ကဗျာချစ်ပရိသတ်တို့အတွက် ရိုဟင်ဂျာကဗျာဆရာမ ရိုမရုန်း(န)ရဲ့ ပြောင်မြောက်တဲ့ လက်ရာမွန် ကဗျာစုစည်းမှု "ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ" စာအုပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အောက်ပါလိင့်ကိုနှိပ်၍ အခမဲ့ဒေါင်းယူပါ။ ပရိသတ်များအားလုံး ဖတ်ရှုကြည်နူးနိုင်ပါစေ။
⏬DownloadHere⏬
ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ
သဘာဝ
ရေးဖွဲ့သူ- Benazir
ဆီးနှင်းကဖြူ၊ မီးကပူ
သကြားချိုသာ၊ ခါးတမာ
ရေခဲအေးစိမ့်၊ ရှောက်သီးချဉ်
ငရုတ်စပ်လွန်၊ ဆားကငန်
ဒါတွေသဘာဝ၊ လွန်ဆန်၍မရ…။
ဒီထက်ပို၍ သဘာဝဆန်တဲ့
လောကနိယာမ လွန်ဆန်မရတာ
သေခြင်းတရား မဟုတ်လား။
သို့ဖြစ်ရသော်
ဘဝနိဂုံး ချုပ်မသွားမီ
သီလကိုစောင့်၊ ကုသိုလ်ကျင့်
ရိုးသားဖြူစင်၊ စိတ်ထားကောင်း
သစ္စာရေကြည်၊ လက်ကိုင်ပြုရင်း
ဘာသာတရားကိုင်းရှိုင်းမယ်ဆို
သေခြင်းတရား ချောင်းတံတားကို
ပျော်ရွှင်ရဲရဲ ကျော်လွှားနိုင်ပြီး
မြတ်သုဂတိသို့ ရောက်ရှိမယ်တည်း။
Sn.Jan,B-16
( ၁၉-၁-၂၀၂၀)
The Art Garden Rohingya