Posts tagged "Lalmoti_Khan_@_SFI"

May 2020

မြတ်မိခင် ရေးဖွဲ့သူ - လာလ်မောတီ မိခင်​မျက်​နှာ ပြုံး​​သော်တာ စမ်းရေပမာ ကြည်​အေးလှ မာတာမိခင်ပုံရိပ်က ချိန်​တိုင်းလိုလို ပြေးမြင်ရ ဘဝဆာယာလို လွှမ်းခြုံသွား။ ယုယ​ထွေးပိုက်​ နို့ချိုတိုက်​ ရင်​ခွင်​ထက်​ဝယ် နှစ်​ခြိုက်​ခြိုက် အညစ်​​ကြေးလည်း မရွံရှာ မေတ္တာတရားကြီးမာတာ အနန္တဂိုဏ်းဝင်​ ​မွေးမိခင် မြင့်မိုရ်တောင်ဦး ကျေးဇူးရှင်​ မျှော်ရည်မှန်းလို့ တမ်းတမ်းတ မိခင်​​မေတ္တာ သတိရ။ မိခင်​​ကျေးဇူး ဆပ်မကုန် ဂုဏ်​အထူးကို တွေးကြည်နူး မေတ္တာလွှမ်းခြုံ ကြီးမြတ်​ပုံကို ​အောက်​​မေ့တသ စိတ်အမှန်းနဲ့ လွမ်းဆွတ် မျက်​ရည်​စီး​ရလေပြီ အို...မိခင်​ရယ်​... ဘယ်​ခါပြန်​ဆုံခွင့်​ ရမှာတည်း။ .................*********.................... Sn-May, B-08 (13-05-2020) Editorial Team The Art Garden Rohingya
အသနားခံပါ၏ ရေးဖွဲ့သူ - လာလ်မော်တီ  အိုး... အလ္လာဟ်.....မည်သည့် သမားတော်ဘယ်သိပ္ပံပညာရှင်ကမှအစွမ်းကုန် အားထုတ်ကြိုးစားငြားလည်းသည်ကိုရိုနာဗိုင်းရပ်စ် ကူးပြန့်မှုကိုအောင်မြင်စွာ မတားဆီးနိုင်ပေ။ အိုး... အလ္လာဟ်.....ထောင်သန်းနဲ့ချီ သက်မျိုနေတဲ့သည်ဗိုင်းရပ်စ်ပိုးရဲ့ စွမ်းအားကိုအသျှင်သာလျှင် အသျှင့်နည်းနဲ့ သည်ရောဂါကပ်ဆိုး လောင်မီးပုံမှလူ့သက်များအား ကယ်တင်တော်မူပါ။ အိုး... အလ္လာဟ်.....လူသားမျိုးဟာ အမှားနဲ့မကင်းပါမကောင်းမှုများစွာ ဆည်းပူးငြားလည်းအသျှင်သခင် ခွင့်လွှတ်မြဲကျအသျှင့်အနှိုင်းမဲ့ ကရုဏာနဲ့ကမ္ဘာသူ ကမ္ဘာသားအားကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှကင်းလွှတ်တော်မူပါ။ အိုး... အလ္လာဟ်.....မုဆိုးမိုက်လို ရိုင်းကားနေတဲ့သည်ပိုးရိုင်းရဲ့တိုက်စားမှုကို ခါးခါးသီးသီး ခံနေရသူများရဲ့အသက်မြတ်များအား ပြန်ရှင်သန်ခွင့်ပေးသနားတော်မူပါ။မကူးစက် မဖြစ်ပွားသေးတဲ့ကျန်တတွေအားလည်းကိုရိုနာရိုင်းနှင့် မကြုံရပါစေနဲ့လို့ ဆုမွန်ကောင်းတောင်းဆိုပါ၏။   (11-05-2020)Editorial Team The Art Garden Rohingya ...

Apr 2020

Dear Sweetheart By Lalmoti Khan @ SFI O my dear sweetheart! I make your days beautiful, I make your nights wonderful. Love sees the invisible Believes in unbelievable Receives the impossible Has faith ...