အိမ်
ဇာတိရင်းစစ် ရေသောက်မြစ်တွယ်၊
အချစ်တွေနေပြီး အိမ်မက်ကရောင်ခြယ်
နံရံမှာ အမှတ်တရတွေ ပွင့်လို့နေ
ရယ်မောပျော်ရွှင်ခြင်း ပဲ့တင်ထပ်တယ်။
အုတ်တွေ၊ အမိုးတွေချည်းပဲ မဟုတ်ပေဘူး
ချမ်းမြေ့ရာရိပ်သာ ဧဒင်ဥယျာဥ်အလား
ရင်းနှီးတဲ့ရနံ့များ၊ မေ့မရတဲ့အတိတ်များ၊
နှစ်သိမ့်စေတဲ့ မီးပန်းများလို ဝဲရစ်ပျံတယ်။
ထောင့်ခန်း မီးဖိုချောင်မှ တေးတစ်ပိုဒ်၊
တို့ပိုင်တဲ့အိမ်၊ တို့ပိုင်တဲ့ကမ္ဘာ
အစာမဝလည်း အနေမြတ်တာမို့
ချောင်းတိုင်းလဲငေးလို့သာ၊
အလင်းတန်းလို ဖွေးဖွေးဖြာတယ်။
ငါတို့ရဲ့ ဘဝခရီးတွေ ဘယ်ရောက်ရောက်၊
အိမ်ဟာ နှလုံးသားထဲ မရိုးတဲ့ အံ့ဖွယ်ရာ။
— အာရ်အေ တင်မိုး
အတ္တထဲ သာယာနေသူ
ရေးဖွဲ့သူ- Aejas Ruhol Amin (တောင်ပြို)
ဆရာ . . . ဆရာ
လူသူရှေ့မှာ ဆရာလုပ်ချင်
ကိစ္စတိုင်းမှာ ဆရာဖြစ်ချင်
ဆရာလို့ အခေါ် ခံရလျှင်ပင်
ဝင့်ကြွား မာန်တက်နေတတ်၏။
ငါတကယ်ဆရာ ပီသရဲ့လား
ဆရာ့ဝတ်ငါးဖြာ ကျင့်ပါရဲ့လား
ဆရာ့တာဝန် ကျေပွန်ဝံ့လား
စဉ်းစားရုံနဲ့ ရှက်မိသွား။
အာစရိယ ဂုဏ်အင်္ဂါဟာ
လွန်စွာ မြင့်မြတ်လှပါတကား
အတ္တတွေကြား သာယာနေသည်ကို
ပြန်တွေးမိရင် အရှက်ပွား။
အော်. . . ဆရာဆိုတာ
အဘိဓါန်ထဲက ဖွင့်ဆိုချက်ကား
‘ထာဝရ ကျောင်းသား’ တစ်ဦးတဲ့။
ဒါဆို ကိုယ်လည်း သင်ယူဆဲသူပါ့ပဲ။
(၁၇-၀၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya