"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
မြတ်မိခင်
ရေးဖွဲ့သူ – လာလ်မောတီ
မိခင်မျက်နှာ ပြုံးသော်တာ
စမ်းရေပမာ ကြည်အေးလှ
မာတာမိခင်ပုံရိပ်က
ချိန်တိုင်းလိုလို ပြေးမြင်ရ
ဘဝဆာယာလို လွှမ်းခြုံသွား။
ယုယထွေးပိုက် နို့ချိုတိုက်
ရင်ခွင်ထက်ဝယ် နှစ်ခြိုက်ခြိုက်
အညစ်ကြေးလည်း မရွံရှာ
မေတ္တာတရားကြီးမာတာ
အနန္တဂိုဏ်းဝင် မွေးမိခင်
မြင့်မိုရ်တောင်ဦး ကျေးဇူးရှင်
မျှော်ရည်မှန်းလို့ တမ်းတမ်းတ
မိခင်မေတ္တာ သတိရ။
မိခင်ကျေးဇူး ဆပ်မကုန်
ဂုဏ်အထူးကို တွေးကြည်နူး
မေတ္တာလွှမ်းခြုံ ကြီးမြတ်ပုံကို
အောက်မေ့တသ စိတ်အမှန်းနဲ့
လွမ်းဆွတ် မျက်ရည်စီးရလေပြီ
အို…မိခင်ရယ်…
ဘယ်ခါပြန်ဆုံခွင့် ရမှာတည်း။
……………..*********………………..
Sn-May, B-08 (13-05-2020) Editorial Team The Art Garden Rohingya