Posts tagged "ဃာဇီ"

May 2020

မောင်စစ်သည် ရေးဖွဲ့သူ- ဃာဇီ လှပသာယာ ရွှေပြည်သာ၊ ရဲရင့်လူသား မွေးထုတ်ထား သစ္စာလည်းရှိ အမျိုးပေါ်၊ တာဝန်လည်းသိ တိုင်းပြည်၏ ဖွံ့ ဖွံ့ထွားထွား ကိုယ်ခန္ဓာ၊ လုံ့လကလည်း ကျားပမာ၊ ခွန်အားဗလ ဆင်ပြောင်ပါ့။ အမျိုးနာလျှင် သူမခံ ရရာနည်းနှင့် ဖေးကူမှန် လိုရာအကူ တောင်းခံလျှင် သွေးချွေးစွန့်၍ ဆောင်တတ်၏။ အမျိုးဂုဏ်ကို မြင့်တင်ဖို့ ဇွဲလုံ့လနှင့် ရှေ့ချီတက်၏။ သာသနာကို ဘေးဖယ်မထား ကိုယ့်ပါစိတ်ပါ ယုံကြည်ထား အလ္လာဟ်အမိန့်တော်ဟူသမျှ ချိန်မီနည်းမှန် ကျေပွန်၏။ သာသနာ့ရောင် မမည်းအောင် နေရာတကာ အားထုတ်၏။ မွေးသမိခင် မြတ်ဖခင် ကျွေးမွေးပြုစု ဦးထိပ်ထား မိဘမိန့်ရာ ခွန်းတော်သာ အစဉ်ထာဝရ ပထမ ညီငယ်မောင်အား ချစ်ခင်ရာ မိဘကဲ့သို့ စောင့်ရှောက်၏။ စီးပွားရေးမှာ ကိုယ့်စွမ်းအား မသာမာမှုကို မြဲရှုတ်ချ ရောင်းဝယ်၊ ...