အတ္တထဲ သာယာနေသူ
ရေးဖွဲ့သူ- Aejas Ruhol Amin (တောင်ပြို)
ဆရာ . . . ဆရာ
လူသူရှေ့မှာ ဆရာလုပ်ချင်
ကိစ္စတိုင်းမှာ ဆရာဖြစ်ချင်
ဆရာလို့ အခေါ် ခံရလျှင်ပင်
ဝင့်ကြွား မာန်တက်နေတတ်၏။
ငါတကယ်ဆရာ ပီသရဲ့လား
ဆရာ့ဝတ်ငါးဖြာ ကျင့်ပါရဲ့လား
ဆရာ့တာဝန် ကျေပွန်ဝံ့လား
စဉ်းစားရုံနဲ့ ရှက်မိသွား။
အာစရိယ ဂုဏ်အင်္ဂါဟာ
လွန်စွာ မြင့်မြတ်လှပါတကား
အတ္တတွေကြား သာယာနေသည်ကို
ပြန်တွေးမိရင် အရှက်ပွား။
အော်. . . ဆရာဆိုတာ
အဘိဓါန်ထဲက ဖွင့်ဆိုချက်ကား
'ထာဝရ ကျောင်းသား' တစ်ဦးတဲ့။
ဒါဆို ကိုယ်လည်း သင်ယူဆဲသူပါ့ပဲ။
(၁၇-၀၅-၂၀၂၀)
အယ်ဒီတာအဖွဲ့
The Art Garden Rohingya
Posts tagged "Aejas_Rohul_Amin"
May 2020
Aug 2019
၂၅ သြဂုတ် ရင်မှာကုပ် | ရေးဖွဲ့သူ။ ။ Aejas Ruhul Amin (တောင်ပြို)
လူ့ဘုံခန်းဝါ လူ့လောကဝယ် ဗမာစစ်သား နယ်မြေရှင်းလင်း ခေါင်းစဉ်တပ်၍ ငယ်အိုမခြား လူသားအမြစ် မျိုးတုန်းအဖြစ် သတ်ဖြတ်ခဲ့သည့် နေ့အမှောင်ကို ရင်နာနာနှင့် ချိတ်ဆွဲထား၏။
ဒဏ်ရာဒဏ်ချက် ထောင်သောင်းချီလျက် လျှောက်ရာလမ်းက ဝန်လေးမိ၍ ယိမ်းယိုင်ရှာသည့် ငါရိုဟင်းသား ၂၅သြဂုတ် လူသေအထုပ် ပင်လယ်ယံမှာ ပေါလောပေါ်၍ မျောနေသည်ကို ငါမြင်မိ၍ ...
May 2019
ရိုဟင်ဂျာတို့အဖြစ်
ရေးဖွဲ့သူ - Aejas Rohul Amin
လူမျိုးဘာသာ ခွဲခြားခံရလည်း ငြိမ်နေရတဲ့ ရိုဟင်ဂျာ။
အမှောင်ထုထဲ လှောင်ပိတ်ခံရလည်း ဝပ်နေရတဲ့ ရိုဟင်ဂျာ။
လယ်ယာမြေကျယ် သိမ်းပိုက်ခံရလည်း နှုတ်ဆိတ်နေရတဲ့ ရိုဟင်ဂျာ။
စည်းစိမ်ဥစ္စာ လုယက်ခံရလည်း ခေါင်းငုံ့နေရတဲ့ ရိုဟင်ဂျာ။
ကိုယ့်အိမ်နန်းတော် မီးရှို့ခံရလည်း သည်းခံရတဲ့ ရိုဟင်ဂျာ။
ကြီးငယ်မရွေး သတ်ဖြတ်ခံရလည်း ခုခံခွင့်မရတဲ့ ရိုဟင်ဂျာ။
မွေးရပ်မြေမှ မောင်းထုတ်ခံလည်း စွန့်ခွာရတဲ့ ရိုဟင်ဂျာ။ ...