(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
တစ္ေယာက္တည္းၿပိဳင္လည္း ဒုတိယ
ေရးဖြဲ႔သူ – Abu Saad |
ငါသာ ပထမ
ငါသာ ပထမ
ႀကံဳးဝါးရင္း ၾကံဳးဝါး။
ငါးက်ိပ္ ထဲ ၿပိဳင္ပြဲ၀င္
ပန္းဝင္ရာမွာ ေနာက္ဆံုးပင္
အဆင့္ကေတာ့ ငါးဆယ္ခ်ိတ္။
ဇြဲ၊ လံု႔လ၊ ၀ီရိယ စြဲ
သံုးေယာက္ႏွင့္သာ ဝင္ၿပိဳင္ပြဲ
တာ၀င္ေနာက္ဆံုးပါ့
တတိယျဖင့္ ေက်နပ္ရ။
ႏွစ္ေယာက္တည္းၿပိဳင္လည္း ဒုတိယ
ဘယ္ေတာ့မွ ပထမ မရ။
ဇြဲမေလ်ာ့ပဲ တစ္ေယာက္တည္းၿပိဳင္
တာဝင္ခါနီး ေက်ာက္တံုးက
ခလုတ္တိုက္ဖန္ ျဖစ္လို႔လာ။
လဲက်ရာမွ ထျပန္ေျပးရာ
ေက်ာက္တံုးက ပန္းတိုင္မွာ
ငါ့ရဲ႕အဝင္ ေစာင့္ေနရွာ။
ေက်ာက္တံုးက ပထမ
တစ္ေယာက္တည္းၿပိဳင္လည္း ဒုတိယ။
#Unicode
တစ်ယောက်တည်းပြိုင်လည်း ဒုတိယ
ရေးဖွဲ့သူ – Abu Saad
ငါသာ ပထမ ငါသာ ပထမ ကြုံးဝါးရင်း ကြုံးဝါး။
ငါးကျိပ် ထဲ ပြိုင်ပွဲဝင် ပန်းဝင်ရာမှာ နောက်ဆုံးပင် အဆင့်ကတော့ ငါးဆယ်ချိတ်။
ဇွဲ၊ လုံ့လ၊ ဝီရိယ စွဲ သုံးယောက်နှင့်သာ ဝင်ပြိုင်ပွဲ တာဝင်နောက်ဆုံးပါ့ တတိယဖြင့် ကျေနပ်ရ။
နှစ်ယောက်တည်းပြိုင်လည်း ဒုတိယ ဘယ်တော့မှ ပထမ မရ။
ဇွဲမလျော့ပဲ တစ်ယောက်တည်းပြိုင် တာဝင်ခါနီး ကျောက်တုံးက ခလုတ်တိုက်ဖန် ဖြစ်လို့လာ။
လဲကျရာမှ ထပြန်ပြေးရာ ကျောက်တုံးက ပန်းတိုင်မှာ ငါ့ရဲ့အဝင် စောင့်နေရှာ။
ကျောက်တုံးက ပထမ တစ်ယောက်တည်းပြိုင်လည်းဒုတိယ။
Sn.Oct, B-1
(2.10.2019)
The Art Garden Rohingya