ရိုဟင်ဂျာ ဆိုရိုးစကားပုံ (၃)
“Cuornír Háñt só, Baiggánír Ek só.”
အင်္ဂလိပ်ဘာသာပြန်
One pup of a tigress is better than seven piglets of a sow.
မြန်မာဘာသာပြန်
“ကျားပေါက်တစ်ကောင်သည် ဝက်ပေါက် ခုနှစ်ကောင်ထက် မြတ်သည်။”

– ဆိုလိုရင်းနှင့် နောက်ခံ
ဤ ဆိုရိုးစကားသည် အလွန်ပင် ရှေးကျသော ရိုဟင်ဂျာ့ စကားတစ်ခုဖြစ်သည်။ မည်သည့်အချိန်က စတင်ပြောဆိုလာခဲ့သည်ကို ဖော်ပြရန် ခဲယဉ်းလှပါသည်။ တစ်မိုးအောက်က တစ်ယောက်ဖွား မြန်မာဆိုရိုးအတိုင်း သားကောင်း၊ သမီးကောင်း ရတနာ တစ်ပါးသာ ထွန်းကားနိုင်စေကာမူ၊ တခြားသူ၏ သာမန်ကာလျှံ သား၊ သမီး ခုနှစ်ဦးထက်ပင် မြတ်သည်။ (တစ်နည်း) ရှေးခေတ်တွင် မျိုးကောင်းမျိုးရဲဟူ၍ ဂုဏ်ယူတတ်သည့် ထုံးစံရှိခဲ့သည်။ ရဲမျိုးသမီး၊ ရဲမျိုးသား သည် ဘုန်းရှင်ဂုဏ်ရှင်ဟု ယူဆတတ်ကြသည်။ ရဲရင့်သော မျိုးနွယ်မှ သားကောင်း၊ သမီးကောင်း တစ်ပါးသာ မှန်ပါစေ၊ မျိုးညံ့မျိုးယုတ်၏ သားခုနှစ်ဦးထက်တောင် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကို သယ်ပိုးနိုင်သည် ဟု ဇာတိမျိုးရိုးမာန် တက်ကြွလှုံ့ဆော်ပေးသော ဆိုရိုးစကားပင်ဖြစ်သည်။ ရှေးလူကြီးတို့၏ အဆိုအရ ဤဆိုရိုးစကားသည် ရိုဟင်ဂျာအမျိုးသားကို တိုက်ရိုက်ညွှန်းဆိုသည်ဟု ဆိုကြသည်။ Baggiánír só (ကျားမ၏ သား၊ သမီး) မှာ ရိုဟင်ဂျာကို ရည်ညွှန်းခြင်းဖြစ်သည်။ ရှေးခေတ် ရိုဟင်ဂျာတို့သည် ဘုရင့် သက်တော်စောင့် ကာကွယ်ရေးတပ်တွင် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်ကို ရန်အဘက်ဘက်မှ သက်စွန့်ကြိုးပမ်း ကာကွယ်ပေးကြသည်မှာ သမိုင်းတွင် အတိအလင်း တွေ့ရှိရပါသည်။ ဘုရင်၏ အားကိုးအားထား ယုံကြည်ခြင်းကိုလည်း တစုတပုံ ခံခဲ့ရသည်။ ဤသည်မှာ အခြားမဟုတ် ရဲရင့်စွန့်စားခြင်း၊ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာရှိခြင်းဟူသော မျိုးကောင်းအင်္ဂါရပ်ကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ရိုဟင်ဂျာတို့သည် မိမိကိုယ့်ကို ဂုဏ်ယူ၍ ဤဆိုရိုးကို ပုံခိုင်းနှိုင်း ပြောဆိုလာခဲ့သည်ဟု ဆိုကြသည်။
(လူထုဝဏ္ဏ)
9-5-2019
TheArtGardenRohingya