"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
ရိုဟင်တို့ဖြစ်ရပ်
ရေးဖွဲ့သူ – ယာစိန်အာရ်ဖါတ်
ယမ်းတွေကြားက အသက်ကိုကယ်
သက်ကြီးရွယ်အို အမေအို၊
ပြေးကာလွှားကာ ဘေးကင်းရာ
ကိုယ်ဝန်မိခင် ကလေးလွယ်ကာ
ပြေးရင်းလွှားရင်း ကမ်းပြိုသေ၊
ကျန်ရစ်မိသား ဝိုင်းငိုကြွေးကြ။
တဘက်ရောက်ကာ ဝါးတဲဆောက်၍
မိုးဒဏ်မခံ လေဒဏ် မရှောင်၊
ခေါင်မိုးလယ်က မိုးရေယိုကာ
အိပ်ရေးပျက်၍ ခန္ဓာချို့တဲ့ ဖြစ်တက်လေ။
စမ်းချောင်းလေးမှ တောင်ကျရေ
အပြင်းစီးလာ တဲပြိုကာ၊
မရှောင်သာ၍ မျှောပါသွား။
သွားလာခက်ခဲ လုပ်ကိုင်မဲ့
ငွေရှာခက်ကာ ဝမ်းစာမလောက်၊
ပူဆွေးနေရ မိမိဌာနေသတိရ ။ ။
Sn.Aug,B-06
10-08-2019
The Art Garden Rohingya