Posts tagged "Yartin"

Apr 2022

(အပတ်စဉ်ကဏ္ဍ) ချစ်မြေမွေးရပ်က ဝေးသနှင့် ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား) သြော် ... ရက်များကုန်မြန် အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန် လေးလံဝန်ပိ ကံတရားလား၊ ကပ်ဆိုးလား ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။ သူ့အရပ်မှာ၊ ထူထပ်စွာနေရသည် မွေးမြေဌာနေကလည်း ဝေးသနှင့်။ ရွာချသည့်မိုး၊ အငြိုးကြီးမို့ တဲခေါင်မိုးပေါက်သည် သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။ ဥတုနွေလ၊ ရောက်ပြန်ကလည်း တာပလင်တဲများ မီးနှယ်ပူကြူး၊ လူကရူးသည် အရိပ်အာဝါသကလည်း မွဲသနှင့်။ ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန် လွန်ကဲစွာအေး အနွေးဓာတ်ပေး ရင်ခွင်အေးကို ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။ သဖြန် ဟိုဘက်တဲမှာ ငိုသံသည်း ငတ်မွတ်ခြင်း ဒုက္ခနှင့် မိတဆိုး ကလေး။ သည်ဘက်တဲမှာ ညည်းသံပြည့် အဆင်မပြေမှု သိန်းသန်းနှင့် ဟိုတုန်းက သူဌေး။ အို ... ဒုက္ခသည်ဘဝ အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည် မိမြေကို လွမ်းသောကြောင့်။ _____________________________________ ကဗျာအမျိုးအစား - ညည်းချင်း သဖြန် _____________________________________ - ...

Aug 2021

Oo Mon   Ek din óibó meçir tolle Siba sippya andár gór. Oo mon, Ki aacá lói baanór tuí Etó usol gór.   Zedin ruu yé Fizara sárí zaibói uri: Tor gaat óibóu meçir guri: Oo mon, Ki aacá lói baanór tuí Etó usol gór.   Egana gucthí dustó ...

Jan 2020

မေ့ခက်လို့ ယျာတင် (ရိုဟင်းသား) အရောင်အနံ့ စုံလင်နေသည့် ခွဲခြားမှုကြား အတိဒုက္ခ ရင်ဘတ်ထဲထမ်း သယ်လှမ်းရ၍ ဘဝကန္တရ ဤခရီးမှာ ငါတို့ တကယ် မောပန်းတယ်။ ဆံပင်ကစ ခြေဖျားအဆုံး သင်နှင့်ငါက လူချင်းတူလည်း ကိုးကွယ်ရာသာ ခြားသည့်ဟာကို ရန်သူသဖွယ် သင်တို့မှတ်၍ နှိမ်နင်းနေသည့် သင်တို့လုပ်ရပ် နှလုံးသားဝယ် သမိုင်းတည် ငါတို့ တကယ် မေ့ခက်တယ်။ (၄-၁-၂၀၂၀) The Art Garden ...

Sep 2019

ညီ​လေးသို့ မှာတမ်း (၂) ​ရေးဖွဲ့သူ - ယျာတင်​ (ရိုဟင်းသား) ညီ​လေး... မင်းမှာသာ လွှတ်​​မြောက်​ချင်​စိတ်​ ပြင်းပြ​နေခဲ့ရင်းလွှတ်​​မြောက်​မှုက ​မင်းနဲ့ ဝေးမ​နေ​တော့ဘူးဆိုစကားလည်း ရှိတယ်​​လေ "ဆန္ဒရှိရင်​ နည်းလမ်းရှိတယ်​" တဲ့။ အမှန်​တရားကို လမ်​ခင်း သူရသတ္တိ​တွေ ရင်​ဝယ်​ပိုက်​ရင်း လွတ်​​မြောက်​မှုပန်းတိုင်​သို့ ​ခြေဦး နောက်​မဆုတ်​တမ်း ချီတက်​​နေဖို့​​တော့လိုတယ်​ ညီ​လေး။ ဖိနှိပ်​ခံ​နေရမှုက ​မွေးရာပါ အ​မွေဆိုးတစ်​ခုဆို ကိုယ့်​ရဲ့​သေတမ်းစာမှာ​တော့ ကိုယ်​တိုက်​ယူတဲ့ လွတ်​လပ်​မှုအ​ကြောင်း ဂုဏ်​ယူစွာ​ ...
ညီ​လေးသို့ မှာတမ်း (၁) ​ရေးဖွဲ့သူ - ယျာတင်​ (ရိုဟင်းသား) ညီ​လေး ... ​လောကရဲ့မာယာများတဲ့ အ​ကွေ့မှာ ခလုတ်​တိုက်​မိတဲ့အခါ​ပေါ့ က​ဗျာတိုတစ်​ပုဒ်​ မရည်​ရွယ်​မိဘဲ ညည်းဖြစ်​မိ​သလား။ ဘဝမှာ အ​ကွေ့အလှည့်​​တွေများတယ်​ ဘဝမှာ အနိမ့်​အမြင့်​​တွေ များတယ်​ မနက်​မိုးလင်းရင်​ အသက်​ရှင်​​နေတာ​တွေ့​တော့ ပြုံးဖြစ်​မိတဲ့အခါလည်းရှိတယ်​ ​နေ့တာကို ရင်​ဆိုင်​ဖို့ရာ ကြိုပြီး ရင်​​မောတာလည်းရှိမယ်​ ငါ့ညီ​လေး .... လူတကာထက်​ မာ​ကျောဖို့ လိုတယ်​။ ဘာဖြစ်ဖြစ်​​ပေါ့​လေ အချိန်​တန်​ရင်​ ...