The Blog

ခါးသီးလွန်းတဲ့ ​သေခြင်းတရား (၂)

ရေးဖွဲ့သူ- Lalmoti Khan 

လူ့လောကမှာ…
နေရာတကာ ဒုက္ခအန္တရာယ်
လူတိုင်းလူတိုင်း စန့်​အားနဲ့ပြိုင်
ခက်​ခက်​ခဲခဲ ရုန်းကြံနေရတယ်​။

ယုံကြည်​စိတ်​ပိုင် စွဲမြဲခိုင်​၍
ကောင်းမှုမြတ်​နိုး ​ကောင်းကျိုး​ဆောင်
 ​သေ​ဘေးမလွှဲ ​အောက်​​မေ့ကာ
သေခြင်းတရား မခါးသီးရအောင်
ကြိုတင်​ပြင်​ဆင်​ သတိရပါ။

တည်မြဲမှုမရှိတဲ့ ကမ္ဘာ​ပေါ်မှာ
မာန​လောဘ ​စွန့်​ပစ်​လော့။
ကျင့်​ဆိုးကြံမှား ​ဘေးဖယ်​ထား၍
ဆင်ခြင်စိတ်​ဖြူ ဆက်လျှောက်ပါ။

အရှိန်​အဝါ ဘုန်းမီးလျာနှင့်
လောကကြီးထဲ မာန်ဟုန်းထယ်
အရှင်​လူသန်​လဲ ကွယ်​ရပါမယ်​။
မဖိတ်ရောက်တဲ့ ​သေခြင်းတရားနှင့်
အိုအဆွေ​မော် သွားရဦးမယ်​။

ပွင့်​လန်းသာယာ လယ်​ယာ​မြေများ
အပန်း​ဖြေရာ ကမ်း​ခြေများ
စိတ်​ဝင်​စားရာ ဥယျာဉ်လေးများ
ခပ်​သိမ်းအရာ သင်္ခါရပါ။

အို… မြေပထဝီသား ဇာတ်ကောင်များ
သေခြင်းတရား မခါးသီးစေရန်
ကြိုတင်​ပြင်​ဆင်​ အမြဲကျင့်ပါ။
စက္ကန့်​မလပ်​ မှိတ်မပြတ် သတိရပါ​စေ။

Sn.Dec,B-05 
(16-12-2019)
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website