မယုမြိုင်
ရေးဖွဲ့သူ- လူထုဝဏ္ဏ
(၁)
ဟိမဝန္တာ့၊ တောင်ဆွယ်ချာ
ညွှန့်ဖြာကြော့တည်၊ တောင်မြောက်သွယ်
ပင်လယ်အော်ကမ်း၊ ရေသောက်အံ့
ကြွဖြန့်လာခဲ့၊ ဇွဲမာန်စွဲ
အထွတ်ဖြိုင်ဖြိုင် မယုမြိုင်။
(၂)
ဥယျာဉ်သဖွယ် ပန်းစုံလည်
စံပယ်၊ ဇီဇဝါ၊ ထပ်တရာ
ကလျာသဇင်၊ ချုံခိုဆင်
သရဖီပျို၊ ပန်းခွာညို
ပွင့်စိုဂနိုင်၊ တင့်မွှေးကြိုင်။
(၃)
မယူရ၊ ကာယာပူရ ချစ်နှမ
သည်စုံမြိုင်ထဲ စံပျော်သွား
ဟာနီဘားဘုရင် နန်းစိုက်တင်
မိုးထိလုမျှ တောင်ထွတ်ဖျား
ယခုထိပင် ထင်ထင်ရှား။
(၄)
ဆဒ္ဒန်စံရာ၊ တောခန်းဝါ
ဒေါင်း၊စာ၊ကျေး၊ခါ၊ ငှက်စုံစွာ
ကျက်စားမွေ့လျော်၊ တောရုံပျော်။
တောင်ကျော်လမ်းစီ ဖောဖောသီ
အလီယောင်းဒါးလား မက်ဖွယ်ရာ
ဖော်များမဆွယ် ကျော်မရဲ
တောနဲခရီး ဘေးထွေထွေ။
(၅)
ဂိမှာန်အခါ တောင်ယာခုတ်
တောအုပ်သူခေါင်း ပြောင်းငရုတ်
မြိုင်ငုတ်နားသာ တောမြေယာ
ပျဉ်းကတိုး၊ကျွန်း ဝါးရုံများ
သယံဇာတ ဝကြွယ်ဖြာ။
(၆)
တောင်ခြေတတန်း ရို-ရွာလန်း
ရိုဓလေ့များနှင့် စည်းစည်းကား
ကားချပ်ပမာ ပျို့ဆည်းဆာ
နတ်မင်းသော်က မာန်ဟုန်ထ
အံ့ထက်အံ့လှ ရှုခင်းများ။
—————********————-
စာညွှန်း-
* ဒါးလား = တောင်ကျော်လမ်း
Sn. Jan, B-25
(၂၆-၁-၂၀၂၀)
The Art Garden Rohingya
Awesome post! Keep up the great work! 🙂
Great content! Super high-quality! Keep it up! 🙂