The Art Garden Rohingya Intervie
“ရူကီယာ ဘင် ဝလီအုလ္လာ” ဆိုသူ ကဗျာဆရာမ ရိုမရုန်းနှင့် The Art Garden Rohingya အင်တာဗျူး
၂၀၂၀ ပြည့်နှစ်၊ ဖေ ဖေါ်ဝါရီလ(၇)ရက်
The Art Garden Rohingya သည် လူမှုအခြေပြု စာပေအနုပညာ website ဖြစ်ပါသည်။ ကျွန်ုပ်တို့ The Art Garden Rohingya သည် ရိုဟင်ဂျာတို့၏ စာပေ၊ အနုပညာ၊ ရိုရားဓလေ့များကို ဖော်ဆောင်ပေးချင်သည့် စာပေအနုပညာချစ်မြတ်နိုးသော ရိုဟင်ဂျာလူငယ် ကဗျာဆရာများကို အားပေးအားမြှောက်ပြုလျှက်ရှိပါသည်။ ရိုဟင်ဂျာလူငယ် ကဗျာဆရာများ ကဗျာစာပေကို ရွေးချယ်ရကြောင်း၏ အကြောင်းကို သိရှိနိုင်ခြင်းငှါ ကဗျာဆရာများနှင့် မေးမြန်းမှုပြုလုပ်သည့် အင်တာဗျူးကဏ္ဍကို တင်ဆက်လိုက်ပါသည်။
အင်တာဗျူးထဲက ထင်မြင်ယူဆချက်၊ ခံယူချက် စသည်တို့သည် ကဗျာဆရာတို့၏ အာဘော်သာဖြစ်ပြီး၊ the Art Garden Rohingya ၏ အာဘော်မဟုတ်ကြောင်း အလေးအနက် သိစေအပ်ပါသည်။
AG: ဆရာမရဲ့ ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါ။
RM: ကျမအမည် ရိုကိုင်ယ်ယာဟ် လို့ခေါ်ပါတယ်။ ကျမကိုအ ဖေ ဦးဝလီအုလ္လာဟ်နဲ့အ မေ ဒေါ် ဆော်ဖူရာတို့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ နာဇီရွာမှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် ကျမတို့ရဲ့ ဇာတိက ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မငါးခူရဖြစ် ပါတယ်။
AG: မြန်မာနိုင်ငံမှာရှိတုန်း ကလေးဘဝက အကောင်းဆုံး အမှတ်တရ တစ်ခုလောက် ပြောပြပါလား။
RM:ကျမလက်ရှိ မြန်မာနိုင်ငံမှာဘဲ နေထိုင်ပါတယ်။ က လေးဘဝအမှတ်တရက တော့ ကျောင်းတက်ခဲ့ရတဲ့ အချိန်တွေ ပါဘဲ။ အဲ့ဒီအချိန်က အားလုံးဖြူစင်ပြီး ခွဲခြားမှုဆိုတာ ဘာမှမရှိခဲ့တော့ တစ်ကယ့်ကို အဲဒီအချိန်ကို အမှတ်တရအနေနဲ့ သတိရပါတယ်။
AG: ဆရာမရဲ့ ပညာရေး နောက်ခံ အကြောင်းလေး ပြောပြပါဦး။
RM:ကျမရဲ့ ပညာရေးနောက်ခံကတော့ ကျမဘွဲ့ရ တစ်ယောက်ပါ။ ဓာတုဗေဒအထူးပြုနဲ့ ဘွဲ့ရခဲ့ပါတယ်။
AG : ဘယ်အရာက ခင်ဗျားကို ကဗျာရေးဖွဲ့ဖို့ လှုံ့ဆော်ခဲ့တာလဲ။ ကဗျာတွေ ရေးဖြစ်တဲ့ အကြောင်းလေးပေါ့။ အဲ့ဒါလေး ပြောပြပါ။
RM:ကျမ စာဖတ်ရတာ အင်မတန်ကြိုက်နှစ်သက်ပါတယ်။ ကဗျာကတော့ ကျမ စိတ်ထဲ တစ်ခုခုခံစားရတဲ့အခါမျိုးမှ ရေးဖြစ်တာပါ။
AG: ဆရာမရဲ့ အနှစ်သက်ဆုံး ကဗျာဆရာ သို့မဟုတ် စာရေးဆရာက ဘယ်သူဖြစ်မလဲ။ ဘာကြောင့် သူ့ကို သဘောကျ နှစ်သက်တာလဲ။
RM:ကျမ စာရေးဆရာ၊ ကဗျာဆရာအားလုံးကိုနှစ်သက်ပါတယ်။ အထူးသဖြင့် စာရေးဆရာ အကြည်တော်ကို နှစ်သက်ပါတယ်။ သူ့ကိုနှစ်သက်ရခြင်း အကြောင်းအရင်းကတော့ သူ့ရဲ့စာတွေဟာ စာဖတ်သူကို ရယ်မောခြင်းဖြင့် အပန်းပြေယုံမကဘဲ ရသမျိုးစုံပေး စွမ်းနိုင်လို့ပါ။
AG: The Art Garden Rohingya Page မှာ ခင်ဗျားရဲ့ ကဗျာ ဘယ်နှစ်ပုဒ် ရွေးချယ်ဖော်ပြခံရပြီလဲ။
RM:၄ ပုဒ်ပါ။
AG: ပထမဆုံး ရွေးချယ်ဖော်ပြခံရတဲ့ ကဗျာကရော ဘယ်ကဗျာပါလဲ။ အဲ့လို ရွေးချယ်ဖော်ပြခံရတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။ ခံစားချက်လေး မျှဝေပါ။
RM:ကျမရဲ့ ပထမဆုံးကဗျာက Rohingya blogger မှာ ဖော်ပြခဲ့တာပါ။ အဲ့ဒီအချိန်မှာ ကျမ ပျော်ချင်ပေမယ့် အပြည့်အဝ မပျော်ခဲ့ရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ရဲ့ လူမျိုးတွေအဲဒီအချိန်မှာ ဒုက္ခပင်လယ်ဝိုင်း နေတဲ့အချိန်ဖြစ်လို့ပါ။ ဒီပေ့ဂ်ျမှာတော့ ကျမရဲ့ ပထမဆုံး ကဗျာက”ကမ်းပျောက် ဘဝ” ပါ ။
AG: ဘဝမှာ ဘာဖြစ်ချင်ပါလဲ။ ဆိုလိုချင်တာက ဘဝ ရည်မှန်းချက်က ဘာလဲပေါ့။
RM:ကျမဘဝရည်မှန်းချက်က ကိုယ့်လူမျိုးတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကိုယ်တတ်တဲ့ အရာတွေနဲ့ တတ်နိုင်သလောက် ကူညီချင်ပါတယ်။ အခွင့်အရေး ရခဲ့ရင်ပေါ့။
AG: ဘဝရဲ့ စံပြပုဂ္ဂိုလ် (ဟီရိုး) က ဘယ်သူပါလဲ။
RM:ကျမရဲ့ မိခင်ပါ။
AG: ရိုဟင်ဂျာလူငယ်မျိုးဆက်တွေအတွက် သတင်းစကားလေး ဘာများ ပါးချင်ပါလဲ။
RM: မျှော်လင့်ချက် မစွန့်လွှတ်ဖို့နဲ့ ဘယ်နေရာ ဘယ်ကိုရောက်ရောက် ကြိုးစားပါလို့ ပြောချင်ပါတယ်။
AG: ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ရော ပါးချင်တဲ့ သတင်းစကားလေးက ဘာများဖြစ်ပါမလဲ။
RM:စည်းလုံး ညီညွတ်ကြပါလို့ ပြောချင်ပါတယ်။
AG: အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် The Art Garden Rohingya မှ ကျေးဇူးတင်ပါတယ်။
RM:ကျမကလည်း ကျေးဇူးတင်ပါတယ်။
Editorial Team The Art Garden Rohingya