(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
Posts tagged "Yartin"
Apr 2022
Aug 2021
Oo Mon
Ek din óibó meçir tolle
Siba sippya andár gór.
Oo mon,
Ki aacá lói baanór tuí
Etó usol gór.
Zedin ruu yé
Fizara sárí zaibói uri:
Tor gaat óibóu meçir guri:
Oo mon,
Ki aacá lói baanór tuí
Etó usol gór.
Egana gucthí dustó ...
Jan 2020
မေ့ခက်လို့
ယျာတင် (ရိုဟင်းသား)
အရောင်အနံ့ စုံလင်နေသည့် ခွဲခြားမှုကြား အတိဒုက္ခ ရင်ဘတ်ထဲထမ်း သယ်လှမ်းရ၍ ဘဝကန္တရ ဤခရီးမှာ ငါတို့ တကယ် မောပန်းတယ်။
ဆံပင်ကစ ခြေဖျားအဆုံး သင်နှင့်ငါက လူချင်းတူလည်း ကိုးကွယ်ရာသာ ခြားသည့်ဟာကို ရန်သူသဖွယ် သင်တို့မှတ်၍ နှိမ်နင်းနေသည့် သင်တို့လုပ်ရပ် နှလုံးသားဝယ် သမိုင်းတည် ငါတို့ တကယ် မေ့ခက်တယ်။
(၄-၁-၂၀၂၀) The Art Garden ...
Sep 2019
ညီလေးသို့ မှာတမ်း (၂)
ညီလေး... မင်းမှာသာ လွှတ်မြောက်ချင်စိတ် ပြင်းပြနေခဲ့ရင်းလွှတ်မြောက်မှုက မင်းနဲ့ ဝေးမနေတော့ဘူးဆိုစကားလည်း ရှိတယ်လေ "ဆန္ဒရှိရင် နည်းလမ်းရှိတယ်" တဲ့။
အမှန်တရားကို လမ်ခင်း သူရသတ္တိတွေ ရင်ဝယ်ပိုက်ရင်း လွတ်မြောက်မှုပန်းတိုင်သို့ ခြေဦး နောက်မဆုတ်တမ်း ချီတက်နေဖို့တော့လိုတယ် ညီလေး။
ဖိနှိပ်ခံနေရမှုက မွေးရာပါ အမွေဆိုးတစ်ခုဆို ကိုယ့်ရဲ့သေတမ်းစာမှာတော့ ကိုယ်တိုက်ယူတဲ့ လွတ်လပ်မှုအကြောင်း ဂုဏ်ယူစွာ ...
ညီလေးသို့ မှာတမ်း (၁)
ညီလေး ... လောကရဲ့မာယာများတဲ့ အကွေ့မှာ ခလုတ်တိုက်မိတဲ့အခါပေါ့ ကဗျာတိုတစ်ပုဒ် မရည်ရွယ်မိဘဲ ညည်းဖြစ်မိသလား။
ဘဝမှာ အကွေ့အလှည့်တွေများတယ် ဘဝမှာ အနိမ့်အမြင့်တွေ များတယ် မနက်မိုးလင်းရင် အသက်ရှင်နေတာတွေ့တော့ ပြုံးဖြစ်မိတဲ့အခါလည်းရှိတယ် နေ့တာကို ရင်ဆိုင်ဖို့ရာ ကြိုပြီး ရင်မောတာလည်းရှိမယ် ငါ့ညီလေး .... လူတကာထက် မာကျောဖို့ လိုတယ်။
ဘာဖြစ်ဖြစ်ပေါ့လေ ...