"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
လမ်းမှန်အတိုင်း ရှေ့သို့ရုန်းလျှောက်
ရေးဖွဲ့သူ- မိုဟမ္မဒ်ရှမီမ်း နှင့် လာလ်မိုတီ
ရောင်စုံဒုက္ခ ကြုံမြဲကြုံလည်း အသွားအလာ ပိတ်ပင်ပေမူ… တစ်နေ့နေ့မှာ မုချပါ ရိုမျိုးအောင်လံ စိုက်အံ့ပ ရည်မှန်းချက်ကြီး ပိုက်ချီထား။ ရှေးကဆိုရိုး စကားပုံသို့ ညီညီညာညာ ဆင်နွှဲပါ ညီညွှတ်ခြင်းကား တို့ခွန်အား ပစ္စုပ္ပန်ဒိဋ္ဌ သင့်ဘဝအား ရုန်းကန်ကြိုးစား ပြောင်းလိုက်ပါ့။ တစ်နေဝင်က တစ်မိုးသောက်မည် ဓမ္မတာလည်း ပါရှိသောကြောင့် ကျန်တာဘဝ တောက်ပနေအောင် စိတ်ခိုင်ကြည်စင် ဖန်တီးကြပါ။ ကိုယ့်သွားရာလမ်း ခရီးကြမ်းဝယ် ခရမ်းဆူးနှောင့် ငြောင့်ခလုတ်အား ရဲရဲဖယ်ရှား ရှေ့သို့ဆက်သွား ဇွဲသတ္တိနှင့် မိတ်ဖွဲ့ထား။ အို… အိပ်မောကျနေသူ ရိုပေါင်းတို့ နိုးထကြလော့… ရုန်းကြလော့။
Sn.Nov,B-6 (၄၊၁၁၊၂၀၁၉) #theartgardenrohingya