The Blog

မေ့ခက်လို့

ယျာတင် (ရိုဟင်းသား)

အရောင်အနံ့ စုံလင်နေသည့်
ခွဲခြားမှုကြား အတိဒုက္ခ
ရင်ဘတ်ထဲထမ်း သယ်လှမ်းရ၍
ဘဝကန္တရ ဤခရီးမှာ
ငါတို့ တကယ် မောပန်းတယ်။

ဆံပင်ကစ ခြေဖျားအဆုံး
သင်နှင့်ငါက လူချင်းတူလည်း
ကိုးကွယ်ရာသာ ခြားသည့်ဟာကို
ရန်သူသဖွယ် သင်တို့မှတ်၍
နှိမ်နင်းနေသည့် သင်တို့လုပ်ရပ်
နှလုံးသားဝယ် သမိုင်းတည်
ငါတို့ တကယ် မေ့ခက်တယ်။

(၄-၁-၂၀၂၀)
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website