The Blogs

Nov 2023

  အတိတ်က ကြောက်မက်ဖွယ်ရာ သောကြာနေ့   ရေးသား- Zendaya Win   မနက် ၇ နာရီ ... ဇင်ဇင်က (၇တန်း) ပုံမှန်သွားနေကျအတိုင်းပဲ ကျူရှင်သွားတက်နေပါတော့တယ်။ အဲဒီနေ့က ၂၀၁၂ ခု ဇူလိုင်လ ၇ ရက် သောကြာနေ့ပေါ့။ ကျူရှင်(ညကျောင်း)မှာ ဆရာဆရာမတွေရော့ ရခိုင်ကျောင်းသားတွေရော့ ဇင်ဇင်ကို ဖဲရှောင်နေတာ သတိထားမိလိုက်တယ်။ နောက်တီးနောက်တောက် ပြုတတ်တဲ့ အတန်းဖော်အတန်းဖက် ရခိုင်သူငယ်ချင်းတွေလဲ အချင်းချင်း တီးတီးတိုးတိုးနဲ့။ စာသင်ရတာတောင် အားမရ ဖြစ်နေတော့တယ်။ ...

Oct 2022

  "မာတီယား အာဇာနည် "   စိမ်းလန်းတောင်တန်း အရှေ့ကမ်းနှင့်၊ အနောက်ရေပြင် တပြာပြာ ဈာန်ဝင်ပန်းချီကားချပ်ပမာ ဆန်းကြည်လှပသော ဆန်းသစ်စန္ဒာ ရပ်ဝန်းဒေသတစ်ခုတွင် ရှေးပဝေသဏီကပင် မှီတင်းနေထိုင်လာခဲ့သော လူမျိုးတစ်စုရှိခဲ့သည်။ ထိုဒေသတစွန်း မြို့ငယ်တစ်ခု၌ ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် မာတီယား ဟုခေါ်သော ပါရမီစုံ ပုဂ္ဂိုလ်ထူးတစ်ဦး ဖွားမြင်ခဲ့၏။ အတားအဆီး အကန့်အသတ် အခက်အခဲမျိုးစုံကြားမှ ပညာဆည်းပူး၍ မာတီယားသည် ၎င်းဒေသ၏ တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိခဲ့သည်။ မာတီယား ...

May 2021

ရိုဟင်ဂျာဘာသာစကားနဲ့ ပျောက်ကွယ်မှုအန္တရာယ်   ကမ္ဘာပေါ်တွင် ဘာသာစကားမရှိတဲ့ လူမျိုးဟူ၍ မရှိပေ။ ဘာသာစကားဟာ အချင်းချင်း ဆက်သွယ်ရေးအတွက် ကြားခံနယ်ဖြစ်တယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ခွဲခြားသတ်မှတ်ရာတွင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ဟာ ပင်မတိုင်တွေဖြစ်တယ်။ ဘာသာစကားဟာ လူမျိုးတစ်မျိုး ရေရှည်တည်တံနိုင်ရေးအတွက် အသက်သွေးဖြစ်တယ်။ ကမ္ဘာဦး လူသားကစ၍ ယနေ့အထိ လူတို့သည် ဘာသာစကားများကို ပတ်ဝန်ကျင်းနဲ့လျော်စွာ ဖန်တီးပြောဆိုကြတယ်။ ရှေးဦး ဘာသာစကားတွေဟာ အချိန်ကာလကြာညောင်းမှု၊ ထိန်းသိမ်းမှု အားလျော့မှုကြောင့် ပျောက်ကွယ်ခံရလေ့ရှိတတ်တယ်။ အဲ့ဒီလို ...