The Blog

 

 

 

 

 

 

အပတ်စဉ်ကဗျာကဏ္ဍ

မတ်လ (၃)ရက်၊ ၂၀၂၂။

 

လှောင်အိမ်ထဲက ငှက်သူငယ်

 

ရေးဖွဲ့သူ – Dialogue Partner

 

မနုဿမျိုးရုံ တို့အလုံးစုံ

ဆင်းသက်လာလည်း

ရိုးရာဓလေ့ ယဉ်ကျေးမှုနဲ့

တသီးတခြား ဦးတည်သွားလို့

ရန်သူရန်ဖက် မတည့်သလို

စိတ်အားငယ်စွာ နေခဲ့ရ၏။

 

သူ့ပြစ်ကိုမြင်၊ ကိုယ့်ပြစ်ကိုဖုံး

သဟဇာတ တန်ဖိုးမထား

ဒုစရိုက်စုံ ကျူးလွန်ဆုံး

အလဇ္ဇီပမာ ငြင်းကွယ်ပြန်ရင်း

လှောင်အိမ်ထဲက ငှက်သူငယ်လို

မျှော်ခိုရာမဲ့ နေခဲ့ရ၏။

 

မျိုးရင်းမျိုးချာ တော်စပ်ငြားလည်း

ဒွေးရောဥပဒ်ရော ရင်ဆိုင်ရသော်

သူစိမ်းလိုရွှေ့ မျက်နှာလွှဲလို့

လူကုပ်ကမြင်း ကိုယ်လွတ်ရုန်းနှင့်

လှောင်အိမ်ထဲက ငှက်သူငယ်လို

ထွက်ပေါက်မတွေ့ ဖြစ်နေလေ၏။

 

မုန်တိုင်းသဖွယ် ဘေးဘျမ်းမျိုးကို

အန်တုဖက်ပြိုင် ကျော်ယိုင်ဖြတ်ကာ

အနေကျုံ့တဲ့ တိုင်းတစ်ပါးဝယ်

ဒုက္ခိတအဖြစ် ရိပ်ခိုရလည်း

လှောင်အိမ်ထဲက ငှက်သူငယ်လို

ကိုယ်ထီးကျန်ကာ နေခဲ့ရ၏။

 

သွေးခွဲမှုကို စွန့်ကာပစ်လို့၊

သွေးစည်းမှုကို ပိုင်နိုင်ပါစေသား။

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website