(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
Posts tagged "Burmese_Poetry"
Apr 2022
အပတ်စဉ်ကဗျာကဏ္ဍ
မတ်လ (၃)ရက်၊ ၂၀၂၂။
လှောင်အိမ်ထဲက ငှက်သူငယ်
ရေးဖွဲ့သူ - Dialogue Partner
မနုဿမျိုးရုံ တို့အလုံးစုံ
ဆင်းသက်လာလည်း
ရိုးရာဓလေ့ ယဉ်ကျေးမှုနဲ့
တသီးတခြား ဦးတည်သွားလို့
ရန်သူရန်ဖက် မတည့်သလို
စိတ်အားငယ်စွာ နေခဲ့ရ၏။
သူ့ပြစ်ကိုမြင်၊ ကိုယ့်ပြစ်ကိုဖုံး
သဟဇာတ တန်ဖိုးမထား
ဒုစရိုက်စုံ ကျူးလွန်ဆုံး
အလဇ္ဇီပမာ ငြင်းကွယ်ပြန်ရင်း
လှောင်အိမ်ထဲက ငှက်သူငယ်လို
မျှော်ခိုရာမဲ့ နေခဲ့ရ၏။
မျိုးရင်းမျိုးချာ တော်စပ်ငြားလည်း
ဒွေးရောဥပဒ်ရော ရင်ဆိုင်ရသော်
သူစိမ်းလိုရွှေ့ မျက်နှာလွှဲလို့
လူကုပ်ကမြင်း ကိုယ်လွတ်ရုန်းနှင့်
လှောင်အိမ်ထဲက ငှက်သူငယ်လို
ထွက်ပေါက်မတွေ့ ဖြစ်နေလေ၏။
မုန်တိုင်းသဖွယ် ဘေးဘျမ်းမျိုးကို
အန်တုဖက်ပြိုင် ကျော်ယိုင်ဖြတ်ကာ
အနေကျုံ့တဲ့ တိုင်းတစ်ပါးဝယ်
ဒုက္ခိတအဖြစ် ရိပ်ခိုရလည်း
လှောင်အိမ်ထဲက ငှက်သူငယ်လို
ကိုယ်ထီးကျန်ကာ နေခဲ့ရ၏။
သွေးခွဲမှုကို စွန့်ကာပစ်လို့၊
သွေးစည်းမှုကို ပိုင်နိုင်ပါစေသား။
Jul 2021
"ရုန်းထွက်ကြပါ တို့ရိုဟင်ဂျာ"
ချစ်ကြခင်ကြ ဆဆပွားလို့
စည်းကြိုးနှောင်ထား တို့လူငယ်
မျိုးစေ့အမှန် ခေတ်နောက်မပြန်
တွေးတောကြံဆ ရုန်းထွက်ကြ။
စိတ်မဆိုးကြေး မေတ္တာပွားလေ
စိတ်ဓာတ်ကြံ့ခိုင် သွေးမကွဲနိုင်
အမျိုးအရေး တို့အရေး
ထိပ်ထားကျေပွန် တစ်ထမ်းတည်း။
ညီကာစည်းကာ ရှေ့ဆက်ပါ
အများအကျိုး တို့အကျိုး
သယ်ရင်းပိုးရင်း အားဖြည့်ပါ
ချုံးချုံးကျတဲ့ အတိတ်ဘဝ
သိမ်ငယ်စိတ်ရဲ့ ပင့်ကူအိမ်မှ
ရုန်းထွက်ကြပါ တို့ရိုဟင်ဂျာ။
— TTM (အဏ္ဏဝါနီသွေး)
(15-07-2021)
Editorial Team
May 2021
“ဂူတာပြင်”
ငါတို့လည်း
ပျူ ၊သက်၊ကမ်းယံက နှောလာတဲ့ သွေးနှောတွေပဲ
သာကီသွေးဆိုတဲ့ ဒီအန်အေက
မင်းတို့ရဲ့ အရူးထမှုကို လျှာထုတ်ပြလိမ့်မယ်။
လူသားမျိုးနွယ်စု တခုဟာ
လူ့တန်ဖိုးသိမ်ဖျင်းသွားလောက်တဲ့အထိအောင်
ယဉ်ကျေးတဲ့ ကမ္ဘာမှာ
ရှိသင့်တော့လို့လား ။
တိရိစ္ဆာန်လို ခြံခတ်ပိတ်ဆို့ထားခံရတဲ့
လူသားမျိုးနွယ်စု တခုဟာ
လူသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေ
တားမြစ်ထိန်းချုပ်ခံထားရတဲ့
လူသားမျိုးနွယ်စုဟာ
လူနဲ့လူချင်းကို ဘုရားသခင်ရဲ့ အခွင့်ထူးခံလူသားတွေအဖြစ်
အားကျငေးမောရင်းသာ မျှော်ကြည့်နေရတဲ့
လူသားမျိုးနွယ်စုဟာ
ရှိနေသေးတယ်ဆိုရုံနဲ့
လူသားဆန်တဲ့ အခြားကမ္ဘာသားတွေမှာ တာဝန်ရှိသွားပြီ ။
ဂူတာပြင်မှာ
အင်းဒင်မှာ
အခြား ကမ္ဘာ့ တနေရာရာမှာ
မျိုးနွယ်စုတခုခုကို
ရည်ရွယ်ပြီးသတ်ဖြတ်နေတဲ့ ဂျီနိုဆိုက်တွေ ရှိနေရဲ့။
အတုံးအရုံး သေဆုံးသွားရတဲ့
ကလေးသူငယ် နဲ့ သက်ကြီးရွယ်အိုတွေ
ဘယ်လိုပြစ်မှု မျိုးနဲ့ သေဆုံးသွားရတယ်
သိလိမ့်မယ်မဟုတ်ဘူး
ဘုရားသခင်နဲ့တွေ့ရင် မေးကြလိမ့်မယ်
ကျွန်ုပ်တို့
အခုဆိုရင် ငရဲက လွတ်မြောက်ကြပြီမဟုတ်လား တဲ့ ။ ။
—ခက်သီ
5-9-2019
မေလ ...
Oct 2020
ငါ့ဘဝ
ရေးဖွဲ့သူ- Jainwaz Salim @ Ohmmar Win
ငယ်ငယ်ကပင် ကုလားကုလား
အခေါ်ခံရတာ ထပ်ခါထပ်ခါ
မကြားချင်တဲ့ ငါ့ဘဝမှာ
အမျိုးမျိုးခွဲခြားဆက်ဆံခံရ။
သို့ပေမယ့် ငါတို့ရိုဟင်ဂျာ
တနေ့တနေ့ အောင်မြင်လာမှာ
ငြိမ်းချမ်းရေးကို မျှော်လင့်ရင်းနဲ့
ခါးခါးသီးသီး ဖြတ်ကျော်လာရတာ
ဇွဲ့မလျော့ဘဲ သတ္တိမွေးကာ
အားအင်တောင် ချည့်နဲ့လာခဲ့။
အသက်ရှင်ဖို့ ရှောင်ပြေးရတဲ့ဘဝမှာ
နာနာကျင်ကျင် ကျော်ဖြတ်လာရတာ
စည်းစည်းလုံးလုံး ရင်ဆိုင်မှုက
အင်မတန် ဂုဏ်ယူစရာ
ငါ့ရပ်တည်နိုင်တဲ့ အင်အားတခုပါ။
(26-10-2020)
Editorial Team
The Art Garden Rohingya
May 2020
ကမ်းလက်စိတ်တူ နှင်းဆီဖြူ
ရေးဖွဲ့သူ- ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်)
အဓမ္မဝါဒီ မျိုးချစ်ရေခြုံ
အစွန်းရောက်သမားတွေက
ငါတို့ရဲ့ အမြတ်တနိုး အလေးအမြတ်ထားတဲ့
ဝတ်ပြုကျောင်းတွေကို ဖျက်ဆီး၊
သော့ခတ်ဖို့ ကြိုးစားနေတုန်း...
အချင်းချင်းသိုက်ကွဲအောင် ကြံနေတုန်း…။
လူသားဝါဒကို မြဲမြံစွာကျင့်သုံးနေတဲ့
လူသားစိတ်ရင်းခံဖြင့် ကမ္ဘာကြီးကို
ဝင်းလက်စေချင်သူတွေလည်း
အသင်ရှင်နေဆဲပါပဲဗျာ။
သန်းခေါင်ယံချိန်ပဲ ဖြစ်ပါစေ၊
လူတွေက အိပ်ဖို့ပြင်ဆင်နေတုန်း သူတို့ရဲ့
မဟာလူသားဝါဒခံ စိတ်နှလုံးတွေက
မအိပ်စက်ရှာဘူး။
သာသနာ့ပျိုးပင် သင်္ကန်းနီနဲ့ ရဟန်းတော်တွေ၊
တပည့်တော်တွေ၊ အမှန်တရားပေါ်
ရုန်းကန်လှုပ်ရှားသူတွေက
မှောင်မည်းနေတဲ့ညကို
နှင်းဆီဖြူကိုင်နေတဲ့လက်တွေနဲ့
လင်းဝင်းစေခဲ့တယ်။
ထိတ်လန့်ချောက်ချားနေတဲ့ သူတွေရဲ့
စိတ်နှလုံးအေးစေရာ ဖြေဆေးဖြစ်စေခဲ့တယ်။
'နေဝင်တော့မယ် 'လို့ ကိုယ်စီကိုယ်စီ
မျက်နှာညှိုးငယ်စွာနဲ့ ကိုယ့်အိမ်ကိုယ်ဝင်၊
ခိုရာမဲ့နေတုန်း။
နိုင်ငံတော်ကို ခြေလေးခုသဖွယ်
မလဲမလျှော့အောင် ကာကွယ်နေတဲ့
လူသားဓာတ်ခံ ဓမ္မဝါဒီတွေက
နှင်းဆီဖွေးဖွေးနဲ့ လက်ဆင့်ကမ်းမှုတွေ၊
အမုန်းတရားဟာ ငြိမ်းချမ်းမှုရဲ့
ရန်သူဖြစ်ကြောင်း သက်သေပြမှုတွေက
နိုင်ငံတစ်ဝန်း ပျံ့နှံ့သွားပြီး
နိုင်ငံတော်ရဲ့သား၊ သမီးတွေရဲ့ ရင်ခွင်ထဲမှာ
ချစ်ခင်မှု၊ သဟဇာတဖြစ်မှုတွေနဲ့
လင်းဝင်းသွားလို့။
အဓမ္မဝါဒီ ...
ကိုရိုနာဗိုင်းရပ်စ် (ကိုဗီးဒ်-၁၉)
ရေးဖွဲ့သူ - မောင်မောင်တင် (ရိုပုတ္တ)
တရုတ်ပြည်ဆိုး၊ ကိုရိုနာပိုး
ဌာနေမရွေး လူမရွေး
ခင်သူရွေးကာ သတ်ဖြတ်၏။
သံယောဇဉ်တိုးလေ၊ ပိုဆိုးလေ
သက်ရှုလမ်းပိတ်၊ သူလန့်ထိတ်
သီတင်းနှစ်ပတ်နှင့် ကြွရ၏။
သူနှင့်ခင်ရာ၊ မသင်္ကာ
သွားလာပိတ်ဆို့၊ အိမ်တွင်းပို့
အပြင်ပိတ်ဟန့်၊ သီးသန့်ထား၏။
ပညာသင်ရ၊ ခက်လွန်းလှ
ကျောင်းများပိတ်ထား၊ ရုံးပိတ်ထား
ကျောင်းခိုးပြေးသူ ပျော်ရ၏။ ...
စဉ်းစားဆင်ခြင် လမ်းဖြောင့်မြင်
ရေးဖွဲ့သူ- မင်းဝန်ဇော်
(၁) မစဉ်းစား မဆင်ခြင်ဘဲလုပ်
မင်းကိုမင်း အဟုတ်၊ အိုအယုတ်။
(၂) လူကို ငှက်ပျောပင်ထင်
အိမ်ကို ကျူတောပြင်ထင်
ခုတ်လိုက် ရှို့လိုက်
မင်းသဘောအလိုက်။
(၃) ပေါ်လာတဲ့ ဒုစရိုက်
ဘယ်လို ဖြေရှင်းမလဲ
မင်းသဘော မပိုက်၊ အိုအမိုက်။
(၄) ယ္ခုတော့ ဓမင်းထောင်ဖမ်း
ငါးကလေး မကျန်
ဖမ်းတာ မဆန်း၊ အိုအကန်း။
(၅) မင်းက ထန်းလက်နဲ့
မိုးကြိုး ကာမယ်တဲ့
အရူးမှ အရူးဘဲ။
(၆) အချိန်ရှိတယ်ဟဲ့
ရှေ့နေတွေ ဗေဒင်တွေနဲ့ လုပ်ကြဟဲ့
ဆရာဝန်မှားလျှင် တစ်ယောက်သေမှာ
ရှေ့နေမှားလျှင် တပြည်လုံးသေမှာ
သတိထား။
(၇) သူတို့ဥစ္စာ သူတို့ပေး
မင်းတို့ဥစ္စာ မင်းတို့ယူ
အဲဒါ အပေးအယူ။
(၈) ...
ဟန်ဆောင်နိုင်ခဲ့ပြီ…တကယ်
ရေးဖွဲ့သူ- မင်းမဟာ
အထီးကျန်ခြင်းများစွာနဲ့ မြိုင်ဆိုင်ခဲ့တဲ့
ညတိုင်းရဲ့ နိဂုံးမလှခဲ့ပေ။
သို့သော်
မင်းရှိနေသေးတယ်ဆိုတဲ့ အသိတရားလေးက
ကိုယ့်ကို အပြုံးမပျက်စေခဲ့ဘူး…တကယ်။
ဟန်ဆောင်ခြင်း
ကင်းမဲ့ခဲ့လောဆိုသည်မျိုးလည်း
မဟုတ်ဘူးရယ်။
ဤအမှန်တရားတွေအောက်ဝယ်
ကိုယ်နေသားကျပြီး အထီးကျန်ခြင်းဆိုတဲ့
ညတိုင်းရဲ့ခံစားချက်တွေကို
ကိုယ်ပြက်ရယ်ပြုရင်း
ဟန်ဆောင်ပြုံးနိုင်ခဲ့ပြီ…တကယ်။
ကိုယ်ပြုံးနိုင်ခဲ့ပြီ…တကယ်။
(၂၃-၀၅-၂၀၂၀)
အယ်ဒီတာအဖွဲ့
လူ့အခွင့်အရေး ဆိုတာ ဘာလဲ
ရေးဖွဲ့သူ- မောင်တင်လှ
လူ့အခွင့်အရေးမှာ..
လူတိုင်းမွေးဖွားကတည်းက တူညီတဲ့လူ့ဂုဏ်သိက္ခာနှင့်
အခွင့်အရေး မရှိဘူးလား။
လူ့အခွင့်အရေးဆိုတာ ဘာလဲ။
လူ့အခွင့်အရေးမှာ
လူတိုင်းအသားအရောင်၊လိင်၊ကိုးကွယ်သည့်ဘာသာ၊
ကျား/မ မရွေး တန်းတူညီမျှ မဖြစ်ဘူးလား။
လူ့အခွင့်အရေးဆိုတာ ဘာလဲ။
လူ့အခွင့်အရေးမှာ...
လူတိုင်းအသက်ရှင်ခွင့်၊ လုံခြုံခွင့်မရှိဘူးလား။
လူ့အခွင့်အရေးဆိုတာ ဘာလဲ။
လူအခွင့်အရေးမှာ
မတရားနှိပ်စက်ခြင်းရှိလို့်လား။
လူ့အခွင့်အရေးဆိုတာ ဘာလဲ။
လူ့အခွင့်အရေးမှာ
လူတိုင်းတရားဥပဒေရှေ့မှောက်တွင်
လူသားကဲ့သို့ ဆက်ဆံခံခြင်း မရှိဘူးလား။
လူ့အခွင့်အရေးဆိုတာ ဘာလဲ။
လူ့အခွင့်အရေးမှာ...
ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ တိုင်းပြည်မှနှင်ထုတ်ခြင်း ရှိလို့လား။
လူ့အခွင့်အရေးဆိုတာ ဘာလဲ။
လူ့အခွင့်အရေးမှာ
အပြစ်ရှိသည်ဟု ခိုင်လုံသောအထောက်အထားမရှိဘဲနဲ့
ထိုသူကို အပြစ်ပေးခြင်းရှိလို့လား။
လူ့အခွင့်အရေးဆိုတာ ဘာလဲ။
လူ့အခွင့်အရေးမှာ
လူတိုင်းမိမိတိုင်းပြည်အတွင်း
လွတ်လပ်စွာ သွားလာခွင့်မရှိဘူးလား။
လူ့အခွင့်အရေးဆိုတာ ဘာလဲ။
လူ့အခွင့်အရေးမှာ
အရွယ်ရောက်ပြီး ကျား/မတိုင်း မိမိဆန္ဒဖြင့်လက်ထပ်ခွင့်၊အိမ်ထောင် ထူထောင်ခွင့်မရှိဘူးလား။
လူ့အခွင့်အရေးဆိုတာ ဘာလဲ။
လူ့အခွင့်အရေးမှာ
လူတိုင်း ကိုယ်ပိုင်ပစ္စည်း ပိုင်ဆိုင်ခွင့်မရှိဘူးလား။
လူ့အခွင့်အရေးဆိုတာ ဘာလဲ။
လူအခွင့်အရေးမှာ
လူတိုင်းလွတ်လပ်စွာ ...
အမုန်းပန်းရှင်
ရေးဖွဲ့သူ- မိုဟမ္မဒ်ရှမီးမ်
ဥစ္စာရှိတော့ ဣနြေ္ဒရှင်ထင်
သွင်ပြင်ကတော့ ထည်ခန့်ညား
စိတ်ဓာတ်ကား မဖြူစင်
ဇမ္ဗူတစ်ခွင် မောက်ကြွားဖို့ဆင်...။
မသေခင် ချိန်သာမညမှာ
သာပျော်ရွှန်းရွှန်း ဂုဏ်လွှားနိုင်အောင်
ထင်ရာစိုင်းရိုက်စား မြင့်ဘဝင်...။
ဘယ်သူ့ကိုမှ လူမထင်
အမြင်ကတော့ ကျဉ်းလျက်နဲ့
ထိုလူမာန် သေကြွရင်လည်း
ထိုအကျင့် ပျောက်မယ့်မမြင်...။
သူ့တန်ခိုး ယူဆောင်မသွားနိုင်
သူ့အာဏာ ကူကာမတားနိုင်
သူခများ အမုန်းဆုဖြင့်
ဆုံးပါးသွားသည်ပင်...။
(၂၁-၀၅-၂၀၂၀)
အယ်ဒီတာအဖွဲ့
လမ်းမှန်
ရေးဖွဲ့သူ- RY Mg Mg Khin
ကောင်းတာ လုပ်ပါ
မကောင်းတာ ရှောင်
စာနာစိတ်နဲ့ သည်းခံစိတ်
ကိုယ်နဲ့မကွာ ထားပါလျက်
တိုတောင်းဘဝ ရှင်သန်လိုက်ပါ။
ပစ္စည်း ဥစ္စာ ပဓာနာမထား
လူသားချင်း တန်ဖိုးထား
လောကကြီးမှာ လောဘကင်း၍
အရာရာကို ဆင်ဆင်ခြင်ခြင်
ကျော်လွားကြပါ။
သခင်မြတ်အပေါ် စိတ်ချယုံကြည်
သစ္စာသမာဓိ ဘေးယှဉ်လျက်
ကြုံဘေးဒုက္ခ ရဲရဲစွမ်းစွမ်း
ကျော်ဖြတ်လိုက်မှ
လောကလမ်းမှန်လျှောက်သတည်း။
(21-5-2020)
Editorial Team
တွေးတိုင်း ငိုချင်မိ
ရေးဖွဲ့သူ- Royal Hussein
တို့ ရိုဟင်ဂျာတွေ...
အဆင်ပြေမဲ့ နေ့တစ်နေ့ကို
မျှော်လင့်ချက်ရောင်ခြည်နဲ့
အားတင်းထားပြီး
ခရီးကြမ်းတစ်ခု လျှောက်လာခဲ့ကြတယ်။
တို့ ရိုဟင်ဂျာတွေ...
အခြေအနေအားလျော်စွာ
အေးချမ်းမှုတိုးတက်မှုနဲ့ ဝေးကွာခဲ့ရပေမဲ့
အမျိုးဂုဏ်ဇာတိဂုဏ် မပျက်ခဲ့ပါ။
တို့ ရိုဟင်ဂျာတွေ...
တိုးတက်ပြီးလူမျိုးလို
အမြင်တွေ မကျယ်ပေမဲ့
ကျဉ်းလဲမကျဉ်းခဲ့
စိတ်အစဉ် မြင့်ကျယ်ခဲ့ကြတယ်။
တို့ ရိုဟင်ဂျာတွေ...
ကမ္ဘာကို မမြင်မပတ်ရပေမဲ့
ဘာသာခြားလူမျိုးခြား အချင်းချင်း
ချစ်ခင်ရင်းနှီးခဲ့ကြတယ်။
သို့သော်လည်းပဲ…
သူတို့က ရိုဟင်ဂျာတွေရဲ့
ငြိမ်းချမ်းရေး ပညာရေးနဲ့
မျိုးဆက်သစ်လူငယ်တွေကို
ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တယ်။
သူတို့က ရိုဟင်ဂျာတွေရဲ့
အနုပညာစာပေ ယဉ်ကျေးမှုနဲ့
တတ်သိ ပညာရှင်များကို
ရွည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ခဲ့တယ်။
သူတို့က ရိုဟင်ဂျာတွေရဲ့
အမျိုးဘာသာ သာသနာကို
ဝါဒမှိုင်းမျိုးစုံနဲ့ ခြယ်ကာ
ရွည်ရွယ်ချက်ရှိရှိ
ခွဲခြား စီမံအုပ်ချူပ်ခဲ့တယ်။
နောက်ဆုံးတော့…
တို့ ရိုဟင်ဂျာတွေဟာ
ခက်ခဲကြမ်းတမ်းတဲ့ လောကဓံကြားမှာ
တိတ်ဆိတ်ငြိမ်သက် ရင်နစ်ကြေကွဲ
မသေမရှင် ရပ်တည်နေရပြန်ပြီ။
(၂၀-၀၅-၂၀၂၀)
အယ်ဒီတာအဖွဲ့
The Art Garden ...
ချစ်သောမေမေ
ရေးဖွဲ့သူ- ရိုမရုန်(န)
အမေ...
ကိုးလလွယ် ဆယ်လဖွား
အစားပျက် အအိပ်ပျက်ကာ
ဒုက္ခစုံအပြုံးမပျက်ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါသော
သမီးရဲ့ချစ်သောမေမေ
ကောင်းခြင်းမင်္ဂလာနဲ့ လူ့လောကသို့ခေါ်ဆောင်
ယုယစွာထွေးပိုက်ကြင်နာစွာ နို့ချိုတိုက်ကျွေးလို့
ပိုးမွှားကောင်အန္တရာယ်မှကာကွယ်သော
သမီးရဲ့ချစ်သောမေမေ
ငယ်စဉ်တောင်ကျေး ကလေးဘဝမှသည်
အရွယ်ရောက် လူလားမြောက်သည့်တိုင်
အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ပါသော
သမီးရဲ့ချစ်သောမေမေ
မေမေဟာ
လမိုက်ညမှာလမ်းပြတဲ့သမီးဘဝရဲ့ ဓူဝံကြယ်
အပြောကျယ်တဲ့ ပင်လယ်ထဲ
အားကိုးဖို့ လှမ်းဆုပ်မိတဲ့
သမီးဘဝရဲ့ ကောက်ရိုးတစ်မျှင်
နွေကန္တာသဲသောင်ပြင်ထဲ
အသက်ဆက်စရာ
အိုအေစစ်ပါ မေမေ။
ချစ်သောမေမေ မာပါစေ
ဆုမွန်မှန်းကာချွေ
အနာဟူသမျှ ကင်းစေသား
သောကဝေးစေသား
မောဟမီးလည်းငြိမ်းပါစေ
ရွှေရင်အေးပါစေ
လိုတရလို့ပြည့်စေသား
ချစ်သမီးတောင်းဆုထား။
( ၁၉- ၀၅-၂၀၂၀)
အယ်ဒီတာအဖွဲ့
ခွင့်လွှတ်ပါ စာကလေးရယ်...
ရေးဖွဲ့သူ- ထွန်းလင်စိုး
ဆောင်းဦးရာသီ ဝမ်းစာကုန်ဆုံး
စပါးမပေါ်ခင် လယ်သမားမွဲတဲ့
ရာသီဆိုရင်လည်းမမှားပေ.......။
ငါငယ်ငယ်ရွယ်က
မြူးတူးခဲ့တဲ့ အိမ်ရှေ့တလင်းထဲ
ဖျာကြီးခင်းကာ စပါးနေပူလှန်းလို့
စာကလေးအတွက်ပျော်ဖို့နေရာ
ငါအတွက် စိတ်ဆိုးစရာ
အချိန်ပြည့် စပါးဖျာခင်းငါစောင့်ခဲ့ရ၏။
ဖျာခင်းနားက ငါလစ်ခဲ့ရင်
သူတို့ ဆင်းလာ စပါးကောက်စား
မေမေအတွက် ပြောကောင်းဟစ်
"စာကလေးတွေ စပါးအကုန်စားပစ်မယ်"လို့
မစာနာတဲ့ ငါ့စိတ်လည်း
မြင်မြင်ချင်း လွတ်မထားပေ
ကြင်နာထောက်ထား ငါမထား
စပါးတလုံး မပါစေလိုငှာ
တခါတလေ လေးကွနဲ့ ပစ်လို့
စာကလေးတစ်ချို့ကို ငါသတ်ပစ်ခဲ့ရ၏။
ဒါပေမယ့်.....
စာကလေးတွေ တစ်နေ့ကုန်
စပါးကောက်စားခဲ့သော်
တတောင်းမျှပင် စားမကုန်နိုင်
တစ်နှစ်လုံး စားပစ်ဖျက်ဆီးခဲ့သော်
ငါတို့ တမိသားစုရဲ့ တရက်စာ
မကုန်နိုင်တာ ကိုငါမသိပါလေ။
ဩော်....ယခုတဖန်
၂၀၁၇ ခုနှစ် အာရ်ကာန်မြောက်ပိုင်းမှာ
လူယုတ်မာ မြန်မာစစ်တပ်တွေက
သိန်းနဲ့ချီတဲ့ လူတွေကို ...
ဝေးသွားတဲ့ အာရ်ကာန်မြေ
ရေးဖွဲ့သူ- Unseen Dream Boy
သေနတ်သံတွေကြားက
လက်နဲ့နားကိုပိတ်လို့
မျက်ကန်းလို ဟိုဒီသွားတိုး။
အသက်တစ်ချောင်း ဆယ်ဖို့ငြား
ရှေ့တစ်လှမ်းနောက်တစ်လှမ်းနဲ့
နောက်ဆုံးတော့ နတ်မြစ်ဖြတ်တိုး။
အေးရိပ်ရှာတော်ပုံဖြင့်
ခိုနားလာတဲ့ ဘင်္ဂါလားမှာ
စံစရာ စခန်းစုတ်ထဲ
သခင်က ဒုက္ခသည်ဘဝနဲ့
ဝေးသွားတဲ့ အာရ်ကာန်မြေ။
(၁၈ - ၅ - ၂၀၂၀)
အယ်ဒီတာအဖွဲ့
ဘဝရယ်...ယခုထိမပြီးနိုင်ပါလား
ရေးဖွဲ့သူ- Sahat@Zia Hero Naing
ပြေးလိုက် ရှောင်လိုက်
ချောင်းလိုက် ပုန်းလိုက်နဲ့
ဟိုးရှေးခေတ်ကပင်
ဇာတ်လမ်းစတင်
ကိုယ်က ပြေးမယ်ဆို
နောက်က လိုက်ပါလာမလား
ကိုယ်က ပုန်းနေမယ်ဆို တစ်ခြားလူတွေ အားငယ်မှာလား
အော်... ဘဝရယ်
ယခုထိ မပြီး နိုင်ပါလား။
ဟုတ်လား တကယ်လား
လာတယ်လို့ဆို
ဟိုဘက်က ဝင်နေတယ်ဆို
အဖွဲ့ပေါင်းစုံဆို ပြေးရမှာပေါ့
ရှောင်နေမှ ကောင်းတာကို
အော်... ဘဝ ရယ်
ယခုထိ မပြီး နိုင်ပါလား။
သတ်တဲ့ဇောနဲ့ဆို
မြင်သမျှအကုန် အပြစ်နဲ့လား
ငယ်ငယ်တုန်းက ကြားလာတာ
ဒီဘက်မှာ ကုလား…ကုလား
ဟိုဘက်မှာလည်း ဗမာသား
ရိုဟင်ဂျာနာမည်က အပြစ်ပဲလား
အော်... ဘဝ ရယ်
ယခုထိ မပြီးနိုင်ပါလား။
ညမထွက်ရ၊ ဈေးမသွားရ
လမ်းမလျှောက်ရ ဆို
မလုပ်ပဲနဲ့ စားလို့ရတာကိုး။
ပဲဆီ အုန်းဆီ ...
ထွက်ပေါက်မဲ့လမ်း
ရေးဖွဲ့သူ - Jahangir Alom
အမုန်းကမ္ဘာထဲ အမှတ်မထင်
ရုတ်တရက်ပင် ရောက်လာရလည်း
ရောက်သည့်နေ့မှ သေမည့်နေ့ထိ
ထွက်ပေါက်ကိုသာ ငါရှာနေရမှာလား။
ဘယ်ဘက်ကြည့်လည်း တောင်တန်း
ညာဘက်ကြည့်လည်း ပင်လယ်ကမ်း
ဘယ်သူတွေ့တွေ့ လူသားမဆန်
စာနာစိတ်က ကင်းမဲ့လှတယ်။
စခန်းထဲမှာ မွန်းကြပ်လွန်းလို့
ကုန်းကြောင်းပြေးကြံ ဖမ်းဆီးခံရ
ရေကြောင်းပြေးပြန် ရေနစ်သေရ
လေကြောင်းပြေးဖို့ တောင်ပံမပါ
ထွက်ပေါက်ရှာရ ခက်စမြဲ။
မညီမညာ ဆူးငြောင့်လမ်းပေါ်
ဟိုဟိုဒီဒီ ပြေးဟိုက်ပန်းဟိုက်
ကိုယ့်အိမ်ကိုလွမ်း ကိုယ့်ပြည်ပြန်ချင်
သို့သော်ငြားလည်း
သူ့နိုင်ငံက စခန်းထဲမှာ
ထွက်ပေါက်ရှာရင်း ပိတ်လှောင်ခံလို့
အရာမရာက် ငိုင်နေရ၏။
(၁၇-၅-၂၀၂၀)
အယ်ဒီတာအဖွဲ့
အတ္တထဲ သာယာနေသူ
ရေးဖွဲ့သူ- Aejas Ruhol Amin (တောင်ပြို)
ဆရာ . . . ဆရာ
လူသူရှေ့မှာ ဆရာလုပ်ချင်
ကိစ္စတိုင်းမှာ ဆရာဖြစ်ချင်
ဆရာလို့ အခေါ် ခံရလျှင်ပင်
ဝင့်ကြွား မာန်တက်နေတတ်၏။
ငါတကယ်ဆရာ ပီသရဲ့လား
ဆရာ့ဝတ်ငါးဖြာ ကျင့်ပါရဲ့လား
ဆရာ့တာဝန် ကျေပွန်ဝံ့လား
စဉ်းစားရုံနဲ့ ရှက်မိသွား။
အာစရိယ ဂုဏ်အင်္ဂါဟာ
လွန်စွာ မြင့်မြတ်လှပါတကား
အတ္တတွေကြား သာယာနေသည်ကို
ပြန်တွေးမိရင် အရှက်ပွား။
အော်. . . ဆရာဆိုတာ
အဘိဓါန်ထဲက ဖွင့်ဆိုချက်ကား
'ထာဝရ ကျောင်းသား' တစ်ဦးတဲ့။
ဒါဆို ကိုယ်လည်း သင်ယူဆဲသူပါ့ပဲ။
(၁၇-၀၅-၂၀၂၀)
အယ်ဒီတာအဖွဲ့
နှင်းဆီဘဝ
ရေးဖွဲ့သူ- အီဗြာဟိမ်း
ရိုးတံစိမ်းထံ
ရွက်စိမ်းရံ၍
အဖြူရောင်ခြယ်
ပတ္တမြားတစ်ပွင့်
ထွန်းလင်းခဲ့လေပြီ။
ဆူးခက်မြိုင်မြိုင်
သူပိုင်ဆိုင်၍
ဘဝနှင့် ကံကြား
ယုံကြည်မှုနှင့် စည်းလုံးမှု
ဖောက်ပြန်သဖြင့်
ဒုက္ခရောက်ခဲ့ပြီ။
သစ္စာ ရည်စူး
တိုင်တည်ညွှန်း၍
ချစ်ခြင်းတွေထဲ
စံထားနှိုင်းမဲ့
သက်သေပြခဲ့လေပြီ။
လူ့ဘဝမှာ ငှက်ဘဝလို
တစ်အိမ်မှ တစ်အိမ်သို့
တစ်ပြည်မှ တစ်ပြည်သို့်
ဒုက္ခမျိုးစုံ ဆူးရင်းကြုံရင်း
ခံနိုင်စွမ်းမဲ့
ခက်ခဲမှုများရောက်ခဲ့ပြီ
အို နှင်းဆီဘဝ။
..................**********...................
(၁၇-၀၅-၂၀၂၀)
အယ်ဒီတာအဖွဲ့
အနိစ္စ
ရေးဖွဲ့သူး- ရိုမရုန်(န)
သင့်ရဲ့ သောက၊ မောဟ၊ ဒေါသ
သင့်ရဲ့ လောဘ၊ အိပ်မက်၊ မျှော်လင့်ချက်
သင့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှု
အရာခပ်သိမ်းချုပ်ငြိမ်းသွားမည့်နေ့
အရာရာချန်ရစ် လက်ဗလာနှင့်
ကြင်နာသူလည်းမခေါ်နိုင်
ရင်နှစ်သည်းချာလည်းမလိုက်နိုင်
စည်းစိမ်ဥစ္စာအကုန်ချန်ရစ်လို့
အထီးကျန်စွာ သွားရမယ့်ဒီခရီး
အဖော်ကတော့ ရှိပါရဲ့
ဒါပေမယ့် နှုတ်ဆိတ်လဲလျောင်းလို့
ကိုယ်နှင့်ထပ်တူ
ဒီအမှောင်ကမ္ဘာဝယ်
ဘယ်အချိန်ထိနေရမလဲ
အဖော်မဲ့စွာ တစ်ယောက်တည်း
အနိစ္စရဲ့ ရင်ခွင်ထဲ။
(၁၄-၅-၂၀၂၀)
Editorial Team
မြတ်မိခင်
ရေးဖွဲ့သူ - လာလ်မောတီ
မိခင်မျက်နှာ ပြုံးသော်တာ
စမ်းရေပမာ ကြည်အေးလှ
မာတာမိခင်ပုံရိပ်က
ချိန်တိုင်းလိုလို ပြေးမြင်ရ
ဘဝဆာယာလို လွှမ်းခြုံသွား။
ယုယထွေးပိုက် နို့ချိုတိုက်
ရင်ခွင်ထက်ဝယ် နှစ်ခြိုက်ခြိုက်
အညစ်ကြေးလည်း မရွံရှာ
မေတ္တာတရားကြီးမာတာ
အနန္တဂိုဏ်းဝင် မွေးမိခင်
မြင့်မိုရ်တောင်ဦး ကျေးဇူးရှင်
မျှော်ရည်မှန်းလို့ တမ်းတမ်းတ
မိခင်မေတ္တာ သတိရ။
မိခင်ကျေးဇူး ဆပ်မကုန်
ဂုဏ်အထူးကို တွေးကြည်နူး
မေတ္တာလွှမ်းခြုံ ကြီးမြတ်ပုံကို
အောက်မေ့တသ စိတ်အမှန်းနဲ့
လွမ်းဆွတ် မျက်ရည်စီးရလေပြီ
အို...မိခင်ရယ်...
ဘယ်ခါပြန်ဆုံခွင့် ရမှာတည်း။
.................*********....................
Sn-May, B-08
(13-05-2020)
Editorial Team
အသနားခံပါ၏
ရေးဖွဲ့သူ - လာလ်မော်တီ
အိုး... အလ္လာဟ်.....မည်သည့် သမားတော်ဘယ်သိပ္ပံပညာရှင်ကမှအစွမ်းကုန် အားထုတ်ကြိုးစားငြားလည်းသည်ကိုရိုနာဗိုင်းရပ်စ် ကူးပြန့်မှုကိုအောင်မြင်စွာ မတားဆီးနိုင်ပေ။
အိုး... အလ္လာဟ်.....ထောင်သန်းနဲ့ချီ သက်မျိုနေတဲ့သည်ဗိုင်းရပ်စ်ပိုးရဲ့ စွမ်းအားကိုအသျှင်သာလျှင် အသျှင့်နည်းနဲ့ သည်ရောဂါကပ်ဆိုး လောင်မီးပုံမှလူ့သက်များအား ကယ်တင်တော်မူပါ။
အိုး... အလ္လာဟ်.....လူသားမျိုးဟာ အမှားနဲ့မကင်းပါမကောင်းမှုများစွာ ဆည်းပူးငြားလည်းအသျှင်သခင် ခွင့်လွှတ်မြဲကျအသျှင့်အနှိုင်းမဲ့ ကရုဏာနဲ့ကမ္ဘာသူ ကမ္ဘာသားအားကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှကင်းလွှတ်တော်မူပါ။
အိုး... အလ္လာဟ်.....မုဆိုးမိုက်လို ရိုင်းကားနေတဲ့သည်ပိုးရိုင်းရဲ့တိုက်စားမှုကို ခါးခါးသီးသီး ခံနေရသူများရဲ့အသက်မြတ်များအား ပြန်ရှင်သန်ခွင့်ပေးသနားတော်မူပါ။မကူးစက် မဖြစ်ပွားသေးတဲ့ကျန်တတွေအားလည်းကိုရိုနာရိုင်းနှင့် မကြုံရပါစေနဲ့လို့ ဆုမွန်ကောင်းတောင်းဆိုပါ၏။
(11-05-2020)Editorial Team
ပြုံးစမ်းပါ..မိရို ( ၂ )
ရေးဖွဲ့သူ- ရိုမရုန်(န)
ညည်းစိုက်တဲ့ ဒီလယ်မြေပေါ်
သူတို့တွေ မတရားကျူးကျော်
ကောက်ပဲသီးနှံတွေ သိမ်းကာသွားတယ်
မျက်နှာပြောင်တဲ့ သူတို့တွေ
လူကိုတော့ မုန်းပါလို့
သူ့လုပ်အားကို မက်ကာမောကြတယ်
ပြုံးစမ်းပါမိရို။
ညည်းအိမ်လောင် ပြာပုံအလိမ်းလိမ်းထဲ
ကျန်ရစ်နေ အိမ်ငုတ်တိုင်ကို
သူတို့တွေ အစဖျောက်လို့
မြေညှိကာ လွင်ပြင်ဖြစ်အောင်လို့
ဖျောက်ဖျက်ကြတယ် သက်သေတွေ
ပြုံးစမ်းပါမိရို။
ပြေးလွှားရင်း လမ်းဆုံးရောက်လို့
ကမ်းစပ်နံဘေး ခြေပစ်ထိုင်ကာ
လှမ်းမမြင်နိုင် ဟိုဘက်ကမ်းကို
ဘယ်လိုများ ရောက်အောင်သွားရမယ်
အတွေးပင်လယ်ဝေတယ် ဒီခေါင်းမယ်
ပြုံးစမ်းပါမိရို။
အသက်လုပြေး လက်ဗလာနဲ့
ယူမလာနိုင် ပိုင်ဆိုင်မှုတစ်စရယ်မှ
ရင်နှစ်သည်းချာကို မြဲမြံအောင်ဆုပ်ကိုင်လို့
တစ်ဘဝစာလုံး ဖုံးကာအုပ်ခဲ့တဲ့
အရှက်သိက္ခာ ဂရုမစိုက်နိုင်ဘူး
ထမိန်ကို ခပ်တိုတိုဝတ်ကာ
လှမ်းခဲ့ရတဲ့ ဒီခြေလှမ်း
ပြုံးစမ်းပါမိရို။
Sn-May,E-06
(6-5-2020)
Editorial Team
#StayAtHomeStaySafe ...
ကောင်းမှုပြုပါ ရမ်ဇာန်မှာ
ရေးဖွဲ့သူ- မောင်လတ်
ကောင်းမှုပြုပါ မြတ်ရမ်ဇာန်မှာ
ဖန်ဆင်းရှင်၏ မိန့်တော်ပါ
ကျင့်စာရိတ္တ ပြုပြင်ကာ
ဥပုဒ်သီလ ဆောက်တည်ကြ။
ကျမ်းမြတ်ကုရ်အာန် ရွတ်ဖတ်ကာ
သရားဝိဟ်ပါ ကြိုးဖတ်ပါ။
ဆင်းရဲသူအား ကူညီဖို့ရာ
မိုမင်န်အပေါင်း တာဝန်ပါ။
မိဘမဲ့အား စောင့်ရှောက်ကာ
ကောင်းမှုကုသိုလ် ပြုကျင့်ရာ
နမာဇ်ရိုဇာ လက်မလွတ်ရပါ။
ဇကာသ်ကိုလည်း မြဲပင့်ပေးကာ
ထူးကဲလှသော ဒါနတရား
ဆွေမျိုးညာတိ ဆင်းရဲသားအား ...
မောင်စစ်သည်
ရေးဖွဲ့သူ- ဃာဇီ
လှပသာယာ ရွှေပြည်သာ၊
ရဲရင့်လူသား မွေးထုတ်ထား
သစ္စာလည်းရှိ အမျိုးပေါ်၊
တာဝန်လည်းသိ တိုင်းပြည်၏
ဖွံ့ ဖွံ့ထွားထွား ကိုယ်ခန္ဓာ၊
လုံ့လကလည်း ကျားပမာ၊
ခွန်အားဗလ ဆင်ပြောင်ပါ့။
အမျိုးနာလျှင် သူမခံ
ရရာနည်းနှင့် ဖေးကူမှန်
လိုရာအကူ တောင်းခံလျှင်
သွေးချွေးစွန့်၍ ဆောင်တတ်၏။
အမျိုးဂုဏ်ကို မြင့်တင်ဖို့
ဇွဲလုံ့လနှင့် ရှေ့ချီတက်၏။
သာသနာကို ဘေးဖယ်မထား
ကိုယ့်ပါစိတ်ပါ ယုံကြည်ထား
အလ္လာဟ်အမိန့်တော်ဟူသမျှ
ချိန်မီနည်းမှန် ကျေပွန်၏။
သာသနာ့ရောင် မမည်းအောင်
နေရာတကာ အားထုတ်၏။
မွေးသမိခင် မြတ်ဖခင်
ကျွေးမွေးပြုစု ဦးထိပ်ထား
မိဘမိန့်ရာ ခွန်းတော်သာ
အစဉ်ထာဝရ ပထမ
ညီငယ်မောင်အား ချစ်ခင်ရာ
မိဘကဲ့သို့ စောင့်ရှောက်၏။
စီးပွားရေးမှာ ကိုယ့်စွမ်းအား
မသာမာမှုကို မြဲရှုတ်ချ
ရောင်းဝယ်၊ ...