ဤခရီး နီးလွန်း၏
ရေးဖွဲ့သူ- မေယုတာရာ
လူ့လောကကြီးထဲ ငိုစပြုရင်းဝင်လာခဲ့
မွေးကင်းစမှ ၅ နှစ်ထိ ကလေးဘဝမှာ
မိဘရင်ခွင်ထဲ ပျော်ပျော်လေးပဲကွယ်
စိုးရိမ်သောက အလျဉ်းမရှိ၊ လောကကြီးက ငါနဲ့တစိမ်း
မိဘထက်ပိုချစ်သူဟူ၍ နတ္ထိပါပဲ။
တစ်ခါ ၁၅ နှစ်အရွယ်ထိ လူကလေးဘဝ
ပူပန်စရာတွေ မတွေးတတ် ကခုန်ကစား စာဖတ် အိပ်ပျော်
မိဘအပြင် ချစ်တတ်သူတိုးလာပြီ ဆရာ၊ဆရာမများ
လောကကြီးက ချစ်စရာကြီးပါလား။
တစ်ဖန် ၂၅ နှစ်ထိ လူငယ်ဘဝ
၁၀ တန်းကျော်ဘွဲ့လဲရလာ လေ့လာလိုစိတ် အရာရာ
ဘဝနောင်ရေး စဉ်းစားတတ်ရင်းလေ
စွန့်စားတတ်သိလိုစိတ် ပြင်းပြတဲ့အရွယ်လေး။
သက်တော် ငါးဆယ်ထိ လူကြီးဘဝ
အိမ်ထောင်ဦးစီး ရင်သွေးတွေနှင့် စီးပွားရေးပါ ...
“အခ်စ္ဒ႑ာရီ”
ရေးဖွဲ့သူ- Mohammad Erfun Amin
အချစ်သည်
ဖြောင့်မှန်လျှင် မွှေးကြိုင်တယ်
အချစ်သည်
ဟန်ဆောင်လျှင် မှိုစော်နံတယ်
အချစ်သည်
အတ္တဆန်လျှင် ခေတ္တခံတယ်
အချစ်သည်
သစ္စာကင်းလျှင် ဖောက်ပြန်တယ်
အချစ်သည်
ငွေနဲ့နွယ်လျှင် အောက်သို့ဆင်းတယ်
အချစ်သည်
မိဘနဲ့နွယ်လျှင် နိဗ္ဗာန်ရောက်တယ်
အချစ်သည်
အန္တိမ မှန်လျှင် တာရှည်ခံတယ်
(15-06-2020)
#TheArtGardenRohingya