
အ
- @
မွေးစတည်းက တို့ နိုင်ငံထဲ
ရိုးသားစွာဖြင့် အတူနေခဲ့
ကျေးလက်၊မြို့သား မခွဲခြား
နှစ်ပေါင်းအကြာ နေလာခဲ့ကြ။
ဘာသာမတူ မျိုးမတူ၊
ရင်းချာဆွေလို လူမျိုးစုံ၊
ဘာသာပေါင်းစုံ ငြိမ်းချမ်းချမ်း
ကွဲလွဲမှုမဲ့ နေထိုင်ခဲ့
ရန်ငြိုးရန်ညွှန့် မရှိခဲ့၍
ပျော်ပျော်ပါးပါး ပြည်သာယာ။
တစ်ရွာတည်းနေ တစ်ရေပဲသောက်
တစ်ဦးပေါ်တဦး ယုံကြည်မှုနဲ့ ၊
ညီကိုမောင်နှမ အရင်းလို
သံယောစဉ်ရှိရှိ၊ ခင်မင်စွာပေါ့လေ။
ချမ်းသာဆင်းရဲ အဖြူအမည်း
မခွဲမခြား ချစ်ချစ်ခင်ခင်
ပြည်ခွင်တဝန်း ငြိမ်းချမ်းသံ။
တို့ မိခင်ပြည်ထဲ
လယ်ကွင်းလယ်မြေ မြစ်ကန်ရေ
တောကုန်းတောင်တန်း စိမ်းလန်းခဲ့၊
တို့များပိုင်တဲ့ ရတနာမြေ။
ယခုချိန်ခါ နားလည်လွဲကာ
ယုံကြည်မှုမဲ့ ချစ်ကြိုးဖြေ
လူယုတ်မျိုးရဲ့ ပယောဂကြောင့်
ပြည်ပပြည်တွင်း ကျွန်ဘဝလို
ဒုက္ခသည်လို ခိုလှုံနေရ
အတိတ်ပုံရိပ် တမ်းတလျက်။
_ _ _ _ _ _ ****************_ _ _ _ _ _
Sn.Jan,B-27
(၂၉-၀၁-၂၀၂၀)
The Art Garden Rohingya