အတိတ်က ကြောက်မက်ဖွယ်ရာ သောကြာနေ့
ရေးသား- Zendaya Win
မနက် ၇ နာရီ ... ဇင်ဇင်က (၇တန်း) ပုံမှန်သွားနေကျအတိုင်းပဲ ကျူရှင်သွားတက်နေပါတော့တယ်။ အဲဒီနေ့က ၂၀၁၂ ခု ဇူလိုင်လ ၇ ရက် သောကြာနေ့ပေါ့။ ကျူရှင်(ညကျောင်း)မှာ
ဆရာဆရာမတွေရော့ ရခိုင်ကျောင်းသားတွေရော့ ဇင်ဇင်ကို ဖဲရှောင် နေတာ သတိထားမိလိုက်တယ်။ နောက်တီးနောက်တောက် ပြုတတ်တဲ့ အတန်းဖော်အတန်းဖက် ရခိုင်သူငယ်ချင်းတွေလဲ အချင်းချင်း တီးတီးတိုးတိုးနဲ့။ စာသင်ရတာတောင် အားမရ ဖြစ်နေတော့တယ်။ ...