အိမ်
ဇာတိရင်းစစ် ရေသောက်မြစ်တွယ်၊
အချစ်တွေနေပြီး အိမ်မက်ကရောင်ခြယ်
နံရံမှာ အမှတ်တရတွေ ပွင့်လို့နေ
ရယ်မောပျော်ရွှင်ခြင်း ပဲ့တင်ထပ်တယ်။
အုတ်တွေ၊ အမိုးတွေချည်းပဲ မဟုတ်ပေဘူး
ချမ်းမြေ့ရာရိပ်သာ ဧဒင်ဥယျာဥ်အလား
ရင်းနှီးတဲ့ရနံ့များ၊ မေ့မရတဲ့အတိတ်များ၊
နှစ်သိမ့်စေတဲ့ မီးပန်းများလို ဝဲရစ်ပျံတယ်။
ထောင့်ခန်း မီးဖိုချောင်မှ တေးတစ်ပိုဒ်၊
တို့ပိုင်တဲ့အိမ်၊ တို့ပိုင်တဲ့ကမ္ဘာ
အစာမဝလည်း အနေမြတ်တာမို့
ချောင်းတိုင်းလဲငေးလို့သာ၊
အလင်းတန်းလို ဖွေးဖွေးဖြာတယ်။
ငါတို့ရဲ့ ဘဝခရီးတွေ ဘယ်ရောက်ရောက်၊
အိမ်ဟာ နှလုံးသားထဲ မရိုးတဲ့ အံ့ဖွယ်ရာ။
— အာရ်အေ တင်မိုး
ခါးသီးလွန်းတဲ့ သေခြင်းတရား (၂)
ရေးဖွဲ့သူ- Lalmoti Khan
လူ့လောကမှာ…
နေရာတကာ ဒုက္ခအန္တရာယ်
လူတိုင်းလူတိုင်း စန့်အားနဲ့ပြိုင်
ခက်ခက်ခဲခဲ ရုန်းကြံနေရတယ်။
ယုံကြည်စိတ်ပိုင် စွဲမြဲခိုင်၍
ကောင်းမှုမြတ်နိုး ကောင်းကျိုးဆောင်
သေဘေးမလွှဲ အောက်မေ့ကာ
သေခြင်းတရား မခါးသီးရအောင်
ကြိုတင်ပြင်ဆင် သတိရပါ။
တည်မြဲမှုမရှိတဲ့ ကမ္ဘာပေါ်မှာ
မာနလောဘ စွန့်ပစ်လော့။
ကျင့်ဆိုးကြံမှား ဘေးဖယ်ထား၍
ဆင်ခြင်စိတ်ဖြူ ဆက်လျှောက်ပါ။
အရှိန်အဝါ ဘုန်းမီးလျာနှင့်
လောကကြီးထဲ မာန်ဟုန်းထယ်
အရှင်လူသန်လဲ ကွယ်ရပါမယ်။
မဖိတ်ရောက်တဲ့ သေခြင်းတရားနှင့်
အိုအဆွေမော် သွားရဦးမယ်။
ပွင့်လန်းသာယာ လယ်ယာမြေများ
အပန်းဖြေရာ ကမ်းခြေများ
စိတ်ဝင်စားရာ ဥယျာဉ်လေးများ
ခပ်သိမ်းအရာ သင်္ခါရပါ။
အို… မြေပထဝီသား ဇာတ်ကောင်များ
သေခြင်းတရား မခါးသီးစေရန်
ကြိုတင်ပြင်ဆင် အမြဲကျင့်ပါ။
စက္ကန့်မလပ် မှိတ်မပြတ် သတိရပါစေ။
Sn.Dec,B-05
(16-12-2019)
The Art Garden Rohingya