The Blog

(အပတ်စဉ်ကဏ္ဍ)

ချစ်မြေမွေးရပ်က ဝေးသနှင့်

ရေးဖွဲ့သူ – ယျာတင် (ရိုဟင်းသား)

သြော် … ရက်များကုန်မြန်

အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်

လေးလံဝန်ပိ

ကံတရားလား၊ ကပ်ဆိုးလား

ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။

သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်

မွေးမြေဌာနေကလည်း ဝေးသနှင့်။

ရွာချသည့်မိုး၊ အငြိုးကြီးမို့

တဲခေါင်မိုးပေါက်သည်

သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။

ဥတုနွေလ၊ ရောက်ပြန်ကလည်း

တာပလင်တဲများ

မီးနှယ်ပူကြူး၊ လူကရူးသည်

အရိပ်အာဝါသကလည်း မွဲသနှင့်။

ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်

လွန်ကဲစွာအေး

အနွေးဓာတ်ပေး ရင်ခွင်အေးကို

ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။

သဖြန်

ဟိုဘက်တဲမှာ ငိုသံသည်း

ငတ်မွတ်ခြင်း ဒုက္ခနှင့်

မိတဆိုး ကလေး။

သည်ဘက်တဲမှာ ညည်းသံပြည့်

အဆင်မပြေမှု သိန်းသန်းနှင့်

ဟိုတုန်းက သူဌေး။

အို … ဒုက္ခသည်ဘဝ

အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်

မိမြေကို လွမ်းသောကြောင့်။

_____________________________________

ကဗျာအမျိုးအစား – ညည်းချင်း သဖြန်

_____________________________________

– ဘင်္ဂလားဒေရှ့်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်များ၏ အမိမြေအာရ်ကာန်အပေါ် လွမ်းဆွတ်မှုကို ပုံဖော်ရေးဖွဲ့ပါသည်။

– ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၁

 

 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website