The Blog

ဘဝရယ်…ယခုထိမပြီးနိုင်ပါလား

ရေးဖွဲ့သူ- Sahat@Zia Hero Naing

ပြေးလိုက် ရှောင်လိုက်
ချောင်းလိုက် ပုန်းလိုက်နဲ့
ဟိုးရှေးခေတ်ကပင်
ဇာတ်လမ်းစတင်
ကိုယ်က ပြေးမယ်ဆို
နောက်က လိုက်ပါလာမလား
ကိုယ်က ပုန်းနေမယ်ဆို တစ်ခြားလူတွေ အားငယ်မှာလား
အော်… ဘဝရယ်
ယခုထိ မပြီး နိုင်ပါလား။

ဟုတ်လား တကယ်လား
လာတယ်လို့ဆို
ဟိုဘက်က ဝင်နေတယ်ဆို
အဖွဲ့ပေါင်းစုံဆို ပြေးရမှာပေါ့
ရှောင်နေမှ ကောင်းတာကို
အော်… ဘဝ ရယ်
ယခုထိ မပြီး နိုင်ပါလား။

သတ်တဲ့ဇောနဲ့ဆို
မြင်သမျှအကုန် အပြစ်နဲ့လား
ငယ်ငယ်တုန်းက ကြားလာတာ
ဒီဘက်မှာ ကုလား…ကုလား
ဟိုဘက်မှာလည်း ဗမာသား
ရိုဟင်ဂျာနာမည်က အပြစ်ပဲလား
အော်… ဘဝ ရယ်
ယခုထိ မပြီးနိုင်ပါလား။

ညမထွက်ရ၊ ဈေးမသွားရ
လမ်းမလျှောက်ရ ဆို
မလုပ်ပဲနဲ့ စားလို့ရတာကိုး။
ပဲဆီ အုန်းဆီ ငရုတ်သီး
ကြက်သွန်ဖြူနီ အာလူးကအစ
အကုန် ပေးနေတယ်မလား
အလုပ်လုပ်စားတာ အပြစ်လေ
အော်… ဘဝ ရယ်
ဘယ်နေ့ထိ ခံနေရမှာလဲ
ယခုထိ မပြီးနိုင်ပါလား။

မေမေပြောတယ် အိမ်မှာမနေနဲ့
ဘဘပြောတယ် အပြင်မထွက်နဲ့
ကိုယ်ကလည်း လူသေးသေး
နောက်ကျော့က ငယ်ငယ်
အားကလည်း နည်းနည်း
အချိန်က ထိတ်လန့်လန့်
အိမ်တံခါးလည်း အပောာက်များများနဲ့ အဆုတ်ပျက်ပျက်
အော်… ဘဝ ရယ်
ထိုင်နေရမလား ငိုနေရမလား
ယခုထိ မပြီးနိုင်ပါလား။

တစ်နေ့ကုန် သူ့ကျိုးဆောင်နေလို့
ကိုယ့်အမျိုးကို ကူညီချင်တော့
တောင်ပြေးလိုက် မြောက်ပြေးလိုက်
တောင်တက်လိုက်ဆင်းလိုက်နဲ့
နေပူခံ မိုးရေဆွတ်ပြီး
ညအိမ်ပြန်ရောက်တော့ ပန်းတာတစ်အား
ဝမ်းတဆာဆာ ထမင်းအိုးမြန်ရှာ
ကိုယ်ခန္ဓာက အနားရှာ
စိတ်ကလည်း မရပ်မနား
လာနေတယ်ဆို အဲ့ဒါမှတစ်ခါ
အသက်က အရေးကြီးတယ်
မိသားစုကလည်း ကိုယ့်ကိုပဲအလိုရှိတယ်
သားသမီးတွေက ချစ်စရာလေးတွေ
အခြေအနေပဲ မုန်းတီးနေလို့
အော်…ဘဝရယ်
ယခုထိမပြီးနိုင်ပါလား

မှန်တာပြောမယ် ကောင်းတာလုပ်မယ်
ကမ္ဘာကြီး က ဓား၊တုတ်ကြီးကြီးနှင့်
ကိုယ်ကပဲ ဓားစာခံရမယ်
အဆုံးထိတော့ သည်းခံမယ်
သည်းခံပြီး မှည့်တဲ့အသီး
အရသာ အမြဲချိုတယ်
ကိုယ်ကမှန်တယ် နောက်မဆုတ်ဘူး
အမှန်တရားက မျက်မကန်းဘူး
အသက်ဆုံးမယ် ဂုဏ်သိက္ခာ မရှုံးဘူး
ကိုယ်သေမယ် အမျိုးမပျောက်ဘူး
ကိုယ့်နိုင်ငံ ဘယ်လိုခါးခါး
နိုင်ငံ့သစ္စာ အဓိကပါ
သစ္စာအမြဲ စောင့်ထိန်းမယ်
နိုင်ငံ့အမိန့် နာခံမယ်
သစ္စာမဲ့တဲ့သူ ဘမသိမိမသိလူ
တစ်နေ့တော့ အေးချမ်းမယ်
အမျိုးရဲ့ဘဝ ငြိမ်းချမ်းမယ်
စည်းလုံးမှသာ အောင်မြင်မှာပါ
အော်…ဘဝလေးရယ်
အကြင်နာပေးပါလား
ယခုထိ မပြီးနိုင်ပါလား။

(၁၇-၅-၂၀၂၀)
အယ်ဒီတာအဖွဲ့
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website