[Unicode]
အတ္တကို အရှုံးပေးနေသူများ
ရေးဖွဲ့သူ- ကျော်သူရ(ရှင်ပက္ခိ)
ပွင့်လင်းခေတ်ပေမယ့်လဲ သူတို့ခများ
လူစဉ်နဲ့ ဝေးလှပြီးဝေးလှဆဲ
ဘဝင်ကြီးထား သတ်ခြင်းဖြင့်မြူးလို့
ရောင်စုံကမ္ဘာကို နားမလည်တဲ့
အို…အတ္တကို အရှုံးပေးနေသူများ။
အပြစ်ကင်းစင် ကလေးတစ်မည်
စွမ်းဆောင်ချို့တဲ့ ဇရာအိုမကျန်
ရက်စက်ကြမ်းကြုတ် သုတ်သင်ကြံ
သိုက်ဖျက်သိန်းချီ မုန်တိုင်းကြမ်းပမာ
အို…အတ္တကို အရှုံးပေးနေသူများ။
နုပျိုလန်းဆန်း ပန်းဖူးထောင်ချီ
ပွင့်ပြီးသီးဆွဲ အခိုင်သောင်းချီ
ကောက်မရအောင် ကြေမွဖျက်ဆီး
တဏှာရူးပြီး မွေ့လျော်တတ်တဲ့
အို…အတ္တကို အရှုံးပေးနေသူများ။
ပညာမြစ်နှုတ် နေလှန်းခြောက်စေ
အမိုးမလုံ အကာမခြုံ ထောင်နဲ့တူတဲ့
ဟိုတစ်နေရာမှာ ထောင်းဖိသတ်နေ
လူစိတ်မရှိပဲ လူမျိုးကြီးဝါဒရှင်တွေ
အို…အတ္တကို အရှုံးပေးနေသူများ။
ဟိုတစ်တွေထက်ညံ့တဲ့ မင်းတို့စိတ်နေ
ယနေ့ထက်ထိ သူ့အခွင့်အရေးဖျက်ကာ
ဒန်းစီးလေညင်းခံနေတာ မင်းတို့လေ
လူဖြစ်ကျိုးမနပ်ပဲ ဘဝသာပြောင်းနိုင်
အို….အတ္တကို အရှုံးပေးနေသူများ။
[Zawgyi]
အတၱကို အရွုံးေပးေနသူမ်ား
ေရးဖြဲ႕သူ- ေက်ာ္သူရ(ရွင္ပကၡိ)
ပြင့္လင္းေခတ္ေပမယ့္လဲ သူတို႔ခမ်ား
လူစဥ္နဲ႔ ေဝးလွၿပီးေဝးလွဆဲ
ဘဝင္ႀကီးထား သတ္ျခင္းျဖင့္ျမဴးလို့
ေရာင္စုံကမၻာကို နားမလည္တဲ့
အို…အတၱကို အရွုံးေပးေနသူမ်ား။
အျပစ္ကင္းစင္ ကေလးတစ္မည္
စြမ္းေဆာင္ခ်ိဳ႕တဲ့ ဇရာအိုမက်န္
ရက္စက္ၾကမ္းၾကဳတ္ သုတ္သင္ႀကံ
သိုက္ဖ်က္သိန္းခ်ီ မုန္တိုင္းၾကမ္းပမာ
အို…အတၱကို အရွုံးေပးေနသူမ်ား။
ႏုပ်ိဳလန္းဆန္း ပန္းဖူးေထာင္ခ်ီ
ပြင့္ၿပီးသီးဆြဲ အခိုင္ေသာင္းခ်ီ
ေကာက္မရေအာင္ ေၾကမြဖ်က္ဆီး
တဏွာ႐ူးၿပီး ေမြ႕ေလ်ာ္တတ္တဲ့
အို…အတၱကို အရွုံးေပးေနသူမ်ား။
ပညာျမစ္ႏွုတ္ ေနလွန္းေျခာက္ေစ
အမိုးမလုံ အကာမျခဳံ ေထာင္နဲ႔တူတဲ့
ဟိုတစ္ေနရာမွာ ေထာင္းဖိသတ္ေန
လူစိတ္မရွိပဲ လူမ်ိဳးႀကီးဝါဒရွင္ေတြ
အို…အတၱကို အရွုံးေပးေနသူမ်ား။
ဟိုတစ္ေတြထက္ညံ့တဲ့ မင္းတို့စိတ္ေန
ယေန႔ထက္ထိ သူ႔အခြင့္အေရးဖ်က္ကာ
ဒန္းစီးေလညင္းခံေနတာ မင္းတို့ေလ
လူျဖစ္က်ိဳးမနပ္ပဲ ဘဝသာေျပာင္းနိုင္
အို….အတၱကို အရွုံးေပးေနသူမ်ား။
16-09-2020 Editorial Team The Art Garden Rohingya