အိမ်
ဇာတိရင်းစစ် ရေသောက်မြစ်တွယ်၊
အချစ်တွေနေပြီး အိမ်မက်ကရောင်ခြယ်
နံရံမှာ အမှတ်တရတွေ ပွင့်လို့နေ
ရယ်မောပျော်ရွှင်ခြင်း ပဲ့တင်ထပ်တယ်။
အုတ်တွေ၊ အမိုးတွေချည်းပဲ မဟုတ်ပေဘူး
ချမ်းမြေ့ရာရိပ်သာ ဧဒင်ဥယျာဥ်အလား
ရင်းနှီးတဲ့ရနံ့များ၊ မေ့မရတဲ့အတိတ်များ၊
နှစ်သိမ့်စေတဲ့ မီးပန်းများလို ဝဲရစ်ပျံတယ်။
ထောင့်ခန်း မီးဖိုချောင်မှ တေးတစ်ပိုဒ်၊
တို့ပိုင်တဲ့အိမ်၊ တို့ပိုင်တဲ့ကမ္ဘာ
အစာမဝလည်း အနေမြတ်တာမို့
ချောင်းတိုင်းလဲငေးလို့သာ၊
အလင်းတန်းလို ဖွေးဖွေးဖြာတယ်။
ငါတို့ရဲ့ ဘဝခရီးတွေ ဘယ်ရောက်ရောက်၊
အိမ်ဟာ နှလုံးသားထဲ မရိုးတဲ့ အံ့ဖွယ်ရာ။
— အာရ်အေ တင်မိုး
စဉ်းစားဆင်ခြင် လမ်းဖြောင့်မြင်
ရေးဖွဲ့သူ- မင်းဝန်ဇော်
(၁) မစဉ်းစား မဆင်ခြင်ဘဲလုပ်
မင်းကိုမင်း အဟုတ်၊ အိုအယုတ်။
(၂) လူကို ငှက်ပျောပင်ထင်
အိမ်ကို ကျူတောပြင်ထင်
ခုတ်လိုက် ရှို့လိုက်
မင်းသဘောအလိုက်။
(၃) ပေါ်လာတဲ့ ဒုစရိုက်
ဘယ်လို ဖြေရှင်းမလဲ
မင်းသဘော မပိုက်၊ အိုအမိုက်။
(၄) ယ္ခုတော့ ဓမင်းထောင်ဖမ်း
ငါးကလေး မကျန်
ဖမ်းတာ မဆန်း၊ အိုအကန်း။
(၅) မင်းက ထန်းလက်နဲ့
မိုးကြိုး ကာမယ်တဲ့
အရူးမှ အရူးဘဲ။
(၆) အချိန်ရှိတယ်ဟဲ့
ရှေ့နေတွေ ဗေဒင်တွေနဲ့ လုပ်ကြဟဲ့
ဆရာဝန်မှားလျှင် တစ်ယောက်သေမှာ
ရှေ့နေမှားလျှင် တပြည်လုံးသေမှာ
သတိထား။
(၇) သူတို့ဥစ္စာ သူတို့ပေး
မင်းတို့ဥစ္စာ မင်းတို့ယူ
အဲဒါ အပေးအယူ။
(၈) အပေးအယူ မျှ
မင်းတို့ အပူကျ။
(၉) ဒီလိုဆို ပြည်လုံးချမ်းသာ
ဒို့ မြန်မာ။
(၂၃-၅-၂၀၂၀) အယ်ဒီတာအဖွဲ့ The Art Garden Rohingya