(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
မျှော်လင့်ရာရာ ရို့ဘဝ
ရေးဖွဲ့သူ- ညီတင်လှ (မျိုးစိတ်)
မိဘကဝေး၊ သားသမီးကွဲ
ရပ်ရွာလဲဝေး၊ အဖော်ခွဲ
ဒုက္ခစုံလဲ၊ မျှော်ခြင်းနဲ့သာ
ရှေ့ဆက်လာတဲ့ ရို့ဘဝ၊၊
စဉ်းစားမရဲ၊ ဒဏ်ကြေးများနှင့်
မျက်ရည်ကျလို့ ၊ လွမ်းပူစွာဖြင့်
စိတ်ပြင်းနာ၍ ၊ သေလုဆဲဆဲ
ဖြတ်သန်းလာတဲ့ ရိုခရီး၊၊
ဪ…ရိုအမျိုးသား၊ ဒုက္ခသားကောင်
ကံမှောင်မဆုံး၊ ညှင်းပန်းမကုန်
ရက်စက်ကွင်းမှ၊ ပြေးသွားချင်လဲ၊
လောကဓံမြိန်ချင်၊ အကောင်းကိုမျှော်
ရှေ့ဆက်နေတဲ့၊ ရို့ ဘဝ၊၊
ကံဆိုးမှားပျောက်၊ ကံကောင်းထောက်၍
ဆွေမျိုးမိဘ၊ သားသမီးများနှင့်
တစ်နေ့နေ့ ၊ ဆုံတွေ့မည်ဟု
စောင့်မျှော်လင့်ကာ ၊ သောကပစ်ထား
ရှေ့ဆက်နေ့တဲ့ ရို့ ဘဝ၊၊
(22-5-2019)
The Art Garden Rohingya