ရိုဟင်ဂျာ့ ဆိုရိုးစကားပုံ (၁၁)
" No-hande de fua ye, dud no-fa. "အသံထွက်- [ နော ဟာန်ဒေဒေ ဖူဝါ ယေ၊ ဒူဓ် နောဖာ]-Rohingya Proverb
မြန်မာဘာသာပြန် ---------------------- "ငိုတတ်တဲ့ကလေး နို့ပိုစို့ရ"
အင်္ဂလိပ်ဘာသာပြန် ------------------------“He who does not cry, does not get the ...
Posts tagged "Lalmoti"
Dec 2019
ခါးသီးလွန်းတဲ့ သေခြင်းတရား (၂)
ရေးဖွဲ့သူ- Lalmoti Khan
လူ့လောကမှာ... နေရာတကာ ဒုက္ခအန္တရာယ် လူတိုင်းလူတိုင်း စန့်အားနဲ့ပြိုင် ခက်ခက်ခဲခဲ ရုန်းကြံနေရတယ်။
ယုံကြည်စိတ်ပိုင် စွဲမြဲခိုင်၍ ကောင်းမှုမြတ်နိုး ကောင်းကျိုးဆောင် သေဘေးမလွှဲ အောက်မေ့ကာ သေခြင်းတရား မခါးသီးရအောင် ကြိုတင်ပြင်ဆင် သတိရပါ။
တည်မြဲမှုမရှိတဲ့ ကမ္ဘာပေါ်မှာ မာနလောဘ စွန့်ပစ်လော့။ ကျင့်ဆိုးကြံမှား ဘေးဖယ်ထား၍ ဆင်ခြင်စိတ်ဖြူ ဆက်လျှောက်ပါ။
အရှိန်အဝါ ဘုန်းမီးလျာနှင့် လောကကြီးထဲ ...
Nov 2019
လမ်းမှန်အတိုင်း ရှေ့သို့ရုန်းလျှောက်
ရေးဖွဲ့သူ- မိုဟမ္မဒ်ရှမီမ်း နှင့် လာလ်မိုတီ
ရောင်စုံဒုက္ခ ကြုံမြဲကြုံလည်း အသွားအလာ ပိတ်ပင်ပေမူ... တစ်နေ့နေ့မှာ မုချပါ ရိုမျိုးအောင်လံ စိုက်အံ့ပ ရည်မှန်းချက်ကြီး ပိုက်ချီထား။ ရှေးကဆိုရိုး စကားပုံသို့ ညီညီညာညာ ဆင်နွှဲပါ ညီညွှတ်ခြင်းကား တို့ခွန်အား ပစ္စုပ္ပန်ဒိဋ္ဌ သင့်ဘဝအား ရုန်းကန်ကြိုးစား ပြောင်းလိုက်ပါ့။ တစ်နေဝင်က တစ်မိုးသောက်မည် ဓမ္မတာလည်း ပါရှိသောကြောင့် ကျန်တာဘဝ တောက်ပနေအောင် စိတ်ခိုင်ကြည်စင် ဖန်တီးကြပါ။ ...
Sep 2019
ရှေ့သို့လှမ်းကာ ပန်းတိုင်ရှာ
ရေးဖွဲ့သူ - Lalmoti
မိဘကဝေး အဆွေလည်းမဲ့ ဇာတိနှင့်ဝေး မိတ်ဆွေနှင့်ကွဲ မချိဒုက္ခ တို့ခံရလည်း ‘ ရှေ့သို့လှမ်းချီ ပန်းတိုင်မီအံ့'ဟု မျှော်လင့်ချက်ပွား ယုံကြည်မှုဆက် ဥဇုဘူတ ရှေ့လျှောက်မည်။
ခံနိုင်စွမ်းမဲ့ ကြုံရဘေးစုံ ပြောမဆုံးသည့် ဒဏ်ရာမျိုးကြောင့် နှလုံးနာကျင် စိတ်ကညစ်လည်း ‘ ရှေ့သို့လှမ်းချီ ပန်းတိုင်မီအံ့'ဟု ဒုက္ခစုံကြား ခေါင်းကိုမော့ကာ ဤခရီး တို့လျှောက်မည်။
လူမျိုးဘာသာ စွဲပြုကာဖြင့် ခုတ်ခြင်း၊ ...