The Blogs

Apr 2022

(အပတ်စဉ်ကဏ္ဍ) ချစ်မြေမွေးရပ်က ဝေးသနှင့် ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား) သြော် ... ရက်များကုန်မြန် အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန် လေးလံဝန်ပိ ကံတရားလား၊ ကပ်ဆိုးလား ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။ သူ့အရပ်မှာ၊ ထူထပ်စွာနေရသည် မွေးမြေဌာနေကလည်း ဝေးသနှင့်။ ရွာချသည့်မိုး၊ အငြိုးကြီးမို့ တဲခေါင်မိုးပေါက်သည် သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။ ဥတုနွေလ၊ ရောက်ပြန်ကလည်း တာပလင်တဲများ မီးနှယ်ပူကြူး၊ လူကရူးသည် အရိပ်အာဝါသကလည်း မွဲသနှင့်။ ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန် လွန်ကဲစွာအေး အနွေးဓာတ်ပေး ရင်ခွင်အေးကို ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။ သဖြန် ဟိုဘက်တဲမှာ ငိုသံသည်း ငတ်မွတ်ခြင်း ဒုက္ခနှင့် မိတဆိုး ကလေး။ သည်ဘက်တဲမှာ ညည်းသံပြည့် အဆင်မပြေမှု သိန်းသန်းနှင့် ဟိုတုန်းက သူဌေး။ အို ... ဒုက္ခသည်ဘဝ အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည် မိမြေကို လွမ်းသောကြောင့်။ _____________________________________ ကဗျာအမျိုးအစား - ညည်းချင်း သဖြန် _____________________________________ - ...
            အပတ်စဉ်ကဗျာကဏ္ဍ မတ်လ (၃)ရက်၊ ၂၀၂၂။   လှောင်အိမ်ထဲက ငှက်သူငယ်   ရေးဖွဲ့သူ - Dialogue Partner   မနုဿမျိုးရုံ တို့အလုံးစုံ ဆင်းသက်လာလည်း ရိုးရာဓလေ့ ယဉ်ကျေးမှုနဲ့ တသီးတခြား ဦးတည်သွားလို့ ရန်သူရန်ဖက် မတည့်သလို စိတ်အားငယ်စွာ နေခဲ့ရ၏။   သူ့ပြစ်ကိုမြင်၊ ကိုယ့်ပြစ်ကိုဖုံး သဟဇာတ တန်ဖိုးမထား ဒုစရိုက်စုံ ကျူးလွန်ဆုံး အလဇ္ဇီပမာ ငြင်းကွယ်ပြန်ရင်း လှောင်အိမ်ထဲက ငှက်သူငယ်လို မျှော်ခိုရာမဲ့ နေခဲ့ရ၏။   မျိုးရင်းမျိုးချာ တော်စပ်ငြားလည်း ဒွေးရောဥပဒ်ရော ရင်ဆိုင်ရသော် သူစိမ်းလိုရွှေ့ မျက်နှာလွှဲလို့ လူကုပ်ကမြင်း ကိုယ်လွတ်ရုန်းနှင့် လှောင်အိမ်ထဲက ငှက်သူငယ်လို ထွက်ပေါက်မတွေ့ ဖြစ်နေလေ၏။   မုန်တိုင်းသဖွယ် ဘေးဘျမ်းမျိုးကို အန်တုဖက်ပြိုင် ကျော်ယိုင်ဖြတ်ကာ အနေကျုံ့တဲ့ တိုင်းတစ်ပါးဝယ် ဒုက္ခိတအဖြစ် ရိပ်ခိုရလည်း လှောင်အိမ်ထဲက ငှက်သူငယ်လို ကိုယ်ထီးကျန်ကာ နေခဲ့ရ၏။   သွေးခွဲမှုကို စွန့်ကာပစ်လို့၊ သွေးစည်းမှုကို ပိုင်နိုင်ပါစေသား။

Feb 2022

အပတ်စဉ် ကဏ္ဍ ၊ ဖေဖော်ဝါရီလ( ၂၁) ရက်၊ ၂၀၂၂။   ငါတို့ရဲ့အနာဂတ် ရေးဖွဲ့သူ- (Benazir Salim)Zoe Blossom အမုန်းတရားနဲ့ သန္ဓေတည်လို့ တိုက်ပွဲတွေပေါက်ဖွားလာ သွေးကြွေးတွေဆပ်နေရတာ ဒီပထဝီမှာ... ငိုကြွေးသံတိုးလာ။ စိုးရိမ်စိတ်ကြောင့် အကြောက်တရားနဲ့လန့်လျက် မေတ္တာတွေပြတ်တောက်နေရတာ ဒီကမ္ဘာဟာ... တစ်ကိုယ်ကောင်းဆန်လာ။ ကျည်ဆံယမ်းငွေ့တွေ မီးတောက်တွေကြားမှာ ဖြူစင်တဲ့ပန်းခြံလေး လွတ်ကင်းပေးပါလေ မီးစာမီးပွားများငြိမ်းသတ်ပါရစေ။ တောက်ပတဲ့အနာဂတ် လျှောက်ဖို့ အတိတ်ကိုမေ့စို့ကွယ် မျက်တခတ်လှုပ်တိုင်း တိမ်ပေါ်ရောက်တဲ့ဘဝကို သွားချင်တယ်။ သတ်ဖြတ်မှုတွေ ဖိနှိပ်မှုတွေ ပစ်ခတ်မှုတွေရပ်လိုက်ပါ ဒို့တတွေ မျှော်လင့်ချက်မဲ့နေတယ် ဒီဘဝရဲ့မှတ်တိုင်ထဲ။ အတ္တမာနတွေ လျော့ချလိုက်ပါ ဒို့တတွေ အပြုံးပန်းလိုနေတယ် ဖြူစင်တဲ့လောကထဲ အေးချမ်းတဲ့အနာဂတ်လေး တည်ဆောက်ခွင့်ပေးပါကွယ်...။
  သွေးစွန်းသော နေ့ရက်များ ရေးဖွဲ့သူ။ ။ရှဟီဒါဝင်း @ဝင်းဝင်းမော် (၁) ထာဝစဉ် စိမ်းလန်း ငြိမ်းချမ်းခဲ့တဲ့ အမေ့ရင်ခွင် အာရ်ကန်ပြည်မှာ သယံဇာတ ဝိသမ လောဘသားတစ်စုနဲ့ လက်ကိုင်တုတ်တွေက ဘာသာရေး လူမှုရေး မှိုင်းတိုက်ကာ ညီနောင်တွေကြား မြေခွေးအကြံနဲ့ စိတ်ဝမ်းကွဲစေခဲ့၊ (၂) လူလုပ် ကပ်ဆိုးဝန်းရံခဲ့တဲ့ ၂၀၁၂ခု ဇွန်လမှာ အပြစ်မဲ့သူတွေရဲ့ဘဝ တွေ အသက်အိုးအိမ်တွေ ရက်စက် လွန်းတဲ့ အမုန်းတရားတွေကြား သေကြေ ပျက်စီး လောင်မြိုက်ခဲ့ စာသင်ကျောင်း ဆေးခန်း ဒဿနိက အ ဆောက်အဦနဲ့ လူ့ဂုဏ်သိက္ခာတွေ ပြာကျ စေခဲ့၊ (၃) ထောင်နဲ့ချီ အပြစ်မဲ့ရိုဟင်ဂျာတွေကို လူမျိုးရေးအာဃာတ တွေ ရှေ့တန်းတင်ပြီး လူကြီးလူငယ်မရွေး ဖမ်းဆီးထောင်ချခဲ့ တဖက်က အပြစ်ရှိသူတွေ အောင်ပွဲခံ အပြစ်မှ ကင်းလွတ်ခွင့်ရထားဆဲ သိန်းနဲ့ချီ ရိုဟင်ဂျာတွေကို အကျဉ်းသားသဖွယ် ပိတ်လှောင်ထားဆဲ၊ (၄) အေးအတူပူအမျှ ခေတ်အဆက်ဆက် ငြိမ်းချမ်းစွာ ...
အပတ်စဉ် ကဗျာကဏ္ဍ ဖေဖော်ဝါရီလ( ၅)ရက်၊၂၀၂၂။     အိပ်မက်ရောင်ခြည်နှင့် လူအမှုန် ယျာတင် (ရိုဟင်းသား)     ပိန်းကျအမှောင် ဖြိုခွင်းအောင်ကြံ လင်းရောင်ဝတ်ရုံ လွှမ်းခြုံကာဖြင့် ဖူးထွက်ခွင့်ငှါ စိုင်းပြင်းနေသည့် အားမာန်ပြည့်ဖြိုး အနာဂတ်ကြယ် ပန်းပွင့်ပုလဲ ရို-လူငယ်များ ဥယျာဉ်လယ်မှာ လွတ်လပ်စွာ ဖူးပွင့်လင်းစေသား။ လင်းသည့်ပန်းများ ပွင့်လန်းအောင်နှင့် ပွင့်သည့်ပန်းတိုင်း လင်းဝင်းရန်ဟု ပြင်းပြဆန္ဒ နှလုံးမြဲသွင်း လူအမှုန်သည် ဥယျာဉ်ခြံသို့ တိုက်တွန်းချက်မဲ့ မပျက်ရောက်သည် တာဝန်တစ်ခု မှတ်သောကြောင့်။ ဉာဏ်ပန်းစုံလင် လင်းဝင်းရောင်ဖြင့် ထိန်ထိန်လင်းသည့် သည်ဥယျာဉ်မှာ အကယ်၍ ... ပေါင်းပင်တွေ့က ပေါင်းသင်ချင်သည် ရေငတ်ပင်ဆုံ ရေလောင်းချင်သည် လဲပင်တွေ့မူ ထူပေးချင်သည် ဤသည်က ... ပုလဲပွင့်မြတ် ရို-လူငယ်ကို လောကအလယ် မြတ်ရာဖျားဝယ် ခိုင်ခံ့မြဲမြံ ဝင်းစေချင်သော စစ်မှန်ဆန္ဒ သေးဖွဲ့တစ်ခု ကာလရှည်စွာ ကိန်းဝပ်နေသောကြောင့်။ ပညာရတနာ ရှာဖွေစုရုံး ဖြူစင်ပျိုနု လူငယ်ထုသာ ရှည်လျားမှောင်ဖုံး တို့ဘဝကို အမှောင်ခွင်း၍ အလင်းဆောင်ရာ တန်ဖိုးဖြတ်ခဲ အနာဂတ်ကြယ်ဟု ဤလူသား ဧကန်အမှန် ...

Jan 2022

The Weekly Feature| 30th January 2022   MY SOUL By Dr. Yasmin Haroon My soul is wandering exhausted, My existence is questionable I wish to be no more, The moon, wind and rain excite my senses no more, About my living ...
THE WEELY FEATURE The poem featuring for this week was written on 12th of June 2019 by the Rohingya poet and the latest editor of The Art Garden Rohinga, Maung Abdul Khan.  Slavery In the pleasant morning, While ...