ဤခရီး နီးလွန်း၏
ရေးဖွဲ့သူ- မေယုတာရာ
လူ့လောကကြီးထဲ ငိုစပြုရင်းဝင်လာခဲ့
မွေးကင်းစမှ ၅ နှစ်ထိ ကလေးဘဝမှာ
မိဘရင်ခွင်ထဲ ပျော်ပျော်လေးပဲကွယ်
စိုးရိမ်သောက အလျဉ်းမရှိ၊ လောကကြီးက ငါနဲ့တစိမ်း
မိဘထက်ပိုချစ်သူဟူ၍ နတ္ထိပါပဲ။
တစ်ခါ ၁၅ နှစ်အရွယ်ထိ လူကလေးဘဝ
ပူပန်စရာတွေ မတွေးတတ် ကခုန်ကစား စာဖတ် အိပ်ပျော်
မိဘအပြင် ချစ်တတ်သူတိုးလာပြီ ဆရာ၊ဆရာမများ
လောကကြီးက ချစ်စရာကြီးပါလား။
တစ်ဖန် ၂၅ နှစ်ထိ လူငယ်ဘဝ
၁၀ တန်းကျော်ဘွဲ့လဲရလာ လေ့လာလိုစိတ် အရာရာ
ဘဝနောင်ရေး စဉ်းစားတတ်ရင်းလေ
စွန့်စားတတ်သိလိုစိတ် ပြင်းပြတဲ့အရွယ်လေး။
သက်တော် ငါးဆယ်ထိ လူကြီးဘဝ
အိမ်ထောင်ဦးစီး ရင်သွေးတွေနှင့် စီးပွားရေးပါ ...
မေ့ခက်လို့
ယျာတင် (ရိုဟင်းသား)
အရောင်အနံ့ စုံလင်နေသည့်
ခွဲခြားမှုကြား အတိဒုက္ခ
ရင်ဘတ်ထဲထမ်း သယ်လှမ်းရ၍
ဘဝကန္တရ ဤခရီးမှာ
ငါတို့ တကယ် မောပန်းတယ်။
ဆံပင်ကစ ခြေဖျားအဆုံး
သင်နှင့်ငါက လူချင်းတူလည်း
ကိုးကွယ်ရာသာ ခြားသည့်ဟာကို
ရန်သူသဖွယ် သင်တို့မှတ်၍
နှိမ်နင်းနေသည့် သင်တို့လုပ်ရပ်
နှလုံးသားဝယ် သမိုင်းတည်
ငါတို့ တကယ် မေ့ခက်တယ်။
(၄-၁-၂၀၂၀)
The Art Garden Rohingya