အယ်ဒီတာ လက်ရွေးစင် မြန်မာကဗျာ (၅)ပုဒ် ၊ သြဂုတ – ၂၀၂၁ ။
” မိုးရာသီအလွမ်း ”
– မောင်စောလွင်
ဝသန်မိုးလ မိုးဖွဲဖွဲကျသည်နှင့်
ရွက်နုရွက်မြစ် ရွှင်လာသစ်
တောင်သူဦးကြီး ထွန်ရုန်းပြီ
တောတောင်ပတ်ဝန်း စိမ်းလန်းလန်း
ကြည်နူးဖွယ်ရာ မြင်ကွင်းလေး။
ကျောင်းသားကျောင်းသူ ဟန်တမူ
ရောင်စုံမိုးကာ အိတ်ကိုယ်စီနှင့်
နှစ်ကိုယ်တစ်ထီး ပခုံးချင်းမှီလို့
အိမ်ပြန်လမ်းမှာ ရေဖွေးဖွေး
ဟိုးကျောင်းသားဘဝ လွမ်းဆွတ်သည်လေး။
မိုးစက်ကလေး ရွက်သစ်နုနှင့်
မြူးထူးကခုန် ပန်းပွင့်လေးများ
တောင်ပြန်လေက တသွေးသွေး
အတိတ်ခြေရာ အသည်းအေး
အဝေးရောက်ချစ်သူကို လွမ်းဆွတ်သတည်း။
ပညာခေတ်မှာ ပညာရှာ
– ဆရာ ဦးအဗ်ဒုလ်ဟာမိဒ်
ပညာခေတ် ပညာခေတ်
တီထွင်ဆန်းသစ်၊ နည်းစနစ်။
ပညာခေတ်မှာ မြတ်ပညာ
ဘဝသက်တာ၊ အရေးပါ။
အရေးပါတဲ့၊ ပညာ့အား
တို့တွေလေ့လာ၊ ဖွေမှတ်သား။
ရှာဖွေမှတ်အံ၊ တို့ကျင့်ကြံ
ထူထောင်ခေတ်သစ်၊ ပညာဉာဏ်။
ပညာ့ဉာဏ်ရောင်၊ ထူးဂုဏ်ဝင့်
ရောက်လေရာမှာ၊ ပွဲလယ်တင့်။
ပွဲလယ်တင့်တဲ့ ပညာ့ရောင်
တုနှိုင်းမရ၊ ဂုဏ်ရည်ဆောင်။
တို့မြတ်ရှင်တောင်၊ ဟောဖော်ပြ
ပညာ့ဂုဏ်ရောင်၊ ထွန်းပြောင်လှ။
ထွန်းပြောင်ထူးခြား၊ မြတ်ပညာ
ခိုးဆိုးလုနှိုက်၊ မမှုပါ။
ဇွဲလုံ့လစိုက်၊ ဖွေရှာကြ
ပညာခေတ်မှာ ပညာရ
ပညာလိုသူ၊ အိုဘူးဗျ။
“မမျှော်သင့်တဲ့ မျှော်လင့်ချက်”
– ရိုနုရ်ဖိုက်ဆဲလ်
ကိုယ့်ဂုဏ်သိက္ခာ လျစ်လျူရှု
ကိုယ့်ဘဝခရီး လက်လွှတ်လျက်
ကိုယ့်ဓနဥစ္စာ စွန့်လွှတ်ကာ
မီးပင်လယ်ဖြတ် ဘေးတောင်ကျော်ကာ
သူနဲ့အတူ ခရီးလမ်းစဟာ
ဘဝသော့ချက်တွေ ပြီးစုံပါပြီအလား။
ဒီတောကြားထဲ ကိုယ့်နှလုံးသားဟာ
ငှက်ကလေးလို မြူးထူးပျော်ပါး
အေးချမ်းသာယာ လှိုက်လှဲပျူငှါ
လောကကြီးဟာ ကိုယ့်စီးပွါးလိုသာ
ထင်ရခြင်းက အထင်မှားကြီးသာ
ဒါတွေဟာ မမျှော်သင့်တဲ့
ကိုယ့်နှလုံးသားရဲ့ အတွေးသည်သာ။
အချိန်အခါ အနေအထိုင်
စောက်ဂရုမစိုက်
အစားအ သောက် အလုပ် အကိုင်
အချည်းနှီးသာဖြစ် ။
လက်မဲ့အိတ်မဲ့ အိမ်မဲ့အိုးမဲ့
ဖြစ်သွားငြား လည်း
နာကျင်စိုးရိမ် ဘေးများစွာနဲ့
ကြုံဖူးရတဲ့ ဆင်းရဲတွင်းထဲ
သောကမျိုးစုံ ခံရခဲ့သည့်
သူ့စိတ်နှလုံးရဲ့ ကြောက် စရာ ကောင်းတဲ့
တုပတဲ့ အချစ် ဟန် ကို
အကဲမခတ် နိုင် လို့တဲ့…။
အိပ်ရာထမှ အိပ်ရာဝင်ထိ
အမြဲအစဉ် စိတ်ကူးထားဖူး၏
သူ့အတွေးသာ ခေါင်းမှာရွက်လျက်
ကိုယ့်အရင်းမြစ်ပါ စွန့်လွှတ် ခဲ့ပါ၏
အစစအရာရာ သူ့တွက် ပေးဆပ် ငြားလည်း
သူက အမုန်းတရားနဲ့သာ
အ ကြွေး ပြန် ဆပ် လာ ရက်တယ်…။
အော် …သူ့တုပတဲ့ အချစ် ဟန် ကို
အကဲမခတ် နိုင် လို့တဲ့…။
ဘဝတစ် သက် ကိစ္စတိုင်းမှာ
ကိုယ့် လိုအပ်ချက်ဟာ လုံးလုံးလျားလျား
အဆင်ပြေမည့် စိတ်ကူးထားသည့်
ဖြစ် ရပ် သည် ကား….
လက် ဗလာသူ ဌေးဟန် မှ ငွေ ချေး တောင်းသည့်ပမာ။
ဒါ တွေဟာ မမျှော်သင့်တဲ့
မျှော်လင့်ချက်တွေသာ…။
ဖုန်းဘေလ် နည်းလို့ ငွေ ချေးထား၏
ဖုန်းအားနည်းလို့ အားမ ဖြည့်ရ၏
ရင် ဖွင့်စကား ချိုချိုသာသာ
အပြန် အလှန် ရှယ် ယာနိုင် ရန် …။
နေ့စဉ် နေ့တိုင်း တစ် ရက် ပတ် လုံး
အွန်လိုင်းတက်သည် ကား
သူ့ရဲ့`ဟယ်လို´ တွက်သာ
အချိန် သာကုန် လူသာပင် ပန်း
`ဟယ် လို´တစ် ခွန်းက ရောက် မလာတည်း….။
အို…အသည်းတုံး ရေ…
ကိုယ့် ဘဝတစ် လျှောက် လုံးအား
တိုက်ထနစ်လို မ နစ်မြုပ်ပါစေနဲ့…။
” ရို-ကမ္ဘာပျက်သည့်နေ့ “
– လာလ်မော်တီခါန်း
သြော် … ရိုဘဝ၊ ရိုကံကြမ္မာ
ဗမာ့စစ်သား၊ နယ်ခြားစောင့်ပါ
နယ်မြေရှင်းရေး၊ အယောင်ပြုကာ
ငယ်အိုမခြား၊ တွေ့သူတိုင်းအား
ကျွဲနွားသဖွယ် လှီးဖြတ်သတ်လို့
သွေးချောင်းစီးပြီး သမိုင်းထွင်ခဲ့
ဟို…၂၀၁၇ သြဂုတ် ၊ ၂၅ ရက်
ရိုကမ္ဘာပျက်သည့်နေ့…။
ဗုံးပေါက်သံတွေ၊ ပစ်ခတ်သံတွေ
ငိုညည်းသံတွေ၊ ကြွေးကြော်သံတွေနဲ့
ကောင်းယံတခွင် ဂျောက်ဂျက်ညံလို့
အာရကန်ပြည်ကြီး ငရဲပြည်လို
ပြောင်းသွားခဲ့တဲ့ နေ့တစ်နေ့…
ဟို…၂၀၁၇ သြဂုတ် ၊ ၂၅ ရက်
ရိုကမ္ဘာ မှေးမှိန်သွားသည့်နေ့…။
အိမ်ရှင်ရှေ့မှာ အိမ်ရှင်မ
သားရှေ့မှာ မယ်တော်
ဖခင်ရှေ့မှာ သမီးလေး
မိစ္ဆာစစ်သားတွေကား
မုဒိမ်းကျင့်ကျင့် ဇိမ်ခံနေရင်း
အောင်ပွဲခံခဲ့ သူယုတ်မာတွေချည်း။
ဟို…၂၀၁၇ သြဂုတ် ၊ ၂၅ ရက်
ရို-သဇင်တ်ို့ရဲ့ ဂုဏ်သရေ
ဖျက်ဆီးဆုံးရှုံး ခံရခဲ့သည့်နေ့…။
ရပ်ရွာကျေးရွာ မီးရှို့ပြာ
တောက်လောင်နေတဲ့ မီးတွင်းထဲ
လူသားစိတ်မဲ့ မုဆိုးကောင်တွေ
နင်းချေပစ်ချ ရိုလူငယ်
မိခင်၏ ရှေ့တည့်တည့်…။
မယ်တော်ရဲ့ မျက်ရည်စက်ဟာ
စစ်သားတွေရဲ့ အောင်မြင်မှုဖြစ်ခဲ့…
ဟို…၂၀၁၇ သြဂုတ် ၊ ၂၅ ရက်
အာရကန်ပြည်ကြီး ငရဲပြည်အသွင်
ပြောင်းသွားစေခဲ့တဲ့ နေ့တစ်နေ့…
“ရိုဟင်ဂျာ” အနာဂတ် ပျောက်ဆုံးသည့်နေ့…
“ရိုဟင်ဂျာ” ကမ္ဘာပျက်သည့် နေ့တစ် နေ့ပင်တည်း…။
ဟို ၂၅ ဩဂုတ် ရက်ဆိုးဟာ
ဒီနေ့ဆိုရင် လေးနှစ်ပြည့်ပြီ…။
နှစ် သာကုန်နေ စိတ်ဒဏ်ရာနဲ့
ပြောင်းလဲမှုကား ဘာမှမရှိပါပေ…။
တရားဥပဒေ တစ်စက်ကယ်မျှ
ဘယ်ကမျှမှ မတွေ့ရပေ။
အို…ကမ္ဘာသူ ကမ္ဘာသား
ရိုဟင်ဂျာတွေအဖြစ်နဲ့ တစ်စက္ကန့်လောက်မျှ
စဉ်းစား ကြည့်ပါလား…။
အနာ
ဆာလေဟာ
အရှေ့တစ်မျိုး နောက်တစ်မျိုး
အပေါ်တစ်မျိုး အောက်တစ်မျိုး
ဂုဏ်ယူနေတဲ့ ဒီလူ့ကိုယ်နဲ့
ဘယ်လိုဝတ်ဝတ် ဘယ်လိုသန့်သန့်
သူတို့တစ်တွေ ဘာမှနားမလည်
ခြေတစ်နေရာ နားတစ်နေရာလည်းပဲ
သူမရှိရင် ကိုယ်လဲမရှိသလို
ဘယ်မှာနာနာ အတူခံစား
ဘယ်သူမှ ရှောင်မထား
အပြန်အလှန် ကူညီကြ
နားလည်မှုနဲ့ လက်တွဲကြ
ဒါသူတို့ရဲ့ ကိုယ်ချင်းစာတရား။
ခန္ဓာချင်းတူတူ ကြားမြင်ချင်းတူ
ဘာမဟုတ်တဲ့ အပေါ်ယံအရောင်နဲ့
အရွယ်မရွေး သေချိန်ဆိုတာ
ဘယ်သူမှ စိတ်ထဲမထား
တစ်ချို့က ပညာတတ်မို့
တစ်ချို့က ချမ်းသာတာမို့
ဘယ်သူသေသေ ကိုယ်မသေ
ဘယ်သူနာနာ ကိုယ်မနာ
အတွေးပေါင်းစုံနဲ့
ကိုယ်ချင်းစာစိတ်က ဘယ်သူမှမထား
ဒီလူ့ဘဝရဲ့ ပြတိုက်မှာ
ငါလဲတစ်ခါ စည်းလုံးချင်၏။