The Blog

“ယခု​ခေတ်​ ကျွန်​​တော်​တို့လို လူငယ်​​တွေရဲ့ တိတ်​ဆိတ်​​နေခြင်းက မျိုးဆက်​သစ်​​တွေကို သတ်​သလိုမျိုး မဖြစ်​​အောင်​က​ဗျာ​ရေးဖွဲ့တာပါလို့” ဆိုသူ က​ဗျာဆရာ ​အေနာမုလ်​ဟာ​ဆောင်းနှင့်​ The Art Garden Rohingya အင်​တာ​ဗျူး

၂၀၁၉ ခုနှစ်​၊ ​အောက်​တိုဘာလ ၂၇ ရက်​ |

The Art Garden Rohingya သည်​ လူမှုအ​ခြေပြု စာ​ပေအနုပညာ website ဖြစ်​ပါသည်​။ ကျွနု​ပ်​တို့ The Art Garden Rohingya သည်​ ရိုဟင်​ဂျာတို့၏ စာ​ပေ၊ အနုပညာ၊ ရိုရားဓ​လေ့များကို ​ဖော်​​ဆောင်​​ပေးချင်​သည့်​ စာ​ပေအနုပညာချစ်​မြတ်​နိုး​သော ရိုဟင်​ဂျာလူငယ်​ က​ဗျာဆရာများကို အား​ပေးအား​မြှောက်​ပြုလျှက်​ရှိပါသည်​။ ရိုဟင်​ဂျာလူငယ်​ က​ဗျာဆရာများ က​​ဗျာစာ​ပေကို ​ရွေးချယ်​ရ​ကြောင်း၏ အ​ကြောင်းကို သိရှိနိုင်​ခြင်းငှါ က​ဗျာဆရာများနှင့်​ ​မေးမြန်းမှုပြုလုပ်​သည့်​ အင်​တာ​ဗျူးကဏ္ဍကို တင်​ဆက်​လိုက်​ပါသည်​။

အင်​တာ​ဗျူးထဲက ထင်​မြင်​ယူဆချက်​၊ ခံယူချက်​ စသည်​တို့သည်​ က​ဗျာဆရာတို့၏ အာ​ဘော်​သာဖြစ်​ပြီး၊ the Art Garden Rohingya ၏ အာ​ဘော်​မဟုတ်​​ကြောင်း အ​လေးအနက်​ သိ​စေအပ်​ပါသည်​။

AG: ခင်​​ဗျားရဲ့ ကိုယ်​​ရေးအကျဉ်း​လေး မိတ်​ဆက်​​ပေးပါ။

AH: ကျွန်​​တော်​ ​အေနာမုလ်​ဟာ​ဆောင်း ပါ။ အသက်​က ၂၂ နှစ်​ရှိပြီး​တော့ ​မွေးရပ်​က ​မော​င်​​တောမြို့၊ ကြိမ်​​ချောင်း​ကျေးရွာဖြစ်​ပါတယ်​။

AG: မြန်​မာနိုင်​ငံမှာရှိတုန်း က​လေးဘဝက အ​ကောင်းဆုံး အမှတ်​တရ တစ်​ခု​လောက်​ ​ပြောပြပါလား။

AH: က​လေးဘဝရဲ့ အ​ကောင်းဆုံး အမှတ်​တရတစ်​ခုက​တော့ ​​၂၀၀၃ ခုနှစ်​မှာ ​ဖေ​ဖေနဲ့အတူ ​ဗီဒီယိုရုံကြီးထဲမှာ ဇာတ်ကားအတူတူကြည့်​ဖူးတဲ့ အခိုက်​အတန့်​ဟာ အခုထိ မြင်​​ယောင်​​နေဆဲပါ။ ဒါက ကျ​နော့်​ဘဝမှာ ​မေ့မရတဲ့ အမှတ်​တရ​ပေါ့​ဗျာ။

AG: ခင်​​ဗျားရဲ့ ပညာ​ရေး​ ​နောက်​ခံ အ​ကြောင်း​လေး ​ပြောပြပါဦး။

AH: တက္ကသိုလ်​ဝင်​တန်းကို ၂၀၁၄ ခုနစ်​မှာ ​အောင်​မြင်​ခဲ့ပါတယ်​။ ရိုဟင်​ဂျာဖြစ်​​လို့် တက္ကသိုလ်​တက်​ခွင့်​​တော့ မရလိုက်​ပါဘူး။

AG : ဘယ်​အရာက ခင်​​ဗျားကို က​ဗျာ​ရေးဖွဲ့ဖို့ လှုံ့ဆော်​ခဲ့တာလဲ။ က​ဗျာ​တွေ ​ရေးဖြစ်​တဲ့ အ​ကြောင်း​လေး​ပေါ့။ အဲ့ဒါ​လေး ​ပြောပြပါ။

AH: အဖိနှိပ်​ခံ ရိုဟင်​ဂျာ​တွေရဲ့ ဆိုးရွား​နေ​တဲ့ အ​ခြေအ​နေက ကျွန်​​တော့်​ကို ကဗျာ​ရေးဖို့ လှုံ့ဆာ်​တာပါ။ ယခု​ခေတ်​ ကျွန်​​တော်​တို့လို လူငယ်​​တွေရဲ့ တိတ်​ဆိတ်​​နေခြင်းက မျိုးဆက်​သစ်​​တွေကို သတ်​သလိုမျိုး မဖြစ်​​အောင်​၊ ကိုယ့်​လူမျိုးကို တတ်​နိုင်​သ​လောက်​ မြှင့်​တင်​နိုင်​​အောင်​ စတဲ့ခံယူချက်​​တွေနဲ့ ​ကျွန်​​တော်​ ကဗျာ​​တွေ ဖွဲ့ရခြင်းဖြစ်​ပါတယ်​။

AG: ခင်​​ဗျားရဲ့ အနှစ်​သက်​ဆုံး က​ဗျာဆရာ သို့မဟုတ်​ စာ​ရေးဆရာက ဘယ်​သူဖြစ်​မလဲ။ ဘာ​ကြောင့်​ သူ့ကို သ​ဘောကျ နှစ်​သက်​တာလဲ။

AH: ​ကျွန်​​တော့်​ အနှစ်​သက်​ဆုံး ကဗျာဆရာ​တွေက​တော့ ဆရာ Rohangking၊ ဆရာ ယျာတင်​ နဲ့ ဆရာ Mayyu Ali တို့ပါပဲ။ ဘာ​ကြောင့်​ သူတို့ကို နှစ်​သက်​ရသလဲဆိုရင်​ သူတို့က ရိုးသားဖြူစင်​ပြီး ရိုဟင်​ဂျာ လူမျိုးကို တစ်​ဖက်​တစ်​လမ်းက​နေ မြှင့်​တင်​နေ​တာ​ကြောင့်​ ဖြစ်​တယ်​။

AG: The Art Garden Rohingya Page မှာ ခင်​​ဗျားရဲ့ က​ဗျာ ဘယ်​နှစ်​ပုဒ်​ ​ရွေးချယ်​​ဖော်​ပြခံရပြီလဲ။

AH: ကဗျာ​ပေါင်း (၁၀) ပုဒ်​ပါ။ မြန်​မာကဗျာ (၅) ပုဒ်​​ရေ၊ အင်္ဂလိပ်​ကဗျာ (၅) ​ရေပါပဲ။

AG: ပထမဆုံး ​ရွေးချယ်​​ဖော်​ပြခံရတဲ့ က​ဗျာက​ရော ဘယ်​က​ဗျာပါလဲ။ အဲ့လို ​ရွေးချယ်​​ဖော်​ပြခံရတဲ့အချိန်​မှာ ဘယ်​လိုခံစားရလဲ။ ခံစားချက်​​လေး မျှ​ဝေပါ။

AH: “Being A Rohingya” ဆိုတဲ့ အင်္ဂလိပ်​က​ဗျာပါ။ အယ်​ဒီတာ​တွေရဲ့လက်​ထဲက စိစစ်​ထွက်​လာတဲ့ က​ဗျာမို့ အတိုင်းမသိ​အောင်​ ​ပျော်​ခဲ့ရတယ်​။

AG: ဘဝမှာ ဘာဖြစ်​ချင်​ပါလဲ။ ဆိုလိုချင်​တာက ဘဝ ရည်​မှန်းချက်​က ဘာလဲ​ပေါ့။

AH: လက်​ရှိကာလမှာ ကိုယ့်​ဘက်​အရင်​ မှန်​​အောင်​လုပ်​ပြီး၊ အနာဂတ်​မှာ လမ်းမှား​ရောက်​​နေသူ​တွေကို လမ်းမှန်​​ရောက်​​အောင်​ တွန်းပို့​ပေးသူ တစ်​​ယောက်​ ဖြစ်​ချင်​ပါတယ်​။

AG: ဘဝရဲ့ စံပြပုဂ္ဂိုလ်​ (ဟီရိုး) က ဘယ်​သူပါလဲ။

AH: ကျွန်​​တော့်​ အ​မေပါ။

AG: ရိုဟင်​ဂျာလူငယ်​မျိုးဆက်​​တွေအတွက်​ သတင်းစကား​လေး ဘာများ ပါးချင်​ပါလဲ။

AH: ရိုဟင်​ဂျာ မျိုးဆက်​သစ်​ လူငယ်​များအတွက်​ ကျွန်​​တော်​ ပို့ချင်​တဲ့ သတင်းစကား​လေးက ဘဝမှာ သူတစ်​ပါးကိုချည်း အားမကိုးပါနဲ့လို့။ ကိုယ့်​ဒူးကိုယ်​​ချွန်​နဲ့ ​အောင်​မြင်​နိုင်​သူဖြစ်​​အောင်​၊ ​လောကအလယ်​ ရင်​​​ကော့ ​ခေါင်း​မော့နိုင်​​အောင်​ ကြိုးစားပါလို့။ ပညာကို ဘဝရဲ့ ဦးစား​ပေးအဖြစ်​ သင်​ယူပါလို့ တိုက်​တွန်းချင်​ပါတယ်​။

AG: ရိုဟင်​ဂျာအသိုင်းအဝိုင်းတစ်​ခုလုံးအတွက်​​ရော ပါးချင်​တဲ့ သတင်းစကား​လေးက ဘာများဖြစ်​ပါမလဲ။

AH: စည်းစည်းလုံးလုံး ရှိကြပါ။ စစ်​ကို မုန်းပြီး က​လောင်​ လက်​နက်​နဲ့ ကျွန်​ဘဝက လွှတ်​နိုင်​​အောင်​ထိ ကြိုးစားအားထုတ်​ပါ။ မိမိ သားသမီးများကို ပညာတတ်​ဖြစ်​​အောင်​ ရတဲ့နည်းနဲ့ သင်​ကြား​ပေးပါ။ ဒါ

AG: ရိုဟင်​ဂျာအသိုင်းအဝိုင်းတစ်​ခုလုံးအတွက်​​ရော ပါးချင်​တဲ့ သတင်းစကား​လေးက ဘာများဖြစ်​ပါမလဲ။

AH: စည်းစည်းလုံးလုံး ရှိကြပါ။ စစ်​ကို မုန်းပြီး က​လောင်​ လက်​နက်​နဲ့ ကျွန်​ဘဝက လွှတ်​နိုင်​​အောင်​ထိ ကြိုးစားအားထုတ်​ပါ။ မိမိ သားသမီးများကို ပညာတတ်​ဖြစ်​​အောင်​ ရတဲ့နည်းနဲ့ သင်​ကြား​ပေးပါ။ ဒါ​တွေက ကျွန်​​တော့်​ သတင်းစကားပါ။

AG: အခုလို စိတ်​ရှည်​လက်​ရှည်​ ​ဖြေကြား​ပေးတဲ့အတွက်​ The Art Garden Rohingya မှ ​ကျေးဇူးတင်​ပါတယ်​။

AH: အခုလိုမျိုး မိမိရဲ့ခံစားချက်​​၊ ခံယူချက်​​တွေ မျှ​ဝေခွင့်​ရတဲ့အတွက်​လည်း The Art Garden Rohingya ကို ​ကျေးဇူးတင်​ပါတယ်​။

By Editorial Team #TheArtGardenRohingya #RohingyaInterview #RohingyaHeartbeat

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website