The Blog

နှစ်ကူးချိန်ခါ ပျော်စရာလား

ရေးဖွဲ့သူ- လူထုဝဏ္ဏ

ပြက္ခဒိန် စာရွက်
သစ်ရွက်ကြွေသလို
ရွက်အိုစွန့်၍
နှစ်ညွန့်ချီလို့
သည်ခါသမယ
ပျော်စရာဟု
ကြွေးကြော်နေစဉ်
ငါကားတုန်လှုပ်ပြီတကား။

ဓမ္မတာလောက
ဘဝကြိုးတာ
တိုတောင်းလာတဲ့
နှစ်ကူးချိန်ခါ
တွေးတော့ဧကန်
မျက်ရည်စမ်းစမ်း
စဲခွင့်မဖန်
ငါ့ခရီးလည်းနီးလာပြီလား။

(4-1-2020) 
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website