(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
လမ်းမှန်
ရေးဖွဲ့သူ- RY Mg Mg Khin
ကောင်းတာ လုပ်ပါ
မကောင်းတာ ရှောင်
စာနာစိတ်နဲ့ သည်းခံစိတ်
ကိုယ်နဲ့မကွာ ထားပါလျက်
တိုတောင်းဘဝ ရှင်သန်လိုက်ပါ။
ပစ္စည်း ဥစ္စာ ပဓာနာမထား
လူသားချင်း တန်ဖိုးထား
လောကကြီးမှာ လောဘကင်း၍
အရာရာကို ဆင်ဆင်ခြင်ခြင်
ကျော်လွားကြပါ။
သခင်မြတ်အပေါ် စိတ်ချယုံကြည်
သစ္စာသမာဓိ ဘေးယှဉ်လျက်
ကြုံဘေးဒုက္ခ ရဲရဲစွမ်းစွမ်း
ကျော်ဖြတ်လိုက်မှ
လောကလမ်းမှန်လျှောက်သတည်း။
(21-5-2020) Editorial Team The Art Garden Rohingya