The Blogs

Sep 2021

Editarór basá Rohingya Kavya (5) wá Ogós Mac, 2021 Maiya Niyóllé Górtti - Ayat Ullah (Thai Kyaw) Mukót sónaka uñrót roñg di Maiya zargói gorttún niyoli Maa-baf e fusár gorer Horé zoór eén háñzi-fiñdí Ham e zomór juwab géñth gorí. Rastattún zargói áñçi Burkhá ...

Aug 2021

အယ်ဒီတာများ အကြိုက်အကောင်းဆုံး မြန်မာကဗျာ (၅)ပုဒ်၊ဇူလိုင်လ ၊ ၂၀၂၁ ။ အလင်းမရှိတဲ့ ငါ့ရဲ့ ကမ္ဘာ ရေး- Asmah ( Moe Moe ) လူ့ရွာလောက လူ့ဘဝက တိုလည်းမတို ရှည်လည်းမရှည် သာမန်အတိုင်းသာ ရှိလှပေစွ။ ခရီးသည်လို ဖြတ်သန်းရသည့် ငါ့ဘဝမှာ  နာကျင်မှုနှင့် ပူဆွေးသောက ပြည့်နက်၏။ လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို စာအုပ်မှာတွေ့ ဖတ်ရင်းနှင့်သာ မျက်စိကန်းလျက် ဆံပင်ဖြူ၏။ ဘဝအဆုံး ဝါကြီးဆိုတဲ့ ခေါင်းစဉ်နဲ့သာ အသိပညာမဲ့ လူရူးတစ်ဦးနှယ် သေဆုံးရ၏။ ရွှေထက်မြတ်နိုး အချိန်သည်ကား မြေလိုတန်ဖိုးမရှိ ငါ့အတွက်သာ။ နေရာတိုင်းက အကျဉ်းထောင်လို ဘယ်ကိုသွားသွား ခွဲခြားဆက်ဆံမှု။ တစ်ဘဝဝယ် တစ်ခါ တွေ့ကြုံရသည့် သည်လောကဟာ လမဲ့နေမဲ့ နေ့ညနှင့်သာ အလင်းမရှိတဲ့ ငါ့ရဲ့ကမ္ဘာ။ သုံးနေ့တာခရီး ရေး- ...

Jul 2021

အယ်ဒီတာများ အကြိုက်အကောင်းဆုံး မြန်မာကဗျာ (၅) ပုဒ် ဇွန်လ ၊ ၂၀၂၁   လူငယ်တစ်ဦးရဲ့ ရင်တွင်းဖြစ် - Austin Jani ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဆန့်ကျင်နေတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း မတရားအာဏာသိမ်း စစ်ကောင်စီကို အမြဲတော်လှန်နှိမ်နင်းဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း NUG အစိုးရရဲ့ မူဝါဒတွေ NUG အစိုးရရဲ့ ဦးတည်ချက်တွေကို စိတ်တူကိုယ်မျှ ထောက်ခံနေတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း စစ်ကောင်စီကို အင်တိုက်အားတိုက် မဆုတ်မနစ် တော်လှန်နေတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း တရားမျှတမှုကို လိုလားနေတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း လွတ်လပ်မှုကို ရှာဖွေနေတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးကို တောင်းဆိုနေတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း လူသား၏ တန်းတူခံစားခွင့် လွတ်လပ်စွာပြောပိုင်ခွင့် အခြေခံ ရပိုင်ခွင့်တွေကို အမြဲဦးစားပေးတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း မတရားမှုကို တုန့်ပြန်နေတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း တရားတဲ့နည်းလမ်းတွေကို လျှောက်နေတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း လူလူချင်း ခွဲခြားဆက်ဆံမှုကို ရွံ့ရှာတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း ကမ္ဘာကြီးကို ငြိမ်းချမ်းရေးနဲ့ သာယာစေဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ ငါဟာ လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း ကိုယ့်နိုင်ငံ့အရေး၊ တိုင်းပြည်အရေးကို ကိုယ့်တာဝန်ဟုခံယူတဲ့ သူတစ်ယောက်ပါ။ (17-06-2021) ...

Mar 2021

အယ်ဒီတာများ အကြိုက်အကောင်းဆုံး မြန်မာကဗျာ (၅)ပုဒ်၊ ဖေဖော်ဝါရီလ ၊၂၀၂၁။ ခံစားချက်ကဗျာ လေရူးသုန်သုန် ထွက်သွားစမ်းပါကွာ ငါမလိုချင်တော့ဘူး ငါ့ခံစားချက်တွေ ဖြေသိမ်းပေးတာ ငါမလိုချင်ဘူးကွာ ကဗျာတစ်ပုဒ်သီကျူးထားတဲ့ ဒီခံစားချက်တွေက ငါ့အတွက် နက်ရှိုင်းတဲ့ အမှတ်တရလို ငါသိမ်းဆည်းထားချင်တယ် သူတရားမျှတတယ်၊ မမျှဘူးဆိုတာ ငါမသုံးသပ်ချင်ဘူးကွာ သူ့ကြောင့်ရထားတဲ့ ကဗျာတစ်ပုဒ်က ရှေ့ဆက်မယ့် ငါ့ဘဝဖြေဆေးပါ အနည်းဆုံးတော့ ငါသေသွားတဲ့ချိန်ထိ ဒီဂါထာရွတ်ရင်း၊ အတိတ်ကကြယ်တွေရေရင်း နိဂုံးချုပ်ခွင့်ရချင်တယ်။ ရေးဖွဲ့သူ- ကိုအောင်လှ ပဟေဠိအဖြေ တွေးတောကြံဆ အဖြေရှာ အဖြေရဖို့ မချောသာ ခက်ခဲသည်ဟု စွန့်မထား ကြိမ်ဖန်များစွာ ကြိုးစားရှာ။ အဖြေရဖို့ ဆန္ဒမှန် နောက်ပြန်မဆုတ် ရှေ့ဆက်တိုး ဆူးငြောင့်ခလုတ် တားဆီးကြို ကျော်လွှားဖြတ်ဖို့ သန္နိဋ္ဌာန်တိုး။ တယောက်အားနဲ့ မစွမ်းငှာ ညီညွတ်အားနဲ့အဖြေရှာ စုပေါင်းအင်အားစိတ်မှာထား အတ္တဇွဲများ ရှောင်ဖဲကာ ဘယ်ညာလက်ရုံး ညီတူသုံး နှလုံးလှနဲ့ ပန်းတိုင်ဘုံ။ ငါသည်ဆရာ သူကားတပည့် ငါသည်ကုံကြွယ် သူကားဆင်းရဲ ဆင့်တန်းမခြား သွေးမခြားဘဲ အလွှာပေါင်းစုံ စုပေါင်းညီ၍ ပဟေဠိအဖြေ နက်လွန်းကဲလဲ မကြာသော အနာဂတ်မှာ အောင်တံခွန်စိုက် ...

Feb 2021

Jan 2021

အယ်ဒီတာများ အကြိုက် အကောင်းဆုံး မြန်မာ ကဗျာ ( ၅ ) ပုဒ် ဒီဇင်ဘာလ ၊ ၂၀၂၀ ပြည့်နှစ် * မင်းဖြေခဲ့ပါ ဘာဆန်ဂျာ - Rebel * မောင့်အလာကို စောင့်နေမယ် - Benazir Salim ( Soe Blossom) * အနာဂတ် ရဲ့ တို့လူငယ် - မေသရဖီ * အကျဥ်းစခန်း - မျိုးချစ်ထွတ် ( အီဗြာဟိမ်း) * လူတိုင်းမြတ်နိုးတဲ့ ဘဝ - Areshard Hussin ...

Dec 2020

အယ်ဒီတာ အကြိုက် အကောင်းဆုံး ကဗျာ (၅)ပုဒ်၊နိုဝင်ဘာလ ၊၂၀၂၀။ ဒဏ္ဍာရီဆန် အာရ်ကာန်  ရေးဖွဲ့သူ- Ro Anuwar Farook မိုးလင်းခါစ သူရကန်စက် ဖြည်းဖြည်းချင်းနဲ့ ရဲထွက်လာ၊ စကြာဝဠာကို လင်းရောင်ဖြာ ပြည်တစ်ခွင်လုံး ငြိမ့်သာယာ။ မြူးထူးပျော်ကာ တောချိုးငှက် သဲသဲပျံလွှား ဂနိုင်မှာ၊ တောင်ပြန်လေသံ တအိအိ ကြက်တွန်သံလည်း ငြိမ့်အတိ။ လန်းဆန်းပွင့်တဲ့ ရာသီပန်း ရှုခင်းဆန်းကြယ် ခါဟေမန်၊ သစ်ရွက်ကြွေပြောင်း အချိန်မှန် ဖူးသစ်ဆင်လာ ခါဂိမာန်။ လယ်ထွန်ဆင်းပွဲ ပျော်စရာ ကောက်စိုက်တေးညံ ဝသန်ပါ။ မှီဝဲတန်သည့် ဇာတိမြေ၊ စိမ်းလန်းစိုပြေ အာရ်ကာန်ပြည်။ ရွေးကောက်ပွဲ အလွမ်း ရေးဖွဲ့သူ- အေနာမုလ်ဟာဆောင်း (ဘောလီမြေ) တောင်ပေါ်မြေပြန့် မြန်မာနှံ့သို့ ခြေဆန့်ကြည့်သော် လူမျိုးဖြည့်စုံ ထကြွအုံ၍ မဲရုံဆီသို့ သွားနေချိန်မှာ ရိုဟင်ဂျာများ ဝမ်းနည်းပက်လက် မျက်ရည်ဝဲ၏။ သမိုင်းအရိပ် ...

Oct 2020

Editoror Fosón Uttom Rohingya Khavita (5)wa.  Septémbor |2020    Burá-búrir Hotá Lekoiya- Lalmoti Khan @ SFI   Zettór Murá óibo óuk Four tole... Zettór Hál óibo óuk Nour tole... Zettór Manuíc óibi óuk Meçit tole... -Rohingya Old Poetry Burmese Translation ------------------------- တောင်ဘယ်လောက်ပင် ကြီးမြင့်သည်ဖြစ်စေ... ခြေဖဝါး အောက်တွင်သာ ဖြစ်ရတယ်။ မြစ်ဘယ်လောက်ပင် ကြီးကျယ်သည်ဖြစ်စေ... သင်္ဘောအောက်တွင်သာ ဖြစ်ရတယ်။ လူဘယ်လောက်ပင် အဆင့်အတန်းကြီးသည်ဖြစ်စေ... မြေအောက်တွင်သာ သွားရတယ်။ English ...
မြအယ်ဒီတာ အကြိုက် အကောင်းဆုံး ကဗျာ ( ၅ )ပုဒ်  စက်တင်ဘာ ၊ ၂၀၂၀   တို့ဘဝ ရေးဖွဲ့သူ - မင်းဝန်ဇော်   ၁။ မွေးတော့ တူတူ လူသားဟူ စာရင်းမ၀င် ဒီဇမ္ဗူ။ ၂။ ဆေးရုံ၊ဆေးခန်း ခေါ်သွားမူ ပစ်ဖယ်ခံရ တောင်းစားသူ။ ၃။ အရွယ်ရောက်လာ ကျောင်းသွားမူ ခွဲခြားဆက်ဆံ တမူထူး။ ၄။။ ဒုက္ခမျိုးစုံ ခံကာဆုံး ဆွတ်ခူးမှတ်ပေါင်း ဂုဏ်ထူးစုံ သို့ပါသော်လည်း မျိုးမစုံ နှိမ်ကာ ဖယ်ထုတ် ဂုဏ်ထူးပုဒ်။ ၅။ တရားရုံးအပါ ရုံးပေါင်းစုံဟာ တို့အတွက်တော့ အသပြာဖြုန်းရာ။ ၆။ ဖြုန်းတဲ့အသပြာ ရှာဆပ်ရုန်း ကျော့ကုန်းလောင်ကာ ဘ၀ဆုံး။ ၇။။ ငါတို့ဘ၀ နမူနာယူ ရာသီပျံလွှား ...