှာ စာနှစ်ကြောင်းစီနဲ့ စာတစ်ကြောင်းမှာ ပုဒ်(၆)ပုဒ်စီ သပ်သပ်ရပ်ရပ် ဖွဲ့ဆိုထားတယ်။ အသွားကလည်း ပြေပြစ်ချောမောလှတယ်။ ပါဒတိုင်းမှာ အကျိုးနဲ့အကြောင်းကို အံကိုက်မျှတေအောင် စာဆိုက အားထုတ်ထားတာလဲ ချီးကျူးလောက်ဖွယ် တွေ့ရပါတယ်။ ကာရန်ရော ပုဒ်အရေအတွက်ရော ချိတ်ညှိထားတဲ့အပြင် ရည်ရွယ်ချက်သို့ရောက်အောင် ပို့ဆောင်နိုင်ခဲ့တဲ့ ဒီကဗျာဖွဲ့ပုံက စံထားနိုင်တယ်လို့ မှတ်ချက်ပြုနိုင်ပါတယ်။

ဒီ ဒါ့ဂ်ျဂျာပူရိ ဟဒ္ဒီရောယေ့ ကဗျာရဲ့ လေးနက်တဲ့ အနက်ကို ယေဘုယျအားဖြင့် လေ့လာကြည့်သော်-

ကဗျာအစပိုဒ်မှာ

“Bandorjjarlá buo ander dé undujja dóijje sáti,| Kuna beng e dhúl bajjar dé tuttui zar boirati.”

“မျောက်မင်းရဲ့ မင်္ဂလာဆောင်ပွဲမှာ ကြွက်ကလေးက သတိုးသားအရံအဖြစ်လိုက်ကာ သတို့သားကို ထီးဆောင်းပေးနေတယ်။ မင်္ဂလာပွဲပျော်ရေးရွှင်ရေးမှာ ဖားပြုပ်က ဗုံစည်တီးခတ်လျက် ပျော်မြူးနေတယ်။ အိမ်မြှောင်ကတော့ သတို့သမီးပင့်မယ့်အဖွဲ့နဲ့ တကောက်ကောက် လိုက်ပါသွားတယ်။” လို့ ဖွဲ့ဆိုထားတယ်။ ဒီအပိုဒ်က အသား၊ အရောင် မတူကွဲပြားတဲ့ အမျိုးအချင်းချင်း တစ်ချိန်က စည်းလုံးညီညွတ်မှုရှိကြပုံ၊ သဟဇာတ အားကောင်းခဲ့ပုံကို ထင်ရှားစေတယ်။ မျောက်၊ ဖား၊ ကြွက်၊ အိမ်မြှောင် တစ်ကောင်နဲ့တစ်ကောင် မျိုးမတူ၊ နေထိုင်မှု စရိုက်သဘာဝမတူငြားလည်းပဲ ညီကိုမောင်နှမအချင်းချင်းလို စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြတဲ့ ရှေးခေတ်က ညီညွတ်မှုတစ်ခုကို စာဆိုစိတ်ကူးနဲ့  ထုတ်ဖော်ထားတာ ဖြစ်ပါတယ်။

ကာလနောက်ခံကို ဖော်ပြရာမှာလည်း မျောက်တွေ မိတ်လိုက်တဲ့အချိန်၊ ထီးဆောင်းရတဲ့အချိန်၊ ဖားအော်တဲ့အချိန်ကို ကြည့်ချိန်ဖြင့် မိုးဦးရာသီဖြစ်ကြောင်း ထင်ရှားစေပါတယ်။ “zor o dér roit ó der, bandorja ré biyá der” ဆိုတဲ့ ဒီရှေးလင်္ကာက မိုးဦးကာလ နွေတလှည့်၊ မိုးတလှည့် ဖြစ်နေချိန်တွင် မျောက်တို့ မင်္ဂလာဆောင်တယ်။ မျေက်တို့ရဲ့ မိတ်လိုက်ရာသီဖြစ်တယ်လို့ ရှေးလူကြီးတို့ရဲ့ ယူဆချက်တစ်ခု ရှိတယ်။ အဲ့ဒါကို စာဆိုက ဒီကဗျာမှာ သရုပ်ဖော်ကာ အချင်းချင်း ညီညွှတ်မှုကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် မိုးရာသီ ဖားများ အော်သံကိုလည်း သဘာဝအလှအဖြစ်ရှူမြင်ကာ တူရိယာသံနဲ့ တင်စားထားတယ်။

ပြီးတော့ ကဗျာဆရာက အခုခေတ်ဟာ အထက်က ဖော်ပြခဲ့တဲ့ ရှေးရွှေခေတ်နဲ့ မတူတော့တာကို-

“O bái ré… Sool soreddé murár bútor bak sorer ailot,|Dessuá kuilá fiyaiñjja dhóore noboyér gasót.”

” အိုအဆွေ… ဆိတ်တွေကို တောင်ပေါ်မှာ ကျောင်းရပြီးတော့ ကျားတွေက လယ်ကွင်းထဲရောက်လာတယ်။ ဥဩငှက်၊ ငှက်တော်တွေကို စာကလေးတွေကခြောက်လို့ သစ်ပင်မှာတောင် မနားရဲတော့ဘူး။” လို့ ဖွဲ့ဆိုထားတယ်။ အခုခေတ်ဟာ ရှေးခေတ်လို ညီညွှတ်မှုမရှိတော့ဘူး။ စည်းလုံးမှု ပြိုကွဲသွားလို့ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပုံကို ညည်းည်ည်းညူညူ သရုပ်ဖော်ထားခြင်းဖြစ်တယ်။ ဒါ့အပြင် အဘက်ဘက်မှာ အန္တရာယ်နဲ့ ပြည့်စုံတဲ့ ပတ်ဝန်းကျင်ကိုလည်း လေးနက်ဖော်ပြထားတာဖြစ်တယ်။ လယ်ကွင်း၊ ကန်သင်းတွေမှာ ကျက်စားတဲ့ ဆိတ်တွေဟာ အခု တောင်ပေါ်တက် ကျောင်းနေရပြီ။ ကုန်းပေါ်မှာ သားရဲတိစ္ဆာန်တွေ ထွက်လာပြီးတော့ ရန်ပြုနေတော့ ယခင်ကလို လယ်ကွင်း ကန်သင်းမှာ မနေသာဘူး။ တောတက်ရလေတယ်။ ဆိတ်ခမျာ တောထဲမှာလဲ အနေမသာဘူး။ သားရဲတိရစ္ဆာန်ပေါ့တော့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပဲ။ ကျားရဲကလည်း ဆိတ်နေရာကို လုယူထားလို့ ချမ်းမြေ့မှာတော့မဟုတ်ဘူး။ သူ့အတွက်လဲ အန္တရာယ်တွေ၊ အခက်အခဲတွေ များလာတာပါပဲ။ နောက်တစ်ဖက်က တစ်နေရာတည်း အတူကျက်စားခဲ့တဲ့ ကျေးငှက်တွေလည်း အခု ညီညွှတ်မှု၊ လုံခြုံမှုမရှိတော့ဘူး။ လူတွေကို အသံနဲ့ သာယာစေတဲ့ ဥဩငှက်တွေ၊ နွားကျောကုန်းပေါ်မှာ နားကာ အဖော်ပေးတဲ့ ကျွဲနွားတွေမှာမှီကပ်တတ်တဲ့ ပိုးမွှားများကို စားသောက်ကာ သူ့အကျိုးပြုတတ်သော ငှက်တော်တွေတောင် စာကလေးလို ငှက်ကလေးကို ကြောက်နေရတော့တယ်။ လောကဟာ သူနေရာနဲ့သူ တည့်တည့်မတ်မတ် မရှိတော့ဘူး။ တစ်ယောက်ကိုတစ်ယောက်၊ တစ်စုကို တစ်စု အကျိုးစီးပွားပျက်စီးအောင် ရန်ပြုတတ်တဲ့ ခေတ်ရေစီးနဲ့ မျောပါနေကြောင်း စာဆိုရဲ့ ထင်မြင်ချက်ကို စာဖတ်သူအား အို…အဆွေဟု တိုက်ရိုက်ပြောပြဟန်နဲ့ ထုတ်ဖော်ထားတာဖြစ်တယ်။

 

တဖန် စာဆိုက တာဝန်ပေါ့လျော့မှုနဲ့ မျက်ကန်း ယုံကြည်မှု တိုးပွားလာပုံကို-

” Bilai ré mas basádí buo giyé gói farat.| Madal gasót dóri roiyé aiñthá kelar sóra.”

“ကြောင်ကို ငါးကိုင်ခိုင်းလို့ အိမ်ရှင်မက ရွာထွက် ပတ်လည်နေတယ်။ ကသစ်ပင်မှာ ဆင်ပေါင်ငှက်ပျောခိုင် တွယ်နေတယ်။” လို့ ရေးစပ်ထားတယ်။ ငါး၊ပုဇွန်ကြိုက်တဲ့ ကြောင်ကို ယုံးစားမိပြီးတော့ ငါးတွေကိုတဖန် စာဆိုက တာဝန်ပေါ့လျော့မှုနဲ့ မျက်ကန်း ယုံကြည်မှု တိုးပွားလာပုံကို-

” Bilai ré mas basádí buo giyé gói farat.| Madal gasót dóri roiyé aiñthá kelar sóra.”

“ကြောင်ကို ငါးကိုင်ခိုင်းလို့ အိမ်ရှင်မက ရွာထွက် ပတ်လည်နေတယ်။ ကသစ်ပင်မှာ ဆင်ပေါင်ငှက်ပျောခိုင် တွယ်နေတယ်။” လို့ ရေးစပ်ထားတယ်။ ငါး၊ပုဇွန်ကြိုက်တဲ့ ကြောင်ကို ယုံးစားမိပြီးတော့ ငါးတွေကို တုံးတစ်ခိုင်းတာ၊ ငါးစောင့်ခိုင်းတာက အမိုက်လွှမ်း အယုံလွယ်မှု၊ ဆင်ခြင်မှုနည်းတာမျိုး၊ ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ ဖျော်ဖြေနေတာက လူတွေ ကိုယ့်တာဝန်ကိုယ် ကျေပွန်မှု ပေါ့လျော့တာမျိုး ဖြစ်လာတယ်လို့ ဆိုလိုပါတယ်။ ပြီးတော့ ဖြစ်ရိုးသဘာဝမရှိတဲ့ဟာတွေ ဖြစ်နေပုံကိုလည်း ငှက်ပျော့ပင်မှာ ငှက်ပျော့သီးမသီးဘဲ ကိုယ်ထည်မှာ ဆူးပြည့်တဲ့ ကသစ်ပင်တွေမှာ သီးနေဟန်နဲ့ ဥပမာပေးထားတယ်။ သူတော်ကောင်း ထင်မှတ်ခံရသူတွေက ဒုစရိုက်လုပ်ငန်းဆောင်တာတွေနဲ့၊ ပညာရှင်တွေဆီကနေ ပညာ့ရောင်ခြည်မထွက်ဘဲ လူမိုက်အမှောင်တွေ ဖြန့်ထွက်နေတဲ့ လောကသဘောကို စာဆိုက ထုတ်ဖော်ထားတာဖြစ်ပါတယ်။

 

ပြီးတော့ သူတစ်ပါးကောင်းစားနေခြင်းကို မုဓိတာမပွားဘဲ မနာလိုစိတ်၊ ရာဂစိတ် ဖြစ်တည်လာပုံကို –

“Moyur naser fak melídí boga giyé saitó.| Dáijjáfuçí háddi roiyé boga dóri háitó.”

“အတောင်ဆန့်ဆန့်ကနေတဲ့ ဒေါင်းကပွဲကို ဗျိုင်းကလေးက သွားကြည့်တယ်။ အဲ့ဒီဗျိုင်းကို ဒါဂ်ျဂျာချောင်းနေ ငါးဘဲဖြူက ဖမ်းစားဖို့ ချောင်းချိန်နေတယ်။” လို့ ဖွဲ့ဆိုထားတယ်။ ဒီအပိုဒ်က သူတစ်ပါးရဲ့ ပျော်ရွှင်မှုကို မနာလို ဝန်တို ပြီးတော့ မိမိကိုယ့်ကို အန္တရာယ်ထဲ တွန်းပို့တတ်တာကို သရုပ်ဖော်ထားတာဖြစ်တယ်။ ဥဒေါင်းနဲ့ ဗျိုင်းတို့ မြူထူးသာယာနေတဲ့ အခိုက်အတန့်လေးကို ငါးဘဲဖြူက မရှုဆိတ်နိုင်ဘူး။ မနာလိုဖြစ်ပြီးတော့ သူတို့ရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက်ပေးရန် ကြံစည်နေတာဖြစ်တယ်။ ဒီလို ဗျိုင်းကို သတ်စားနိုင်ဖို့ အကြံအစည်က ငါးဘဲဖြူရဲ့ အသက်အန္တရာယ်ဖြစ်လာနိုင်တာကိုတောင် ဝန်မလေးကြဘူး။ မနာလိုဝန်တိုမှုဟာ ဒီလောက်တောင် မိုက်ကားသွားပြီလို့  စာဆိုက အသိအမြင်ပေးထားတာဖြစ်တယ်။

 

အဲ့ဒီနောက် လူတွေမှာ ကြည်ဖြူ ရိုးသားခြင်းထက်  မောက်မာကြွားဝါးခြင်း၊ ပြစားခြင်းကို အသာပေးနေတဲ့ စိတ်ယုတ်ဝင်လာပုံကို-

” Lutifukór feth honránít goru háiye baçi,| Dhoñr-dhoñr háñti morer, fiyañrár téñgot fori.”

“ဖြုတ်ရဲ့ ဝမ်းကိုက်နာမှာ နွားအကောင်လိုက်ကြိတ်ချေကာ ဆေးဖျော်လို့ သောက်သုံးတယ်။ ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေရတော့တယ်။” လို့ စပ်ဆိုထားတယ်။ ဒီအပိုဒ်က အသေးအမွှား ကိစ္စတွေအတွက် အားအင်ငွေကြေး အဆမတန် သုံးစွဲတာ၊ မော်ချင်တာကြွားချင်တာ၊ မာန်မာနကြွားဝါး မောက်မာမှုတွေကို အလေးထား ဆောင်ရွက်လာတာကို ထင်ရှားအောင် သရုပ်ဖော်ထားတာဖြစ်တယ်။ ပုရွက်ဆိတ်ရဲ့ အနင်းခံရလို့ ဆင်ကြီးတွေသေနေရတယ်ဆိုတာကလည်းပဲ ရာထူးအဆင့်အတန်း၊ ငွေကြေးတွေရဲ့ မာနအရှိန်ကြောင့် သက်ကြီးလူကြီးတွေရဲ့ ပြောဆိုဆုံးမ လမ်းညွှန်တာကို လူငယ်တွေက တန်ဖိုးမထားတော့ဘူး၊ အနာမခံတော့ဘူး။ အရိုအသေမပြုကြဘူး။ ရိုသေလေးစားတဲ့ ယဉ်ကျေးမှု ပျောက်ကွယ်သွားနေတယ်။ ဉာဏ်အမြော်အမြင်ကြီးမားတဲ့၊ ဘဝအတွေ့အကြုံများတဲ့ လူကြီးမိဘတွေကို လျစ်လျူရှုခံရပုံကို စာဆိုက ရင်ဖွင့် ပြဆိုထားတာဖြစ်တယ်။

 

နောက်ဆုံးတွင် လောဘ၊ မောဟ၊ အမုန်းတရားများ လွမ်းမိုးလာပုံကို-

” Masór dhoore zailla dáiye noo zal eri,| Mancór dhore manúic luwar mocórít góli.”

” ငါးတွေကို ကြောက်လို့ တံငါသည်က လှေ၊ ပိုက်ကွန်တွေ ပစ်ချပြီးတော့ ထွက်ပြေးရတယ်။ လူလူချင်းအတူတူဖြစ်ပေမဲ့ သားရဲတိရစ္ဆာန်ကိုကြောက်သလို ကြောက်ပြီးတော့ ခြင်ထောင်အုပ်လို့ ပုန်းကွယ်နေရတော့တယ်” လို့ စပ်ဆိုထားပါတယ်။ ဆိုလိုတာက ငါးက ငါးဖမ်းသမားတွေကိုမြင်လို့ ကြောက်ပြေးရမယ်အစား ငါးဖမ်းသမားကိုယ်တိုင် ထွက်ပြေးနေရတယ်။ လက်အောက်ငယ်သားတွေကို သူကြီးကိုယ်တိုင် ကြောက်နေရလောက်အောင် နိဝါတတရား၊ သစ္စာတရား ကင်းမဲ့နေတယ်လို့ တင်စားရေးဖွဲ့ထားဟန်ရတယ်။ လူလူချင်းအတူတူဖြစ်ပေမယ့် လူတွေကို လူတွေကပဲ ကြောက်လန့်နေရတဲ့ ခေတ်ရောက်နေပြီ။ မောဟ လောဘ ဖုံးလွမ်းလို့ အမုန်းတရား၊ မနာလိုမှုတွေကြောင့် တစ်ဦးကိုတစ်ဦး နစ်နာဆုံးရှုံးစေတာ၊ အနိုင်ကျင့်ဖိနှိပ်တာ စတဲ့ဟာတွေကြောင့် ယခင်ခေတ်လို ချစ်ချစ်ခင်ခင် ပေါင်းသင်းမနေထိုင်နိုင်တော့ဘဲ ရှောင်ရှောင်ဝေးဝေး ကြောက်စိတ်တွေနဲ့နေရပုံကို ထင်ရှားပေါ်လွင် မီးမောင်းထိုးပြတာဖြစ်ပါတယ်။

 

နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ခေတ်ကို သရော်ထားတဲ့ ဒီကဗျာမှာ ယိုယွင်းပျက်စီးနေတဲ့ လူ့ယဉ်ကျေးမှုတွေကို သိမြင်ထင်ရှားလာအောင် အဖွဲ့အစပ်စွမ်းရည်နဲ့ မွန်မြတ်တဲ့ အတွေးအခေါ်ဖြင့် စာဆိုက စေစေစပ်စပ် ထိထိမိမိ ဖော်ကျူးထားပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှကြောင်း သုံးသပ်တင်ပြပါတယ်။

 

၃။ ဝေါဟာရအဖွင့်

 

Bandorjjarlá     = မျောက်ထီးအတွက်။

buo         = မယား၊ မိန်းမ။

ander dé     = ယူဆောင်လာတဲ့အခါ။

Undujja     = ကြွက်ထီး။

dóijje sáti     = ထီးဆောင်းပေးသည်။

Kuna beng     = ဖားပြုပ်။

dhúl         = ဗုံ။

bajjar dé     = တီးခတ်သည်။

tuttui         = အိမ်မြှောင်။

zar         = သွားနေသည်။

boirati         = သတိုးသမီးပင့်မယ့်အဖွဲ့ဝင်။

O bái ré     = အို အဆွေ။

Sool         = ဆိတ်။

sorer dé     = ကျက်စားသည်။

murár bútor     = တောထဲမှာ။

bak          = ကျား။

ailot         = ကန်သင်းမှာ။

Dessuá         = ငှက်တော်။

kuilá         = ဥဩငှက်။

fiyaiñjja     = စာကလေး။

dhoóre        = ကြောက်၍။

noboyér     = မနားချေ။ မထိုင်ချေ။

gasót         = သစ်ပင်မှာ။

Bilai ré         = ကြောင်ကို။

mas         = ငါး။

basádí      = တုံးတစ်ခိုင်းသည်။ ငါးကိုင်စေသည်။

giyé gói     = သွားပြီ။

farat         = ရွာမှာ။

Madal gasót     = ကသစ်ပင်မှာ။

dóri roiyé     = သီးနေသည်။

aiñthá kelar sóra = ဆင်ပေါင်ငှက်ပျော့ခိုင်။

Moyur         = ဥဒေါင်း။

naser         = ကနေသည်။

fak melídí     = အတောင်ဆန့်၍။

Boga         = ဗျိုင်း။

saitó         = ကြည့်ရှုရန်။

Dáijjáfuçí     = ဒါဂ်ျဂျာချောင်း၏ ငါးဘဲဖြူ။                (အညာဘက်က ဆင်းသက်လာသည့် ချောင်းကို ဒါဂ်ျဂျာချောင်းဟုလည်း ခေါ်သည်။)

háddi roiyé     = ချောင်းကြည့်နေသည်။

dóri háitó    = ဖမ်းစားရန်အတွက်။

Lutifuk ór     = ဖြုတ် ၏။

feth honránít     = ဝမ်းကိုက်ဝေဒနာမှာ။

goru         = နွား။

háiye         = စားခဲ့သည်။

baçi         = ကြိတ်ချေလျက်။

Doñr-doñr     = ကြီးမားသော။ ဧရာမ။

háñti         = ဆင်။

morer         = သေနေသည်။

fiyañrár         = ပုရွက်ဆိတ်၏။

téñgot fori     = ခြေနင်းခံရပြီး။

Masór         = ငါး၏ ။

dhore         = ကြောက်ရွံ့မှုကြောင့်။

zailla         = တံငါသည်။

dáiye         = ထွက်ပြေးသည်။

Noo           = လှေ။

zal             = ငါးဖမ်းပိုက်ကွန်။

eri             = ထား၍၊ ပစ်ချ၍။

Mancór      = လူတို့၏။

manúic      = လူ။

luwar         = ပုန်းကွယ်သည်။

mocórít      = ခြင်ထောင်ထဲမှာ

góli            = ဝင်၍။

 

***

 

– ရိုဟင်းကိန်း

(၁၇-၈-၂၀၂၂)

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website